Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းကို သံချပ်ကာကားနှင့် တင့်ကားအစီးရေ (၁၈ဝဝ)နီးပါး ပို့ဆောင်ခဲ့ကြောင်း နေတိုးပြော

ရောင်နီ (NP News) - ဧပြီ ၂၈

နေတိုးမဟာမိတ်များနဲ့ မိတ်ဖက်များက ယူကရိန်းနိုင်ငံကို ရုရှားအား တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက် သံချပ်ကာကား (၁၅၅ဝ) နဲ့ တင့်ကားအစီးရေ (၂၃ဝ) ထောက်ပံ့ပေးခဲ့ကြောင်း နေတိုးအကြီးအကဲ ဂျန်စ်စတိုတန်ဘက်က ကြာသပတေးနေ့ (ဧပြီလ ၂၇ ရက်)မှာ ပြောကြားခဲ့ပါတယ်။ 

          ယမန်နှစ် ဖေဖော်ဝါရီလ စစ်ပွဲစတင်ကတည်းက လက်နက်ပို့ဆောင်ရန်အတွက် ယူကရိန်းကို ကတိပြုထားတဲ့ နေတိုးက တိုက်ခိုက်ရေးယာဉ်များရဲ့ (၉၈)ရာခိုင်နှုန်းကျော် ပမာဏရှိမယ့် လက်နက်တွေကို ပို့ဆောင်ပေးခဲ့ကြောင်း စတိုတန်ဘက်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

"ကျွန်တော်တို့ဟာ လေ့ကျင့်ပြီးသား ယူကရိန်းသံချပ်ကာ တပ်မဟာ စုစုပေါင်း ကိုးခုထက်မနည်း ပို့ဆောင်ပေးခဲ့ပါတယ်၊ ဒါဟာ ယူကရိန်းကို ၄င်းရဲ့ နယ်မြေများ ဆက်လက်သိမ်းပိုက်ဖို့ ခိုင်မာတဲ့ အနေအထားကို ရောက်စေမှာပါ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ 

နေတိုးအဖွဲ့ဝင်နိုင်ငံများဟာ လေယာဉ်ဆန့်ကျင်ရေးစနစ်များနဲ့ အမြောက်လက်နက်များကို ထောက်ပံ့ပေးခဲ့ပြီး ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတို့က MiG-29 လေယာဉ်များ ပေးအပ်ခဲ့ပါတယ်။ ယူကရိန်းစစ်သား ထောင်ပေါင်းများစွာကို နေတိုးက အသုံးပြုတဲ့လက်နက်တွေနဲ့ပတ်သက်ပြီး လေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ 

စတိုတန်ဘက်က ယင်းဟာ "ယူကရိန်းအတွက် မကြုံစဖူး စစ်ရေး ထောက်ပံ့မှု" ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သလို "ရုရှားကို ကျွန်ုပ်တို့ ဘယ်တော့မှ လျှော့မတွက်သင့်ဘူး" လို့လည်း သတိပေးခဲ့ပါတယ်။ မော်စကိုဟာ မြေပြင်တပ်ဖွဲ့များ ပိုမိုစုဆောင်းပြီး အသေအပျောက်နှုန်း အလွန်မြင့်မားတဲ့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စေလွှတ်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ ယူကရိန်းမှာ ရှည်လျားသော ပဋိပက္ခနဲ့ ရင်ဆိုင်နေရချိန်မှာ နေတိုးနိုင်ငံများဟာ "လမ်းစဉ်အတိုင်း ရပ်တည်ပြီး ယူကရိန်း အောင် မြင်ရန် လိုအပ်သည်များကို ဆက်လက်ပံ့ပိုးပေးရမည်ဖြစ်တယ်"လို့ မဟာမိတ်အကြီးအကဲက ပြောကြားခဲ့ပါတယ်။ 

         ယူကရိန်းသမ္မတ ဇီလန်စကီးက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စကားပြောဆိုရန် ပထမဆုံးခေါ်ဆိုမှုကိုလည်း ကြိုဆိုခဲ့ပါတယ်။ ပေကျင်းကတော့ ယူကရိန်းပဋိပက္ခမှာ ကြားနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

zawgyi version


ရောင်နီ (NP News) - ဧပြီ ၂၈







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရေး ကြိုးပမ်းလုပ်ဆောင်မည်ဟု ဗန်းမော်ဆရာတော်ကြီးထံ တပ်ချုပ် အသိပေးလျှောက်ထား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved