Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားရဲ့ဒရုန်းများ နယ်စပ်ဒေသကို ကျူးကျော်ပျံသန်းလာခဲ့ပြီးနောက် တောင်ကိုရီးယားက စစ်လေယာဉ်များ စေလွှတ်ပျံသန်းခဲ့

ဂျန်ဇက် (NP News) - ဒီဇင်ဘာလ ၂၆

မြောက်ကိုရီးယားရဲ့ဒရုန်းများဟာ တောင်ကိုရီးယားနယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်ခြင်းများရှိခဲ့တဲ့အတွက် တောင်ကိုရီးယားစစ်လေယာဉ်များကို ဖြန့်ကြတ်ချထားခဲ့သလို မြောက်ကိုရီးယားဒရုန်းများကို သတိပေးမှုများလည်း ပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယားစစ်ဘက် က ပြောပါတယ်။

တောင်ကိုရီးယားစစ်ဘက် ပူးတွဲစစ်ဦးစီးချုပ်ရုံး က "မြောက်ကိုရီးယားနိုင်ငံရဲ့မောင်းသူမဲ့လေယာဉ်တွေဟာ တောင်ကိုရီးယားနယ်စပ်ဒေသ Gyeonggi ကို ဝင်ရောက်ပျံသန်းခဲ့တယ်" လို့ ပြောပါတယ်။မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်တဲ့ဒရုန်းများကို တွေ့ရှိခဲ့ပြီးနောက် တောင်ကိုရီးယားစစ်ဘက်ကလည်း တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို တန်ပြန်စေလွှတ်ခဲ့ရကြောင်း တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။

တောင်ကိုရီးယားစစ်ဘက်ရဲ့စစ်လေယာဉ်တစ်စီးဟာ မြောက်ကိုရီးယား ဒရုန်းများကို သတိပေးမောင်းထုတ်မှုတွေ လုပ်ဆောင်နိုင်ဖို့ လေတပ်စခန်းမှ ပျံတက်ခဲ့ပြီးနောက် မကြာမီ Hoengseong ကောင်တီမှာ ပျက်ကျသွားခဲ့ကြောင်း တောင်ကိုရီးယားလေတပ် က ပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးနှစ်ဦး အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ် လို့ သိရပါတယ်။ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နေတဲ့ နေရာများထံ ဒရုန်းများ ထပ်မံစေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ဒရုန်းများဟာ နယ်စပ်ဒေသရှိ တောင်ကိုရီးယားရွာများအပေါ် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ဒရုန်းများကို ပစ်ချခဲ့ခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို သတင်းထုတ်ပြန်ခြင်း မရှိဘူးလို့ သိရပါတယ်။ မြောက်ကိုရီးယားဟာ ဒီနှစ်အစောပိုင်းတည်းက ဒုံးကျည်များကို ဆက်တိုက်ပစ်လွှတ်ခဲ့ရာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။


Zawgyi Version;



ြေ မာက်ကိုရီးယားရဲ့ဒရုန်းများဟာ တောင်ကိုရီးယားနယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်ခြင်းများရှိခဲ့တဲ့အတွက် တောင်ကိုရီးယားစစ်လေယာဉ်များကို ဖြန့်ကြတ်ချထားခဲ့သလို မြောက်ကိုရီးယားဒရုန်းများကို သတိပေးမှုများလည်း ပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယားစစ်ဘက် က ပြောပါတယ်။




Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျပန်နိုင်ငံတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် သေဆုံးသူဦး‌ရေမှာ အနည်းဆုံး (၁၇)ဦးအထိ မြင့်တက်လာ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved