ပြခန်းပေါင်း (၁၂ဝ)ကျော်ပါဝင်မည့် UMFCCI MSME Fair 2023 ပြပွဲကျင်းပမည်
စော (NP News) - ဧပြီ ၂၈
ပြခန်းပေါင်း (၁၂ဝ)ကျော်ဖြင့် ပြသသွားမည့် UMFCCI MSME Fair 2023 ပြပွဲသို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အသိပေးထုတ်ပြန်ထားသည်။
ကုန်သည်စက်မှုအသင်းချုပ်မှ ယမန်နေ့ (ဧပြီလ ၂၇)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါပြပွဲကို အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက်ကျင်းပခြင်းဖြစ်ပြီး မေလ(၇)ရက်နှင့် မေလ(၈)ရက်တို့တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
MSMEs လုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပြခန်းပေါင်း (၁၂ဝ) ကျော်ဖြင့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် စကားဝိုင်းဆွေနွေးပွဲအစီအစဉ်များ၊ အသိပညာပေးဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ MSMEs လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများအလိုက် ပစ္စည်းများ ခင်းကျင်းပြသပုံ၊ တီထွင်ဆန်းသစ်မှု၊ ထုတ်ပိုးမှုပုံစံ၊ ဝန်ဆောင်မှုအပေါ်မူတည်၍ MSME Outstanding Award ဆုချီးမြှင့်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် MSMEs အနှစ်သာရပေါ်လွင်စေမည့် ရိုးရာဝတ်စုံများဖြင့် ဖန်တီးပြသသွားမည့် Fashion Show များလည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ျပခန္းေပါင္း (၁၂ဝ)ေက်ာ္ပါဝင္မည့္ UMFCCI MSME Fair 2023 ျပပြဲက်င္းပမည္
ေစာ (NP News) - ဧၿပီ ၂၈
ျပခန္းေပါင္း (၁၂ဝ)ေက်ာ္ျဖင့္ ျပသသြားမည့္ UMFCCI MSME Fair 2023 ျပပြဲသို႔ လာေရာက္ေလ့လာႏိုင္ရန္ ဖိတ္ေခၚခဲ့ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္မွ အသိေပးထုတ္ျပန္ထားသည္။
ကုန္သည္စက္မႈအသင္းခ်ဳပ္မွ ယမန္ေန႔ (ဧၿပီလ ၂၇)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါျပပြဲကို အေသးစား၊ အငယ္စား ႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္ေစေရးအတြက္က်င္းပျခင္းျဖစ္ၿပီး ေမလ(၇)ရက္ႏွင့္ ေမလ(၈)ရက္တို႔တြင္ ရန္ကုန္ၿမိဳ႕ရွိ Lotte Hotel ၌ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
MSMEs လုပ္ငန္းရွင္မ်ား၏ ျပည္တြင္းထုတ္ကုန္ပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈမ်ားကို ျပခန္းေပါင္း (၁၂ဝ) ေက်ာ္ျဖင့္ ဖြင့္လွစ္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။
ျပပြဲတြင္ စကားဝိုင္းေဆြေႏြးပြဲအစီအစဥ္မ်ား၊ အသိပညာေပးေဆြးေႏြးပြဲမ်ားကိုလည္း ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ MSMEs လုပ္ငန္းရွင္မ်ား၏ ထုတ္ကုန္ပစၥည္းမ်ားအလိုက္ ပစၥည္းမ်ား ခင္းက်င္းျပသပုံ၊ တီထြင္ဆန္းသစ္မႈ၊ ထုတ္ပိုးမႈပုံစံ၊ ဝန္ေဆာင္မႈအေပၚမူတည္၍ MSME Outstanding Award ဆုခ်ီးျမႇင့္ျခင္းလည္း ပါဝင္ေၾကာင္း သိရသည္။
ထို႔ျပင္ MSMEs အႏွစ္သာရေပၚလြင္ေစမည့္ ႐ိုးရာဝတ္စုံမ်ားျဖင့္ ဖန္တီးျပသသြားမည့္ Fashion Show မ်ားလည္း ပါဝင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယီမင်နိုင်ငံ၊ ကမ်းလွန်ပင်လယ်ပြင်မှာ သင်္ဘောတစ်စင်း တိုက်ခိုက်ခံရကြောင်း ဗြိတိန်စစ်တပ်ပြော
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း