Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်က တောင်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်း (၄ဝ)ကျော်အတွင်း ရေငုပ်သင်္ဘောကို ပထမဆုံးအကြိမ် ပြန်လည်ချထားမယ်

ဂျန်ဇက် (NP News) - ဧပြီ ၂၇

အမေရိကန်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်း (၄ဝ)ကျော်အတွင်း နျူကလီးယားရေငုပ် သင်္ဘောကို ပထမဆုံးအကြိမ်ပြန်လည်ချထားသွားမှာဖြစ်ကြောင်းသိရပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုလ်တို့ဟာ နျူကလီးယား ရေငုပ်သင်္ဘောများ တောင်ကိုရီးယားမှာ ပြန်လည်ချထားဖို့ နားလည်မှု စာချုပ်ကိုလက်မှတ်ရေးထိုးမှာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားခြိမ်းခြောက်မှုများရှိနေခြင်းကြောင့် စိုးရိမ်မှုများမြင့်တက်နေချိန်မှာ အမေရိကန်က တောင်ကိုရီးယားမှာနျူကလီးယား ရေငုပ်သင်္ဘောကို ပြန်လည်ချထားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ နျူကလီးယား ရေငုပ်သင်္ဘာများ ပြန်လည်ချထားခြင်းရဲ့အဓိက ရည် ရွယ်ချက်က အိမ်နီးချင်းနိုင်ငံများအပေါ် မြောက်ကိုရီးယားရဲ့တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ဖြစ် ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောပါတယ်။

တောင်ကိုရီးယား သမ္မတ နဲ့ အမေရိကန်သမ္မတတို့ဟာ နျူကလီးယားရေငုပ်သင်္ဘာများ ပြန်လည်ချထားခြင်းနဲ့ပတ်သက်ပြီး လအတန်ကြာဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ အမေရိကန်သမ္မတက မြောက်ကိုရီးယားနိုင်ငံရဲ့ခြိမ်းခြောက်မှုများ တိုးလာနေခြင်းကြောင့် တောင်ကိုရီးယားနဲ့မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဆမြင့်တင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က "လက်ရှိအချိန်မှာ ကမ္ဘာကြီးဟာ စိန်ခေါ်မှုများနဲ့ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ဟာ စိန်ခေါ်မှုများကို အတူတကွ ပူးပေါင်းဖြေရှင်းသွားမှာဖြစ်တယ်"လို့ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲအဆုံးသတ်ခဲ့ပြီးနောက် တောင်ကိုရီးယား နဲ့ အမေရိကန်နိုင်ငံကြား မဟာမိတ်ဖြစ်မှု နှစ်ပေါင်း (၇ဝ)ပြည့်မှုအထိမ်းအမှတ်အဖြစ် တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုလ်ဟာ အမေရိကန်နိုင်ငံကို ရောက်ရှိနေကြောင်းသိရပါတယ်။ အမေရိကန်ဟာ တောင်ကိုရီးယားနိုင်ငံမှာတပ်ဖွဲ့ဝင်ပေါင်း (၂၈၅ဝဝ) ခန့် ဖြန့်ကြက်ချထားခဲ့ကြောင်းသိရပါတယ်။

zawgyi version

အေမရိကန္က ေတာင္ကိုရီးယားႏိုင္ငံမွာ ႏွစ္ေပါင္း (၄ဝ)ေက်ာ္အတြင္း ေရငုပ္သေဘၤာကို ပထမဆုံးအႀကိမ္ ျပန္လည္ခ်ထားမယ္ 

ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇

အေမရိကန္ႏိုင္ငံဟာ ေတာင္ကိုရီးယားႏိုင္ငံမွာ ႏွစ္ေပါင္း (၄ဝ)ေက်ာ္အတြင္း န်ဴကလီးယားေရငုပ္ သေဘၤာကို ပထမဆုံးအႀကိမ္ျပန္လည္ခ်ထားသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ နဲ႔ ေတာင္ကိုရီးယား သမၼတ ယြန္ဆက္ယိုလ္တို႔ဟာ န်ဴကလီးယား ေရငုပ္သေဘၤာမ်ား ေတာင္ကိုရီးယားမွာ ျပန္လည္ခ်ထားဖို႔ နားလည္မႈ စာခ်ဳပ္ကိုလက္မွတ္ေရးထိုးမွာလည္းျဖစ္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ န်ဴကလီးယားၿခိမ္းေျခာက္မႈမ်ားရွိေနျခင္းေၾကာင့္ စိုးရိမ္မႈမ်ားျမင့္တက္ေနခ်ိန္မွာ အေမရိကန္က ေတာင္ကိုရီးယားမွာန်ဴကလီးယား ေရငုပ္သေဘၤာကို ျပန္လည္ခ်ထားဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။ န်ဴကလီးယား ေရငုပ္သဘၤာမ်ား ျပန္လည္ခ်ထားျခင္းရဲ႕အဓိက ရည္ ႐ြယ္ခ်က္က အိမ္နီးခ်င္းႏိုင္ငံမ်ားအေပၚ ေျမာက္ကိုရီးယားရဲ႕တိုက္ခိုက္မႈေတြကို ဟန႔္တားႏိုင္ဖို႔ ျဖစ္ ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက ေျပာပါတယ္။

ေတာင္ကိုရီးယား သမၼတ နဲ႔ အေမရိကန္သမၼတတို႔ဟာ န်ဴကလီးယားေရငုပ္သဘၤာမ်ား ျပန္လည္ခ်ထားျခင္းနဲ႔ပတ္သက္ၿပီး လအတန္ၾကာေဆြးေႏြးခဲ့ၿပီးေနာက္ သေဘာတူညီမႈရရွိခဲ့ျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။ အေမရိကန္သမၼတက ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈမ်ား တိုးလာေနျခင္းေၾကာင့္ ေတာင္ကိုရီးယားနဲ႔မဟာမိတ္အျဖစ္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ႏွစ္ဆျမင့္တင္သြားမွာျဖစ္တယ္လို႔ဆိုပါတယ္။ 

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က "လက္ရွိအခ်ိန္မွာ ကမာၻႀကီးဟာ စိန္ေခၚမႈမ်ားနဲ႔ရင္ဆိုင္ေနရတယ္။ ကြၽန္ေတာ္တို႔ဟာ စိန္ေခၚမႈမ်ားကို အတူတကြ ပူးေပါင္းေျဖရွင္းသြားမွာျဖစ္တယ္"လို႔ေျပာပါတယ္။ ကိုရီးယားကြၽန္းဆြယ္မွာ စစ္ပြဲအဆုံးသတ္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယား နဲ႔ အေမရိကန္ႏိုင္ငံၾကား မဟာမိတ္ျဖစ္မႈ ႏွစ္ေပါင္း (၇ဝ)ျပည့္မႈအထိမ္းအမွတ္အျဖစ္ ေတာင္ကိုရီးယား သမၼတ ယြန္ဆက္ယိုလ္ဟာ အေမရိကန္ႏိုင္ငံကို ေရာက္ရွိေနေၾကာင္းသိရပါတယ္။ အေမရိကန္ဟာ ေတာင္ကိုရီးယားႏိုင္ငံမွာတပ္ဖြဲ႕ဝင္ေပါင္း (၂၈၅ဝဝ) ခန႔္ ျဖန႔္ၾကက္ခ်ထားခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဧရာဝတီမြစ်အတွင်း မိသားစုလိုက်‌ရေဆင်းကူးရာမှ (၁၃)နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် (၃)ဦး ရေနစ်သေဆုံး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved