Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင် နဲ့ တရုတ်နိုင်ငံတို့ပိုင်ဆိုင်တဲ့စစ်သင်္ဘောတွေထိပ်တိုက်တွေ့ဆုံလုနီးပါးဖြစ်ခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှု ပိုမိုဖြစ်လာ

ဂျန်ဇက် (NP News) - ဧပြီ ၂၈

ပိုင်နက်နယ်မြေ အငြင်းပွားလျက်ရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်သင်္ဘောများနဲ့ ထိပ်တိုက်တွေ့ဆုံလုနီးပါး အခြေအနေမျိုးများရှိခဲ့ကြောင်း၊ တရုတ်သင်္ဘောတွေဟာ အန္တရာယ်ဖြစ်စေတဲ့လှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

ဖိလစ်ပိုင် နဲ့ တရုတ်နိုင်ငံတို့ကြား ယနေ့ (ဧပြီလ ၂၈ ရက်)က ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုအခြေနေများက နှစ်နိုင်ငံကြားရေကြောင်းတင်းမာမှုများ ပိုမိုဖြစ်လာစေခဲ့ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်ကမ်းခြေ စောင့်တပ်ဖွဲ့ဟာ တောင်တရုတ်ပင်လယ်အတွင်း သီတင်းပတ်တစ်ပတ်ကြာ ကင်းလှည့်မှုများလုပ်နေချိန်အတွင်း တရုတ်သင်္ဘောနဲ့ထပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၃)ထရီလျံတန်ဖိုးရှိ ကုန်စည်များဖြတ်သန်းနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းရှိနေရာ အများစုကို ၎င်းတို့ပိုင်ဆိုင်ထားကြောင်းပြောဆိုထားပြီး နိုင်ငံအချို့နဲ့ ပိုင်နက်နယ်မြေ အငြင်းပွားနေပါတယ်။

ဖိလစ်ပိုင်အစိုးရက တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ရန်လိုတဲ့ လှုပ်ရှားမှုများကိုရပ်တန့်စေလိုကြောင်း တိုက်တွန်းတောင်းဆိုထားပါတယ်။ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ဧပြီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ တရုတ်စစ်သင်္ဘောအစီးရေပေါင်း (၁ဝဝ)ခန့် တောင်တရုတ်ပင်လယ်အတွင်းကိုဖြတ်သန်းသွားခဲ့ဖူးကြောင်း ဆိုပါတယ်။ တရုတ်စစ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သင်္ဘောနှစ်စီးနဲ့ အနီးကပ်ဆုံး နေရာနားကိုရောက်ရှိလာပြီး ဖိလစ်ပိုင်စစ်သင်္ဘောနဲ့ တရုတ်စစ်သင်္ဘောတို့ အကွာအဝေးက ပေ(၁၅ဝ)သာရှိခဲ့ကာ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားလုနီးအခြေနေမျိုးတွေရှိခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ရေမိုင် (၂ဝဝ) ရှိ အထူးစီးပွားရေးဇုန်များမှာ ကင်းလှည့်ခဲ့ကြောင်း၊ တရုတ်သင်္ဘောတွေရဲ့လုပ်ရပ်တွေက ကင်းလှည့်နေတဲ့ ဖိလစ်ပိုင်သင်္ဘောတွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းစိတ်ချရမှုတွေကို ခြိမ်းခြောက်သလိုမျိုးဖြစ်ခဲ့ကြောင်းဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ နဲ့ ပိုင်နက်အငြင်းပွားမှုများရှိခဲ့ပြီးနောက် မကြာသေးမီက အမေရိကန်နိုင်ငံကို ဖိလစ်ပိုင်နိုင်ငံအတွင်း စစ်အခြေစိုက်စခန်းများတိုးချဲ့တည်ဆောက်ဖို့ခွင့်ပြုပေးခဲ့ရာ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်ခဲ့ကြောင်းသိရပါတယ်။

တရုတ်နိုင်ငံက အမေရိကန်ကို စစ်အခြေစိုက်စခန်းများတည်ဆောက်ခွင့်ပေးခြင်းနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ကို သတိပေးမှုတွေရှိခဲ့ကြောင်းသိရပါတယ်။

zawgyi version

ေတာင္တ႐ုတ္ပင္လယ္မွာ ဖိလစ္ပိုင္ နဲ႔ တ႐ုတ္ႏိုင္ငံတို႔ပိုင္ဆိုင္တဲ့စစ္သေဘၤာေတြထိပ္တိုက္ေတြ႕ဆုံလုနီးပါးျဖစ္ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားတင္းမာမႈ ပိုမိုျဖစ္လာ

ဂ်န္ဇက္ (NP News) - ဧၿပီ ၂၈

ပိုင္နက္နယ္ေျမ အျငင္းပြားလ်က္ရွိေနတဲ့ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္သေဘၤာမ်ားနဲ႔ ထိပ္တိုက္ေတြ႕ဆုံလုနီးပါး အေျခအေနမ်ိဳးမ်ားရွိခဲ့ေၾကာင္း၊ တ႐ုတ္သေဘၤာေတြဟာ အႏၲရာယ္ျဖစ္ေစတဲ့လႈပ္ရွားမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ဖိလစ္ပိုင္ ကမ္းေျခေစာင့္တပ္ဖြဲ႕ကေျပာပါတယ္။

ဖိလစ္ပိုင္ နဲ႔ တ႐ုတ္ႏိုင္ငံတို႔ၾကား ယေန႔ (ဧၿပီလ ၂၈ ရက္)က ျဖစ္ပြားခဲ့တဲ့ ထိပ္တိုက္ေတြ႕ဆုံမႈအေျခေနမ်ားက ႏွစ္ႏိုင္ငံၾကားေရေၾကာင္းတင္းမာမႈမ်ား ပိုမိုျဖစ္လာေစခဲ့ေၾကာင္းသိရပါတယ္။ ဖိလစ္ပိုင္ကမ္းေျခ ေစာင့္တပ္ဖြဲ႕ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္း သီတင္းပတ္တစ္ပတ္ၾကာ ကင္းလွည့္မႈမ်ားလုပ္ေနခ်ိန္အတြင္း တ႐ုတ္သေဘၤာနဲ႔ထပ္တိုက္ေတြ႕ဆုံမႈျဖစ္ခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံက တစ္ႏွစ္ကို အေမရိကန္ေဒၚလာ (၃)ထရီလ်ံတန္ဖိုးရွိ ကုန္စည္မ်ားျဖတ္သန္းေနတဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိေနရာ အမ်ားစုကို ၎တို႔ပိုင္ဆိုင္ထားေၾကာင္းေျပာဆိုထားၿပီး ႏိုင္ငံအခ်ိဳ႕နဲ႔ ပိုင္နက္နယ္ေျမ အျငင္းပြားေနပါတယ္။

ဖိလစ္ပိုင္အစိုးရက တ႐ုတ္ႏိုင္ငံအေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ရန္လိုတဲ့ လႈပ္ရွားမႈမ်ားကိုရပ္တန႔္ေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုထားပါတယ္။ ဖိလစ္ပိုင္ ကမ္းေျခေစာင့္တပ္ဖြဲ႕က ဧၿပီလ ၁၈ ရက္ကေန ၂၄ ရက္အထိ တ႐ုတ္စစ္သေဘၤာအစီးေရေပါင္း (၁ဝဝ)ခန႔္ ေတာင္တ႐ုတ္ပင္လယ္အတြင္းကိုျဖတ္သန္းသြားခဲ့ဖူးေၾကာင္း ဆိုပါတယ္။ တ႐ုတ္စစ္သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ဖိလစ္ပိုင္ ကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕ သေဘၤာႏွစ္စီးနဲ႔ အနီးကပ္ဆုံး ေနရာနားကိုေရာက္ရွိလာၿပီး ဖိလစ္ပိုင္စစ္သေဘၤာနဲ႔ တ႐ုတ္စစ္သေဘၤာတို႔ အကြာအေဝးက ေပ(၁၅ဝ)သာရွိခဲ့ကာ ထိပ္တိုက္ေတြ႕ဆုံမႈ ျဖစ္ပြားလုနီးအေျခေနမ်ိဳးေတြရွိခဲ့ေၾကာင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕ကေျပာပါတယ္။

ဖိလစ္ပိုင္ ကမ္းေျခေစာင့္တပ္ဖြဲ႕ရဲ႕သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ေရမိုင္ (၂ဝဝ) ရွိ အထူးစီးပြားေရးဇုန္မ်ားမွာ ကင္းလွည့္ခဲ့ေၾကာင္း၊ တ႐ုတ္သေဘၤာေတြရဲ႕လုပ္ရပ္ေတြက ကင္းလွည့္ေနတဲ့ ဖိလစ္ပိုင္သေဘၤာေတြရဲ႕ လုံၿခဳံေရးနဲ႔ ေဘးကင္းစိတ္ခ်ရမႈေတြကို ၿခိမ္းေျခာက္သလိုမ်ိဳးျဖစ္ခဲ့ေၾကာင္းဖိလစ္ပိုင္ ကမ္းေျခေစာင့္တပ္ဖြဲ႕ကေျပာပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံ နဲ႔ ပိုင္နက္အျငင္းပြားမႈမ်ားရွိခဲ့ၿပီးေနာက္ မၾကာေသးမီက အေမရိကန္ႏိုင္ငံကို ဖိလစ္ပိုင္ႏိုင္ငံအတြင္း စစ္အေျခစိုက္စခန္းမ်ားတိုးခ်ဲ႕တည္ေဆာက္ဖို႔ခြင့္ျပဳေပးခဲ့ရာ ဖိလစ္ပိုင္နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈအရွိန္ျမင့္တက္ခဲ့ေၾကာင္းသိရပါတယ္။

တ႐ုတ္ႏိုင္ငံက အေမရိကန္ကို စစ္အေျခစိုက္စခန္းမ်ားတည္ေဆာက္ခြင့္ေပးျခင္းနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္ကို သတိေပးမႈေတြရွိခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ အာလူးများ ဂျပန်သို့ တင်ပို့မည်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved