ပိတ်ဆို့မှုများ ရင်ဆိုင်နေရပေမယ့် အိမ်ယာတိုက်ခန်းတွေ တည်ဆောက်ပြီး ကမ္ဘာ့နိုင်ငံတွေကို အံအားသင့်စရာတွေလုပ်ပြခဲ့တဲ့ မြောက်ကိုရီးယား (ဘာသာပြန်ဆောင်းပါး)
ဂျန်ဇက် (NP News) - ဧပြီ ၂၇
မြောက်ကိုရီးယားအစိုးရဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မြို့တော် ပြုံးယမ်းမြို့မှာ တိုက်ခန်းအသစ်ပေါင်း (၁ဝဝဝဝ)ကျော်ကို အောင်မြင်စွာတည်ဆောက်နိုင်မှုအပေါ် သတင်းထုတ်ပြန်ခဲ့ရာ ကမ္ဘာ့နိုင်ငံများက လူအများ အံအားသင့်ခဲ့ရပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယား နဲ့ ဒုံးကျည်စမ်းသပ်မှုများကြောင့် အမေရိကန် ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအပြင် ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ တစ်ဖတ်သတ် ပိတ်ဆို့မှု မျိုးစုံ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဧပြီလ ၁၆ ရက်မှာ တိုက်ခန်းအသစ်ပေါင်း (၁ဝဝဝဝ)ကျော်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ငံခဲ့ရာ လူအများကို အံအားသင့်စေခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်အပါအဝင် မြောက်ကိုရီးယား အစိုးရတာဝန်ရှိသူများတက် ရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်ဟာ မြို့တော် ပြုံးယမ်းမှာ တိုက်ခန်းအသစ်ပေါင်း (၅ဝဝဝဝ)ကျော်တည်ဆောက်ဖို့ ညွှန်ကြားထားပြီး ပြည်သူတွေကို နေထိုင်မှုပုံစံကောင်းကောင်းနဲ့ နေထိုင်နိုင်ငံရေးက အစိုးရရဲ့အဓိက ဦးစားပေးဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ အဲဒီအိမ်ယာအသစ်များတည်ဆောက်မယ့် စီမံကိန်း ပထမအဆင့်ကို ၂ဝ၂၁ ခုနှစ် မတ်လမှာ စတင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ အပြီးသတ်တည်ဆောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်တုန်းကလည်း Sadong ပြည်နယ် Songsin မြို့မှာ လူနေအိမ်ယာ တိုက်ခန်းများပါဝင်မယ့် အိမ်ယာစီမံကိန်းနဲ့ Songhwa မြို့မှာ အထပ်ပေါင်း (၈ဝ) ပါဝင်တဲ့ မိုးမျှော်တိုက်အိမ်ယာ စီမံကိန်းကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ဖူးပါတယ်။ အစိုးရဟာ လာမယ့် ၂ဝ၂၅ ခုနှစ်အကုန်မှာ နိုင်ငံအတွင်းမှာ လူနေအိမ်ယာတိုက်ခန်းပေါင်း အနည်းဆုံး (၅ဝဝဝဝ) ခန့်ပြီးစီးအောင်တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။ မြောက်ကိုရီးယား အစိုးရဟာ ၂ဝ၂၁ ခုနှစ်ကစတင်ပြီး ၂ဝ၂၅ ခုနှစ်ကုန်အထိ တစ်နှစ်ကိုအနည်းဆုံး လူနေအိမ်ယာ တိုက်ခန်းပေါင်း (၁ဝဝဝဝ)ခန့်အပြီး တည်ဆောက်နိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းရဲ့ ပိတ်ဆို့မှုများကြောင့် အိမ်ယာစီမံကိန်း တည်ဆောက်မှုတွေ နှောင့်နေးခဲ့ရပေမယ့်လည်း လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အိမ်ယာစီမံကိန်း ဥပဒေတွေဟာ မြောက်ကိုရီးယား ပြည်သူတွေ ပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ရရှိရေးအတွက် အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်လျက်ရှိနေခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံအတွင်း ပြည်သူတွေအတွက် အိမ်ယာအခက်ခဲပြဿနာများကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး၂ဝဝ၉ ခုနှစ်မှာ အိမ်ယာ စီမံကိန်းဥပဒေကို မရှိမဖြစ်လိုအပ်ချက်တစ်ခုအဖြစ် မှတ်ယူဆောင်ရွက်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ တဝှမ်းလုံးရှိ ပြည်သူများအတွက် အိမ်ဆောက်ပေးဖို့ မြောက်ကိုရီးယားအစိုးရဟာ ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးကို အပြည့်ထမ်းထားရတာက အံအားသင့်စရာတစ်ခုဖြစ်စေခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ခေတ်မီအိမ်ယာများကို နိုင်ငံအတွင်းစတင် တည်ဆောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရရဲ့ အိမ်ယာစီမံကိန်းဥပဒေထဲမှာ ကျေးလက်နဲ့ မြို့ပြဒေသတွေမှာ အိမ်ယာအဆောက်အဦးများတည်ဆောက်ပြီး ပြည်သူတွေကို အခမဲ့ ပြန်လည် ပေးသွားမယ်ဆိုတဲ့အချက်ကို သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ မြောက်ကိုရီးယားရဲ့ အိမ်ယာစီမံကိန်း ဥပဒေတွေထဲမှာ မြောက်ကိုရီးယားရဲ့သူရဲကောင်းများ၊ မြောက်ကိုရီးယားနိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်များ၊ မသန်စွမ်းဖြစ်ရတဲ့ စစ်သားများ၊ ကျောင်းဆရာ၊ ဆရာများ၊ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ၊ နိုင်ငံအတွက် စွန့်လွှတ်စွန့်စားရဲရင့်သူများ၊ အလုပ်သမားများ၊ ကလေးအရေအတွက် များတဲ့ မိသားစုများ၊ သုံးမြွှာပူးမွေးထားတဲ့ မိသားစုများကို အိမ်ယာတိုက်ခန်းများ၊ ဦးစားပေးပေးသွား မယ်လို့ သတ်မှတ်ထားပါတယ်။
အိမ်ယာစီမံကိန်း ဥပဒေတွေထဲမှာသဘာဝဘေးကြုံရသူများကိုအိမ်ယာများ ကူညီထောက်ပံ့ပေးဖို့၊ စိန်ခေါ်မှုရှိတဲ့လုပ်ငန်းများမှာ လုပ်ကိုင်နေရသူများ၊ အလုပ်ကြိုးစားလုပ်ကိုင်သူများကိုလည်းပေးဝေသွားဖို့ စီစဉ်ထားပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ပြည်သူတွေရဲ့ရှင်သန်နေထိုင်မှု ပိုမိုကောင်းမွန်စွာနဲ့ နေထိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အိမ်ယာစီမံကိန်းများကိုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမြတ်စွန်းများစွာရဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတော်ပိုင်ဆိုင်မှု နဲ့ လုပ်သားများရဲ့ တီတွင် ဖန်တီးမှုအသီးအပွင့်များကို ပြည်သူများချမ်းသာသုခခံစားရစေဖို့ ရည်ရွယ်တာမျိုး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေထဲမှာ သတ်မှတ်ထားတဲ့စံနှုန်းများနဲ့ မညီဘဲ အဆင်ပြေစေမယ့် အိမ်ပုံစံ ဒီဇိုင်များကို ခွင့်ပြုချက် မပေးဘဲ ဘေးကင်းမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ကျန်းမာရေးသတ်မှတ်ချက်များ၊ ပြည်သူတွေရဲ့ ကျန်းမာရေးသတ်မှတ်ချက်များ၊ ယဉ်ကျေးမှုစံနှုန်းများနဲ့ ကိုက်ညီအောင်တည်ဆောက်ရမယ်လို့ သတ်မှတ်ထားပါတယ်။
တည်ဆောက်ပြသခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အိမ်ယာအသစ်တွေဟာ ပုံစံအမျိုးမျိုးနဲ့ တည်ဆောက် ထားတဲ့တစ်ထပ်တိုက်များဖြစ်သလို အမိုးပုံသဏ္ဍန်အမျိုးမျိုးနဲ့တည်ဆောက်ထားတာတွေကို တွေ့ခဲ့ရပါ တယ်။ ကျေးရွာများ၊ လမ်းအသစ်များကိုအောင်မြင်စွာတည်ဆောက်ခြင်း၊ ခေတ်ရဲ့ယာဉ်ကျေးမှု၊ အဆင့်တန်း နဲ့ လိုက်လျော့ညီထွေဖြစ်စေဖို့ ၊ ပြည်သူတွေရဲ့တောင်းဆိုချက်များနဲ့ တိုးတက်လာတဲ့ ယာဉ်ကျေးမှုကို နှစ်သက်ကျေနပ်စေဖို့ မြောက်ကိုရီးယားအလုပ်သမား ပါတီရဲ့မူဝါဒတွေက တစ်သတ်တည်းရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ အကြွေးနွံထဲ နစ်နေဟုဆို
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ