ပြီးခဲ့သည့် ဘဏ္ဍာနှစ်၌ မြန်မာနှင့်တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ(၂)ဘီလျံကျော်ရှိခဲ့
စော (NP News) - ဧပြီ ၂၆
၂ဝ၂၂- ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာ နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ် လာ (၂)ဘီလျံကျော်ရှိခဲ့ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့သည်။
၎င်းက ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင် တရုတ်နိုင်ငံ ၊ ပေကျင်းမြို့၌ ကျင်းပသည့် အာဆီယံ−တရုတ် စိုက် ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံမှုရှိစေရေး အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနား၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ စားရေရိက္ခာဖူလုံစေရေးအတွက် ၂ဝ၂၂ - ၂ဝ၂၃ ခုနှစ်အတွင်း လယ်ယာထွက်ကုန်များကို ယခင်နှစ်များထက် ပြည်ပသို့ပိုမိုတင်ပို့နိုင်ခဲ့ပါကြောင်း ဦးမင်းနောင်ကဆိုသည်။
၂ဝ၂၂-၂ဝ၂၃ ခုနှစ်အတွင်း တရုတ်နှင့် မြန်မာတို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၂)ဘီလျံကျော်ရှိခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံလယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် နှင့် ပိုးလမ်းမစီမံကိန်းတို့မှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ် ကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။
မြန်မာနိုင်ငံမှ တရုတ်သို့ ဆန် နှင့် ပဲမျိုးစုံကိုသာ အများဆုံးတင်ပို့ခဲ့သည့်အပြင် မူဆယ်နယ်စပ်ဂိတ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် ပြောင်း ၊ ကြံ နှင့် အခြားလယ်ယာထွက်ကုန်များကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်မှလည်း စက်မှုလက်မှုပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ အဝတ်အထည်နှင့် အထည်အလိပ်များ၊ ဆက်သွယ်ရေး ပစ္စည်းများကို တင်သွင်းလျက်ရှိကြောင်း သိရသည်။
zawgyi version
ၿပီးခဲ့သည့္ ဘ႑ာႏွစ္၌ ျမန္မာႏွင့္တ႐ုတ္ႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈပမာဏ အေမရိကန္ ေဒၚလာ(၂)ဘီလ်ံေက်ာ္ရွိခဲ့
ေစာ (NP News) - ဧၿပီ ၂၆
၂ဝ၂၂- ၂ဝ၂၃ ခုႏွစ္အတြင္း ျမန္မာ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔အၾကား ကုန္သြယ္မႈပမာဏသည္ အေမရိကန္ေဒၚ လာ (၂)ဘီလ်ံေက်ာ္ရွိခဲ့ေၾကာင္း စိုက္ပ်ိဳးေရး ၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးမင္းေနာင္က ေျပာၾကားခဲ့သည္။
၎က ၿပီးခဲ့သည့္ ဧၿပီလ ၂၅ ရက္တြင္ တ႐ုတ္ႏိုင္ငံ ၊ ေပက်င္းၿမိဳ႕၌ က်င္းပသည့္ အာဆီယံ−တ႐ုတ္ စိုက္ ပ်ိဳးေရးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ စားေရရိကၡာဖူလုံမႈရွိေစေရး အထိမ္းအမွတ္ဖြင့္ပြဲအခမ္းအနား၌ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေဒသတြင္း ႏွင့္ ကမာၻလုံးဆိုင္ရာ စားေရရိကၡာဖူလုံေစေရးအတြက္ ၂ဝ၂၂ - ၂ဝ၂၃ ခုႏွစ္အတြင္း လယ္ယာထြက္ကုန္မ်ားကို ယခင္ႏွစ္မ်ားထက္ ျပည္ပသို႔ပိုမိုတင္ပို႔ႏိုင္ခဲ့ပါေၾကာင္း ဦးမင္းေနာင္ကဆိုသည္။
၂ဝ၂၂-၂ဝ၂၃ ခုႏွစ္အတြင္း တ႐ုတ္ႏွင့္ ျမန္မာတို႔အၾကား ကုန္သြယ္မႈပမာဏသည္ အေမရိကန္ေဒၚလာ (၂)ဘီလ်ံေက်ာ္ရွိခဲ့ၿပီး ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံလယ္ယာက႑ပူးေပါင္းေဆာင္႐ြက္ေရးလုပ္ငန္းမ်ား ၊ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္မႈ အစီအစဥ္ ႏွင့္ ပိုးလမ္းမစီမံကိန္းတို႔မွတစ္ဆင့္ ရရွိခဲ့ျခင္းျဖစ္ ေၾကာင္း ၎မွဆက္လက္ေျပာဆိုထားသည္။
ျမန္မာႏိုင္ငံမွ တ႐ုတ္သို႔ ဆန္ ႏွင့္ ပဲမ်ိဳးစုံကိုသာ အမ်ားဆုံးတင္ပို႔ခဲ့သည့္အျပင္ မူဆယ္နယ္စပ္ဂိတ္၊ ခ်င္းေ႐ႊေဟာ္ နယ္စပ္ဂိတ္မွတစ္ဆင့္ ေျပာင္း ၊ ႀကံ ႏွင့္ အျခားလယ္ယာထြက္ကုန္မ်ားကိုလည္း တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဘက္မွလည္း စက္မႈလက္မႈပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ စားေသာက္ကုန္ ပစၥည္းမ်ား၊ ယာဥ္ယႏၲရားႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ အဝတ္အထည္ႏွင့္ အထည္အလိပ္မ်ား၊ ဆက္သြယ္ေရး ပစၥည္းမ်ားကို တင္သြင္းလ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းများ၌ လာမည့်ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလ အသိပေး
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း