ယီမင်နိုင်ငံ၊ ကမ်းလွန်ပင်လယ်ပြင်မှာ သင်္ဘောတစ်စင်း တိုက်ခိုက်ခံရကြောင်း ဗြိတိန်စစ်တပ်ပြော
ရောင်နီ (NP News) - ဧပြီ ၂၈
ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ သင်္ဘောတစ်စင်းဟာ သောကြာနေ့(ဧပြီလ ၂၈ ရက်)က မရှင်းလင်းတဲ့ အခြေအနေတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗြိတိန်စစ်တပ် အဖွဲ့အစည်းက ပြောပါတယ်။
ဗြိတိန်စစ်တပ် United Kingdom ရေကြောင်းကုန်သွယ်မှုစစ်ဆင်ရေးက တိုက်ခိုက်မှုဟာ အိုမန်နယ်စပ်အနီး ယီမင်နိုင်ငံ အရှေ့ဘက်စွန်းရှိ နစ်ရ်ှတန်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အေဒင်ပင်လယ်ကွေ့မှာ အမည်မသိရေယာဉ်မှ ပစ်ခတ်ခဲ့တာဖြစ်ပြီး နောက်ထပ် စက်လှေသုံးစင်းလည်း နောက်မှလိုက်လာခဲ့ကြောင်း သိရပါတယ်။ နောက်ထပ်အချက်အလက်များကိုတော့ ချက်ချင်းရရှိနိုင်ခြင်း မရှိသေးပါဘူး။ အေဒင်ပင်လယ်ကွေ့ဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအတွက် အရေးပါသော လမ်း ကြောင်းဖြစ်ပြီး ယီမင် အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များရဲ့တိုက်ခိုက်မှုများ ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေချိန်မှာမြင်တွေ့ခဲ့ရပါတယ်။
ဆိုမာလီပင်လယ်ဓားပြတိုက်ခိုက်မှုများဟာ မကြာသေးမီနှစ်များအတွင်း ဒေသအတွင်းမှာ ရပ်တန့်သွားခဲ့ပါတယ်။ နက်ရ်ှတန်ကို အာရပ်ညွန့်ပေါင်းအဖွဲ့ ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်ရဲ့ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရ မဟာမိတ်တပ်ဖွဲ့များက ထိန်းသိမ်းထားပါတယ်။ သို့သော်လည်း တိုက်ခိုက်မှုများဟာ ယခင်ကလည်း ယင်းနေရာမှာ ဖြစ်ပွားလေ့ ရှိပြီး၂၀၂၀ ခုနှစ် ဒီဇင်ဘာလတလည်း နက်ရ်ှတန် ကမ်းလွန်မှာ လျှို့ဝှက်ဆန်းကြယ်သော တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
Chevron ကော်ပိုရေးရှင်းအတွက် ဟူစတန်မြို့သို့ ရေနံစိမ်းတင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောကို အီရန်က ကြာသပတေးနေ့မှာ သီးခြားဖမ်းဆီးလိုက်ပြီးနောက် အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
zawgyi version
ယီမင္ႏိုင္ငံ၊ ကမ္းလြန္ပင္လယ္ျပင္မွာ သေဘၤာတစ္စင္း တိုက္ခိုက္ခံရေၾကာင္း ၿဗိတိန္စစ္တပ္ေျပာ
ေရာင္နီ (NP News) - ဧၿပီ ၂၈
ယီမင္ႏိုင္ငံ ကမ္းလြန္ပင္လယ္ျပင္မွာ သေဘၤာတစ္စင္းဟာ ေသာၾကာေန႔(ဧၿပီလ ၂၈ ရက္)က မရွင္းလင္းတဲ့ အေျခအေနေတြနဲ႔ တိုက္ခိုက္ခံခဲ့ရတယ္လို႔ ၿဗိတိန္စစ္တပ္ အဖြဲ႕အစည္းက ေျပာပါတယ္။
ၿဗိတိန္စစ္တပ္ United Kingdom ေရေၾကာင္းကုန္သြယ္မႈစစ္ဆင္ေရးက တိုက္ခိုက္မႈဟာ အိုမန္နယ္စပ္အနီး ယီမင္ႏိုင္ငံ အေရွ႕ဘက္စြန္းရွိ နစ္ရ္ွတန္အနီးမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ေအဒင္ပင္လယ္ေကြ႕မွာ အမည္မသိေရယာဥ္မွ ပစ္ခတ္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္ စက္ေလွသုံးစင္းလည္း ေနာက္မွလိုက္လာခဲ့ေၾကာင္း သိရပါတယ္။ ေနာက္ထပ္အခ်က္အလက္မ်ားကိုေတာ့ ခ်က္ခ်င္းရရွိႏိုင္ျခင္း မရွိေသးပါဘူး။ ေအဒင္ပင္လယ္ေကြ႕ဟာ ကမာၻလုံးဆိုင္ရာ ကုန္သြယ္မႈအတြက္ အေရးပါေသာ လမ္း ေၾကာင္းျဖစ္ၿပီး ယီမင္ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟူသီသူပုန္မ်ားရဲ႕တိုက္ခိုက္မႈမ်ား ျပည္တြင္းစစ္ ျပင္းထန္စြာျဖစ္ပြားေနခ်ိန္မွာျမင္ေတြ႕ခဲ့ရပါတယ္။
ဆိုမာလီပင္လယ္ဓားျပတိုက္ခိုက္မႈမ်ားဟာ မၾကာေသးမီႏွစ္မ်ားအတြင္း ေဒသအတြင္းမွာ ရပ္တန္႔သြားခဲ့ပါတယ္။ နက္ရ္ွတန္ကို အာရပ္ၫြန႔္ေပါင္းအဖြဲ႕ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ယီမင္ရဲ႕ ႏိုင္ငံတကာ အသိအမွတ္ျပဳအစိုးရ မဟာမိတ္တပ္ဖြဲ႕မ်ားက ထိန္းသိမ္းထားပါတယ္။ သို႔ေသာ္လည္း တိုက္ခိုက္မႈမ်ားဟာ ယခင္ကလည္း ယင္းေနရာမွာ ျဖစ္ပြားေလ့ ရွိၿပီး၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလတလည္း နက္ရ္ွတန္ ကမ္းလြန္မွာ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ တိုက္ခိုက္မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။
Chevron ေကာ္ပိုေရးရွင္းအတြက္ ဟူစတန္ၿမိဳ႕သို႔ ေရနံစိမ္းတင္ေဆာင္လာတဲ့ ေရနံတင္သေဘၤာကို အီရန္က ၾကာသပေတးေန႔မွာ သီးျခားဖမ္းဆီးလိုက္ၿပီးေနာက္ အခုလို တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခံရမှုကြောင့် ရဲစခန်းများ၌ အမှုဖွင့်တိုင်ကြားထားသည့်စာရင်းမှာ (၄၃ဝဝ)ရှိကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ