ထောင်ဖောက်ထွက်ပြေးခဲ့သူ မြန်မာနိုင်ငံသား (၅)ဦးထဲမှ တစ်ဦးကိုထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NP News) - ဧပြီ ၂၇
အိန္ဒိယရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်မှာ ထောင်ဖောက်ထွက်ပြေးလွတ်မြောက်နေတဲ့ သုံးဦးအနက်မှ ကျန်တစ်ဦးကို ဧပြီလ ၂၄ ရက်က ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ထောက်ဖောက်ထွက်ပြေးသူ စုစုပေါင်းငါးဦးအနက် သုံးဦးကို ပြန်ဖမ်းမိထားပြီး ကျန်နှစ်ဦး လွတ်မြောက်နေဆဲဖြစ်တယ်လို့ အိန္ဒိယသတင်းတွေကဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Lunglei ဒေသအကျဉ်းထောင်မှာ ဧပြီလ ၁၉ ရက်က ထောင်ဖောက်ပြေးမှုများဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ငါးဦးလွတ်မြောက်သွားခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောပါတယ်။ အဆိုပါ မြန်မာနိုင်ငံသားများသည် အကျဉ်းထောင်နံရံနားရှိအိမ်သာမှတဆင့် ထောင်ကို ကျော်တက်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း၊ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ မြန်မာနိုင်ငံသား(၅)ဦးကို ပြန်လည်ဖမ်းမိနိုင်ဖို့ ပြည်နယ်အတွင်းရှိနေရာစုံကို ပိတ်ဆို့ ရှာဖွေခဲ့ရာ ထွက်ပြေးခဲ့သူများအနက်မှ သုံးဦးကို ပြန်ဖမ်းမိထားကြောင်း Lunglei ရဲတပ်ဖွဲ့ကပြောပါတယ်။
ပြန်ဖမ်းမိထားသူများအား အကျဉ်းထောင်ကို ပြန်လည်လွှဲပြောင်းပေးထားပြီး ကျန်ရှိနေသူ နှစ်ဦးကို ထပ်မံဖမ်းဆီးနိုင်ဖို့ အရှိန်မြင့် ရှာဖွေနေကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောပါတယ်။ ထောင်ဖောက်ထွက်ပြေးသူများအနက်မှအသက် ၂၇နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား နဲ့အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားကို ဧပြီလ ၂ဝ ရက်မှာ Mausen ရွာသားများက ပြန်လည်ဖမ်းပေးခဲ့ပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံသား နှစ်ဦးဟာ အိန္ဒိယနိုင်ငံထဲကို စိတ်ကြွဆေးပြားများ တင်သွင်းဖို့ ကြိုးပမ်းမှုများကြောင့် ဖမ်းဆီးခံရပြီးအကျဉ်းထောင်မှာ ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း သိရပါတယ်။
zawgyi version
ေထာင္ေဖာက္ထြက္ေျပးခဲ့သူ ျမန္မာႏိုင္ငံသား (၅)ဦးထဲမွ တစ္ဦးကိုထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇
အိႏၵိယရဲတပ္ဖြဲ႕ဟာ ၿပီးခဲ့တဲ့ ဧၿပီလ ၁၉ ရက္မွာ ေထာင္ေဖာက္ထြက္ေျပးလြတ္ေျမာက္ေနတဲ့ သုံးဦးအနက္မွ က်န္တစ္ဦးကို ဧၿပီလ ၂၄ ရက္က ထပ္မံဖမ္းဆီးရမိခဲ့တယ္လို႔ အိႏၵိယသတင္းေတြက ေဖာ္ျပထားပါတယ္။
လက္ရွိအခ်ိန္မွာ ေထာက္ေဖာက္ထြက္ေျပးသူ စုစုေပါင္းငါးဦးအနက္ သုံးဦးကို ျပန္ဖမ္းမိထားၿပီး က်န္ႏွစ္ဦး လြတ္ေျမာက္ေနဆဲျဖစ္တယ္လို႔ အိႏၵိယသတင္းေတြကေဖာ္ျပထားပါတယ္။
အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ Lunglei ေဒသအက်ဥ္းေထာင္မွာ ဧၿပီလ ၁၉ ရက္က ေထာင္ေဖာက္ေျပးမႈမ်ားျဖစ္ပြားခဲ့ၿပီး ျမန္မာႏိုင္ငံသား ငါးဦးလြတ္ေျမာက္သြားခဲ့ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕ကေျပာပါတယ္။ အဆိုပါ ျမန္မာႏိုင္ငံသားမ်ားသည္ အက်ဥ္းေထာင္နံရံနားရွိအိမ္သာမွတဆင့္ ေထာင္ကို ေက်ာ္တက္ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ေထာင္ေဖာက္ထြက္ေျပးခဲ့တဲ့ ျမန္မာႏိုင္ငံသား(၅)ဦးကို ျပန္လည္ဖမ္းမိႏိုင္ဖို႔ ျပည္နယ္အတြင္းရွိေနရာစုံကို ပိတ္ဆို႔ ရွာေဖြခဲ့ရာ ထြက္ေျပးခဲ့သူမ်ားအနက္မွ သုံးဦးကို ျပန္ဖမ္းမိထားေၾကာင္း Lunglei ရဲတပ္ဖြဲ႕ကေျပာပါတယ္။
ျပန္ဖမ္းမိထားသူမ်ားအား အက်ဥ္းေထာင္ကို ျပန္လည္လႊဲေျပာင္းေပးထားၿပီး က်န္ရွိေနသူ ႏွစ္ဦးကို ထပ္မံဖမ္းဆီးႏိုင္ဖို႔ အရွိန္ျမင့္ ရွာေဖြေနေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕ကေျပာပါတယ္။ ေထာင္ေဖာက္ထြက္ေျပးသူမ်ားအနက္မွအသက္ ၂၇ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသား နဲ႔အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားကို ဧၿပီလ ၂ဝ ရက္မွာ Mausen ႐ြာသားမ်ားက ျပန္လည္ဖမ္းေပးခဲ့ၿပီး ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါ ျမန္မာႏိုင္ငံသား ႏွစ္ဦးဟာ အိႏၵိယႏိုင္ငံထဲကို စိတ္ႂကြေဆးျပားမ်ား တင္သြင္းဖို႔ ႀကိဳးပမ္းမႈမ်ားေၾကာင့္ ဖမ္းဆီးခံရၿပီးအက်ဥ္းေထာင္မွာ ထိန္းသိမ္းခံရျခင္းျဖစ္ေၾကာင္း သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုသရေးဦးစီးဌာနလက်အောက်ရှိ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် ဆေးဘက်ဆိုင်ရာသွားတုကျွမ်းကျင်သူများ ခေါ်ယူ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း