မဟာအောင်မြေမြို့နယ်တွင် ငွေကျပ်သိန်း(၁ဝဝဝ)ကျော်တန်ဖိုးရှိ Happy Water များဖမ်းဆီးရမိ
Pearl (NP News) - ဧပြီ ၂၇
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ငွေကျပ်သိန်း (၁ဝဝဝ)ကျော်တန်ဖိုးရှိသော Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်၊ ည (၇)နာရီ အချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ ပြည်ကြီးမျက်ရှင် ကားဝင်းအတွင်း Super Custom အမျိုးအစား မော်တော်ယာဉ်ဖြင့် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ ကိုအောင်ကျော်ဇောအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ၎င်းထုတ်ယူလာသည့် စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၂ ဒသမ ဝ၁၈ ကီလို(တန်ဖိုးငွေကျပ် ၁ဝဝ၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား အမှတ်(၉)မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း(၁ဝဝဝ)ေက်ာ္တန္ဖိုးရွိ Happy Water မ်ားဖမ္းဆီးရမိ
Pearl (NP News) - ဧၿပီ ၂၇
မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း (၁ဝဝဝ)ေက်ာ္တန္ဖိုးရွိေသာ Happy Water မ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ၿပီးခဲ့သည့္ ဧၿပီလ ၂၄ ရက္၊ ည (၇)နာရီ အခ်ိန္ခန႔္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕သည္ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္(၂)ရပ္ကြက္၊ ျပည္ႀကီးမ်က္ရွင္ကားဝင္းအတြင္း စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးခဲ့ရာ ျပည္ႀကီးမ်က္ရွင္ ကားဝင္းအတြင္း Super Custom အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ျဖင့္ ပါဆယ္ပစၥည္း လာေရာက္ထုတ္ယူသူ ကိုေအာင္ေက်ာ္ေဇာအား စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ ၎ထုတ္ယူလာသည့္ စကၠဴဂ်ပ္ဖာမ်ားအတြင္းမွ စိတ္ေျပာင္းေဆးဝါး (Happy Water) အေလးခ်ိန္ ၂ ဒသမ ဝ၁၈ ကီလို(တန္ဖိုးေငြက်ပ္ ၁ဝဝ၉ သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၁ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎အား အမွတ္(၉)ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထောင်ဖောက်ထွက်ပြေးခဲ့သူ မြန်မာနိုင်ငံသား (၅)ဦးထဲမှ တစ်ဦးကိုထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း