ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ အကြွေးနွံထဲ နစ်နေဟုဆို
Pika (NP News) - ဧပြီ ၂၇
အရှေ့ဥရောပနိုင်ငံများသည် ယခုနှစ်၏ လေးလတာကာလအတွင်း အမေရိကန်ဒေါ်လာ(၃၂)ဘီလျံခန့် ချေးယူခဲ့ပြီး ယခင်နှစ်အလားတူကာလက ချေးယူခဲ့သော ငွေကြေးထက်သုံးဆပိုများကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
ပိုလန်သည် ပြည်ပဈေးကွက်များကို ကိုင်တွယ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ(၉)ဘီလျံခန့်ချေးယူခဲ့ကြောင်းသိရသည်။ ထို့ပြင် ရိုမေးနီးယားနှင့် ဟန်ဂေရီနိုင်ငံတို့သည် အမေရိကန်ဒေါ်လာ(၆)ဘီလျံနှင့် (၅)ဘီလျံစီ အသီးသီးချေးယူခဲ့ကြသည်။ အဆိုပါအချက်ကြောင့် အရှေ့ဥရောပနိုင်ငံသုံးနိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း ပြည်ပဈေးကွက်အတွက် ငွေချေးသူအများဆုံး(၅)နိုင်ငံတွင် ပထမဆုံးအကြိမ်ပါဝင်လာခဲ့ကြောင်းသိရသည်။
စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ထောက်ပံ့ကြေးများတိုးမြှင့်ရန် လိုအပ်လာသလို ယူကရိန်းပဋိပက္ခနှင့်ဆက်စပ်သော အသုံးစရိတ်များ တိုးမြင့်လာခြင်းကြောင့် ချေးငွေများတိုးလာရခြင်းဖြစ်ကြောင်း Bloomberg ကဖော်ပြခဲ့သည်။ အရှေ့ဥရောပနိုင်ငံများသည် ၎င်းတို့၏ကိုယ်ပိုင်စစ်ရေးစွမ်းရည်ကိုမြှင့်တင်ရန် နှင့် အိမ်နီးချင်းနိုင်ငံများမှ ဒုက္ခသည်များကို ကူညီရန်လိုအပ်ကြောင်းလည်းသိရသည်။ပိုလန်သည်အနှစ်(၃ဝ)သက်တမ်းရှိသော ငွေချေးစာချုပ်သစ်တစ်ခုအတွက် နှစ်စဥ်အတိုး(၅ ဒသမ ၅) ရာခိုင်နှုန်းပေးဆောင်နေရပြီး (၂ဝ၂၁)ခုနှစ်က ငွေချေးစာချုပ်၏ အတိုးနှုန်းထက် သိသိသာသာမြင့်မားကြောင်းသိရသည်။
အတိုးနှုန်းများမြင့်တက်လာခြင်းသည် အရှေ့ဥရောပတွင် ဘတ်ဂျက်လိုငွေပြမှုများ တိုးလာစေပြီး ဒေသတွင်းဘဏ္ဍာရေးများအပေါ် ဖိအားများရှိလာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများလည်းရှိနေသည်။ အရှေ့ဥရောပ၏ ဘတ်ဂျက်ငွေလိုပြမှုသည် ပြီးခဲ့သည့်(၂)နှစ်ကထက် နှိုင်းယှဥ်မည်ဆိုလျှင် (၂ဝ၂၃)ခုနှစ်တွင် (၄ ဒသမ ၃)ရာခိုင်နှုန်းအထိ တိုးလာမည်ဖြစ်ကြောင်း Bloomberg သတင်းဌာနက ခန့်မှန်းထားသည်။
zawgyi version
ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ အေႂကြးႏြံထဲ နစ္ေနဟုဆို
Pika (NP News) - ဧၿပီ ၂၇
အေရွ႕ဥေရာပႏိုင္ငံမ်ားသည္ ယခုႏွစ္၏ ေလးလတာကာလအတြင္း အေမရိကန္ေဒၚလာ(၃၂)ဘီလ်ံခန႔္ ေခ်းယူခဲ့ၿပီး ယခင္ႏွစ္အလားတူကာလက ေခ်းယူခဲ့ေသာ ေငြေၾကးထက္သုံးဆပိုမ်ားေၾကာင္း Bloomberg သတင္းဌာနက ေဖာ္ျပခဲ့သည္။
ပိုလန္သည္ ျပည္ပေဈးကြက္မ်ားကို ကိုင္တြယ္ႏိုင္ရန္အတြက္ အေမရိကန္ေဒၚလာ(၉)ဘီလ်ံခန႔္ေခ်းယူခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ႐ိုေမးနီးယားႏွင့္ ဟန္ေဂရီႏိုင္ငံတို႔သည္ အေမရိကန္ေဒၚလာ(၆)ဘီလ်ံႏွင့္ (၅)ဘီလ်ံစီ အသီးသီးေခ်းယူခဲ့ၾကသည္။ အဆိုပါအခ်က္ေၾကာင့္ အေရွ႕ဥေရာပႏိုင္ငံသုံးႏိုင္ငံသည္ ႏွစ္ေပါင္းမ်ားစြာအတြင္း ျပည္ပေဈးကြက္အတြက္ ေငြေခ်းသူအမ်ားဆုံး(၅)ႏိုင္ငံတြင္ ပထမဆုံးအႀကိမ္ပါဝင္လာခဲ့ေၾကာင္းသိရသည္။
စြမ္းအင္ေဈးႏႈန္းမ်ားျမင့္တက္လာျခင္းေၾကာင့္ ေထာက္ပံ့ေၾကးမ်ားတိုးျမႇင့္ရန္ လိုအပ္လာသလို ယူကရိန္းပဋိပကၡႏွင့္ဆက္စပ္ေသာ အသုံးစရိတ္မ်ား တိုးျမင့္လာျခင္းေၾကာင့္ ေခ်းေငြမ်ားတိုးလာရျခင္းျဖစ္ေၾကာင္း Bloomberg ကေဖာ္ျပခဲ့သည္။ အေရွ႕ဥေရာပႏိုင္ငံမ်ားသည္ ၎တို႔၏ကိုယ္ပိုင္စစ္ေရးစြမ္းရည္ကိုျမႇင့္တင္ရန္ ႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ဒုကၡသည္မ်ားကို ကူညီရန္လိုအပ္ေၾကာင္းလည္းသိရသည္။ပိုလန္သည္အႏွစ္(၃ဝ)သက္တမ္းရွိေသာ ေငြေခ်းစာခ်ဳပ္သစ္တစ္ခုအတြက္ ႏွစ္စဥ္အတိုး(၅ ဒသမ ၅) ရာခိုင္ႏႈန္းေပးေဆာင္ေနရၿပီး (၂ဝ၂၁)ခုႏွစ္က ေငြေခ်းစာခ်ဳပ္၏ အတိုးႏႈန္းထက္ သိသိသာသာျမင့္မားေၾကာင္းသိရသည္။
အတိုးႏႈန္းမ်ားျမင့္တက္လာျခင္းသည္ အေရွ႕ဥေရာပတြင္ ဘတ္ဂ်က္လိုေငြျပမႈမ်ား တိုးလာေစၿပီး ေဒသတြင္းဘ႑ာေရးမ်ားအေပၚ ဖိအားမ်ားရွိလာႏိုင္ေၾကာင္း ခန႔္မွန္းေျပာဆိုမႈမ်ားလည္းရွိေနသည္။ အေရွ႕ဥေရာပ၏ ဘတ္ဂ်က္ေငြလိုျပမႈသည္ ၿပီးခဲ့သည့္(၂)ႏွစ္ကထက္ ႏႈိင္းယွဥ္မည္ဆိုလွ်င္ (၂ဝ၂၃)ခုႏွစ္တြင္ (၄ ဒသမ ၃)ရာခိုင္ႏႈန္းအထိ တိုးလာမည္ျဖစ္ေၾကာင္း Bloomberg သတင္းဌာနက ခန႔္မွန္းထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း၏ လက်တွေ့မကျသော တောင်းဆိုမှုများက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပိတ်ပင်သလိုဖြစ်နေဟု ရုရှားဝေဖန်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း