လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် တာဝါတိုင်(၃)တိုင်အား ဓာတ်အားပြည့်ဝစွာ ပြန်လည်သုံးနိုင်ရန် ပြုပြင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်မည်
ယွန်း (NP News) - ဧပြီ ၂၃
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် တာဝါတိုင်(၃)တိုင်အား ဓာတ်အားပြည့်ဝစွာ ပြန်လည်သုံးနိုင်ရန် ပြုပြင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဧပြီလ(၂၂)ရက်တွင် အဆိုပါ ပျက်စီးခဲ့သည့် တာဝါတိုင်များ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုခဲ့သည်။
မန္တလေးတိုင်း၊ တံတားဦးမြို့အနီးမှ ဖြတ်တန်းသွယ်တန်းထားသည့် (၂၃ဝ)ကေဗွီ ဘဲလင်း- အုန်းတော မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ်(၆၇)၊(၆၈)၊(၆၉) တာဝါတိုင်(၃)တိုင်သည် ပြီးခဲ့သည့် ဧပြီလ(၂ဝ)ရက်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် ပြန်လည်ပြုပြင်ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများလျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့သည်။
အဆိုပါ (၂၃ဝ)ကေဗွီ ဘဲလင်း- အုန်းတော မဟာဓာတ်အားလိုင်းသည် လျှပ်စစ်ဓာတ်အား(၃၄ဝ)မဂ္ဂါဝပ်ခန့်ကို စစ်ကိုင်းအပါအဝင် မကွေး၊ ကချင်နှင့် ချင်းပြည်အတွင်းရှိ မြို့ရွာဒေသများသို့ ဓာတ်အားပို့လွှတ် လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း(၂၅ဝ)ဖြင့် အဖွဲ့(၃)ဖွဲ့ခွဲကာ ဓာတ်အားလိုင်းတာဝါတိုင် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
zawgyi version
ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးခဲ့သည့္ တာဝါတိုင္(၃)တိုင္အား ဓာတ္အားျပည့္ဝစြာ ျပန္လည္သုံးႏိုင္ရန္ ျပဳျပင္ေရးလုပ္ငန္းမ်ား အျမန္ေဆာင္႐ြက္မည္
ယြန္း (NP News) - ဧၿပီ ၂၃ေ
လျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးခဲ့သည့္ တာဝါတိုင္(၃)တိုင္အား ဓာတ္အားျပည့္ဝစြာ ျပန္လည္သုံးႏိုင္ရန္ ျပဳျပင္ေရးလုပ္ငန္းမ်ား အျမန္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
လွ်ပ္စစ္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္က ဧၿပီလ(၂၂)ရက္တြင္ အဆိုပါ ပ်က္စီးခဲ့သည့္ တာဝါတိုင္မ်ား ျပန္လည္ျပဳျပင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈကို သြားေရာက္ၾကည့္ရႈခဲ့သည္။
မႏၲေလးတိုင္း၊ တံတားဦးၿမိဳ႕အနီးမွ ျဖတ္တန္းသြယ္တန္းထားသည့္ (၂၃ဝ)ေကဗြီ ဘဲလင္း- အုန္းေတာ မဟာဓာတ္အားလိုင္းရွိ တာဝါတိုင္အမွတ္(၆၇)၊(၆၈)၊(၆၉) တာဝါတိုင္(၃)တိုင္သည္ ၿပီးခဲ့သည့္ ဧၿပီလ(၂ဝ)ရက္တြင္ မိုးသက္ေလျပင္း တိုက္ခတ္မႈေၾကာင့္ ၿပိဳလဲပ်က္စီးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လက္ရွိတြင္ ျပန္လည္ျပဳျပင္ျပင္ဆင္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ရာတြင္ ျပည္သူမ်ားလွ်ပ္စစ္ဓာတ္အား ျပည့္ဝစြာ အျမန္ဆုံးသုံးစြဲႏိုင္ေရးအတြက္ ျပင္ဆင္ေရးလုပ္ငန္းမ်ားကို အျမန္ဆုံးၿပီးစီးေအာင္ ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုခဲ့သည္။
အဆိုပါ (၂၃ဝ)ေကဗြီ ဘဲလင္း- အုန္းေတာ မဟာဓာတ္အားလိုင္းသည္ လွ်ပ္စစ္ဓာတ္အား(၃၄ဝ)မဂၢါဝပ္ခန႔္ကို စစ္ကိုင္းအပါအဝင္ မေကြး၊ ကခ်င္ႏွင့္ ခ်င္းျပည္အတြင္းရွိ ၿမိဳ႕႐ြာေဒသမ်ားသို႔ ဓာတ္အားပို႔လႊတ္ လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ လွ်ပ္စစ္ကြၽမ္းက်င္ဝန္ထမ္း(၂၅ဝ)ျဖင့္ အဖြဲ႕(၃)ဖြဲ႕ခြဲကာ ဓာတ္အားလိုင္းတာဝါတိုင္ ျပန္လည္ျပဳျပင္တည္ေဆာက္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စဉ့်ကူးမြို့နယ်တွင် အမျိုးသား(၂)ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း