ရွေးကောက်ပွဲရလဒ်များကိုလက်ခံသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာပြော
ဂျန်ဇက် (NP News) - ဧပြီ ၂၄
ထိုင်းဝန်ကြီးချုပ်ဖြစ်သလို ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ပရာယွတ်ချန်အိုချာက ၎င်းအနေနဲ့ လာမယ့် မေလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ ထွက်ပေါ်လာမယ့် ရလဒ်များကို လက်ခံသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပရာယွတ်ချန်အိုချာက "ကျွန်တော်ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်လည်း အိမ်ကို ပြန်မှာပါ"လို့ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်က ဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန်တာဝန်ယူခွင့်ရဖို့ ၎င်းရဲ့ညီညွတ်သော ထိုင်းအမျိုး သားပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ လုံလောက်သော မဲအနိုင်ရမှုများဖြစ်လာမယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။ ထိုင်းရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဟာ တစ်ပါတီကို ဝန်ကြီးချုပ်လောင်း အမည်စာရင်း သုံးဦးပေးသွင်းထားရပြီး ပရာယွတ်ချန်အိုချာဟာ ညီညွတ်သော ထိုင်းအမျိုးသားပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံထားရသူဖြစ်ကြောင်း၊ ဝန်ကြီးချုပ်လောင်းအဖြစ်အမည်စာရင်းတင်သွင်းခံထားရသူ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရဖို့ နိုင်ငံရေးပါတီတစ်ခုဟာ အောက်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ပေါင်းအနည်းဆုံး (၂၅)ရာခိုင်နှုန်းရှိဖို့ လိုအပ်ကြောင်း သိရပါတယ်။
ပရာယွတ်ချန်အိုချာက "ကျွန်တော်တို့ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ရှိ နေရာများအနက် နေရာပေါင်း အနည်းဆုံး (၂၅)ရာခိုင်နှုန်းရရှိမယ်လို့ ယုံကြည်ထားတယ်။ ကျွန်တော့်ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူစေလိုသလားဆိုတဲ့အချက်ကတော့ ပြည်သူတွေအပေါ်မှာ အဓိကမူတည်နေတယ်။ ရွေးကောက်ပွဲမှာ မနိုင်ခဲ့ဘူးဆိုရင်အခြားသူတစ်ဦးက ဝန်ကြီးချုပ်နေရာကို ရယူမှာဖြစ်တယ်"လို့ပြောပါတယ်။
ပရာယွတ်ချန်အိုချာဟာ ၂ဝ၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ Palang Pracharath ပါတီကိုယ် စားပြုပြီး ဝန်ကြီးချုပ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ရာအနိုင်ရခဲ့ပေမယ့်လည်း ပါတီခေါင်းဆောင်ဖြစ်သလို ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ ပရာဝစ် နဲ့ အငြင်းပွားမှုများရှိခဲ့တဲ့အတွက် ညီညွတ်တဲ့ထိုင်းအမျိုးသားပါတီကို ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ ပရာယွတ်ချန်အိုချာက ၎င်းဟာ Palang Pracharath ပါတီခေါင်း ဆောင် ပရာဝစ် နဲ့ နိုင်ငံရေးအမြင်ကွဲပြားပေမယ့်လည်း ညီအကိုတွေသာဖြစ်တယ်လို့ မကြာသေးမီကပြောခဲ့ဖူးပါတယ်။
zawgyi version
ေ႐ြးေကာက္ပြဲရလဒ္မ်ားကိုလက္ခံသြားမွာျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၄
ထိုင္းဝန္ႀကီးခ်ဳပ္ျဖစ္သလို ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတစ္ဦးျဖစ္တဲ့ ပရာယြတ္ခ်န္အိုခ်ာက ၎အေနနဲ႔ လာမယ့္ ေမလအတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ထြက္ေပၚလာမယ့္ ရလဒ္မ်ားကို လက္ခံသြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ပရာယြတ္ခ်န္အိုခ်ာက "ကြၽန္ေတာ္ဟာ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္လည္း အိမ္ကို ျပန္မွာပါ"လို႔ေျပာပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္က ဝန္ႀကီးခ်ဳပ္အျဖစ္ တစ္ေက်ာ့ျပန္တာဝန္ယူခြင့္ရဖို႔ ၎ရဲ႕ညီၫြတ္ေသာ ထိုင္းအမ်ိဳး သားပါတီဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ လုံေလာက္ေသာ မဲအႏိုင္ရမႈမ်ားျဖစ္လာမယ္လို႔ ယုံၾကည္ထားေၾကာင္း ေျပာပါတယ္။ ထိုင္းေ႐ြးေကာက္ပြဲမွာပါဝင္ယွဥ္ၿပိဳင္မယ့္ ႏိုင္ငံေရးပါတီေတြဟာ တစ္ပါတီကို ဝန္ႀကီးခ်ဳပ္ေလာင္း အမည္စာရင္း သုံးဦးေပးသြင္းထားရၿပီး ပရာယြတ္ခ်န္အိုခ်ာဟာ ညီၫြတ္ေသာ ထိုင္းအမ်ိဳးသားပါတီရဲ႕ ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အမည္စာရင္းတင္သြင္းခံထားရသူျဖစ္ေၾကာင္း၊ ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္အမည္စာရင္းတင္သြင္းခံထားရသူ ဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးခ်ယ္ခံရဖို႔ ႏိုင္ငံေရးပါတီတစ္ခုဟာ ေအာက္လႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္းအနည္းဆုံး (၂၅)ရာခိုင္ႏႈန္းရွိဖို႔ လိုအပ္ေၾကာင္း သိရပါတယ္။
ပရာယြတ္ခ်န္အိုခ်ာက "ကြၽန္ေတာ္တို႔ပါတီဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ ေအာက္လႊတ္ေတာ္ရွိ ေနရာမ်ားအနက္ ေနရာေပါင္း အနည္းဆုံး (၂၅)ရာခိုင္ႏႈန္းရရွိမယ္လို႔ ယုံၾကည္ထားတယ္။ ကြၽန္ေတာ့္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္တာဝန္ယူေစလိုသလားဆိုတဲ့အခ်က္ကေတာ့ ျပည္သူေတြအေပၚမွာ အဓိကမူတည္ေနတယ္။ ေ႐ြးေကာက္ပြဲမွာ မႏိုင္ခဲ့ဘူးဆိုရင္အျခားသူတစ္ဦးက ဝန္ႀကီးခ်ဳပ္ေနရာကို ရယူမွာျဖစ္တယ္"လို႔ေျပာပါတယ္။
ပရာယြတ္ခ်န္အိုခ်ာဟာ ၂ဝ၁၉ ခုႏွစ္က က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ Palang Pracharath ပါတီကိုယ္ စားျပဳၿပီး ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာအႏိုင္ရခဲ့ေပမယ့္လည္း ပါတီေခါင္းေဆာင္ျဖစ္သလို ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ပရာဝစ္ နဲ႔ အျငင္းပြားမႈမ်ားရွိခဲ့တဲ့အတြက္ ညီၫြတ္တဲ့ထိုင္းအမ်ိဳးသားပါတီကို ေျပာင္းသြားခဲ့တာျဖစ္ပါတယ္။ ပရာယြတ္ခ်န္အိုခ်ာက ၎ဟာ Palang Pracharath ပါတီေခါင္း ေဆာင္ ပရာဝစ္ နဲ႔ ႏိုင္ငံေရးအျမင္ကြဲျပားေပမယ့္လည္း ညီအကိုေတြသာျဖစ္တယ္လို႔ မၾကာေသးမီကေျပာခဲ့ဖူးပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယား နဲ့ အီရတ်နိုင်ငံရှိ တပ်ဖွဲ့ဝင်များကို ပြန်ရုတ်သိမ်းတော့မှာဖြစ်ကြောင်း ဒိန်းမတ် စစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ