ထိုင်းစစ်သင်္ဘောနစ်မြုပ်ပြီးနောက် သေဆုံးသူဦးရေမှာ အနည်းဆုံး(၁၈)ဦးအထိ မြင့်တက်လာ
Pika (NP News) - ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံ ပင်လယ်ကွေ့တွင် ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းစစ်သင်္ဘောတစ်စီးနစ်မြုပ်သွားပြီးနောက် ကယ်ဆယ်မှုများလုပ်ဆောင်ခဲ့ရာ နောက်ထပ်ရုပ်အလောင်း(၃)လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရေတပ်က ပြောကြားခဲ့သည်။
HTMS Sukhothai အမည်ရှိ စစ်သင်္ဘောသည် ဒီဇင်ဘာ(၁၈)ရက်က ထိုင်းနိုင်ငံ အရှေ့ တောင်ဖက်ကမ်းရိုးတန်းနှင့် (၃၇) ကီလိုမီတာအကွာတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောသား (၁ဝ၆)ဦးအနက် (၇၆) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ထိုင်းရေတပ် ပြောရေးဆိုခွင့်ရှိသူ Pogkrong Montradpalin က "ကျွန်တော်တို့ နောက်ထပ် ရုပ်အလောင်းသုံးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီအလောင်းတွေကို ခွဲစိတ်စစ်ဆေးဖို့ ပို့ဆောင်ထားပြီးပါပြီ” ဟု ပြောကြားခဲ့သည်။
ဆီယိုစိမ့်မှုများဖြစ်ပွားခဲ့သော သင်္ဘောအနီးတစ်ဝိုက် နှင့် အဆိုပါစစ်သင်္ဘောနစ်မြုပ်ခဲ့သော နေရာနှစ်ခုကို ဘေးအန္တရာယ်ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ခဲ့ကြောင်း ထိုင်းရေတပ်ပြောရေးဆိုခွင့်ရှိသူ Pogkrong Montradpalin က ပြောကြားခဲ့သည်။ အဆိုပါစစ်သင်္ဘောနစ်မြုပ်ပြီးနောက် နောက်ထပ်ရုပ်အလောင်းတစ်လောင်းကို ဒီဇင်ဘာ(၂၄)ရက်တွင် တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် နောက်ထပ်နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း သေဆုံးသူဦးရေမှာ စုစုပေါင်း(၁၈)ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထိုင်းရေတပ်ပြောရေးဆိုခွင့်ရှိသူ Pogkrong Montradpalin က ပြောဆိုခဲ့သည်။ ပျောက်ဆုံးလျက်ရှိနေသော လူ(၃ဝ) ဦးအနက် (၁၈)ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိထားသော်လည်း ကျန်(၁၂) ဦး၏ ရုပ်အလောင်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထိုင်းစစ်ဖက်က ထပ်မံပြောကြားခြင်းမျိုး မရှိသေးကြောင်းသိရသည်။
ရေတပ်ဗိုလ်ချုပ်ကြီး Chonlathis Navanugraha က အဆိုပါဖြစ်ရပ်သည် ရေတပ်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ရပ်များထဲမှ တစ်ခုဖြစ်ကြောင်း ဒီဇင်ဘာ(၂ဝ) ရက်တွင် ပြောကြားခဲ့သည်။
Zawgyi Version;
ထိုင္း စစ္သေဘၤာနစ္ျမဳပ္ၿပီးေနာက္ ေသဆုံးသူဦးေရမွာ အနည္းဆုံး(၁၈)ဦးအထိ ျမင့္တက္လ
ာPika (NP News) - ဒီဇင္ဘာ ၂၆
ထိုင္းႏိုင္ငံ ပင္လယ္ေကြ႕တြင္ ၿပီးခဲ့သည့္သီတင္းပတ္က ထိုင္းစစ္သေဘၤာတစ္စီးနစ္ျမဳပ္သြားၿပီးေနာက္ ကယ္ဆယ္မႈမ်ားလုပ္ေဆာင္ခဲ့ရာ ေနာက္ထပ္႐ုပ္အေလာင္း(၃)ေလာင္းကို ထပ္မံရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ထိုင္းေရတပ္က ေျပာၾကားခဲ့သည္။
HTMS Sukhothai အမည္ရွိ စစ္သေဘၤာသည္ ဒီဇင္ဘာ(၁၈)ရက္က ထိုင္းႏိုင္ငံ အေရွ႕ ေတာင္ဖက္ကမ္း႐ိုးတန္းႏွင့္ (၃၇) ကီလိုမီတာအကြာတြင္ နစ္ျမဳပ္ခဲ့ျခင္းျဖစ္ၿပီး သေဘၤာသား (၁ဝ၆)ဦးအနက္ (၇၆) ဦးကို ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ထိုင္းေရတပ္ ေျပာေရးဆိုခြင့္ရွိသူ Pogkrong Montradpalin က "ကြၽန္ေတာ္တို႔ ေနာက္ထပ္ ႐ုပ္အေလာင္းသုံး ေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲဒီအေလာင္းေတြကို ခြဲစိတ္စစ္ေဆးဖို႔ ပို႔ေဆာင္ထားၿပီးပါၿပီ” ဟု ေျပာၾကားခဲ့သည္။
ဆီယိုစိမ့္မႈမ်ားျဖစ္ပြားခဲ့ေသာ သေဘၤာအနီးတစ္ဝိုက္ ႏွင့္ အဆိုပါစစ္သေဘၤာနစ္ျမဳပ္ခဲ့ေသာ ေနရာႏွစ္ခုကို ေဘးအႏၲရာယ္ကာကြယ္ေရးဇုန္အျဖစ္ သတ္မွတ္ခဲ့ေၾကာင္း ထိုင္းေရတပ္ေျပာေရးဆိုခြင့္ရွိသူ Pogkrong Montradpalin က ေျပာၾကားခဲ့သည္။ အဆိုပါ စစ္သေဘၤာနစ္ျမဳပ္ၿပီးေနာက္ ေနာက္ထပ္႐ုပ္အေလာင္းတစ္ေလာင္းကို ဒီဇင္ဘာ(၂၄)ရက္တြင္ ေတြ႕ရွိခဲ့ၿပီး ေနာက္ပိုင္းတြင္ ေနာက္ထပ္ႏွစ္ဦးကို ေတြ႕ရွိခဲ့ေၾကာင္း ေသဆုံးသူဦးေရမွာ စုစုေပါင္း(၁၈)ဦးအထိ ရွိလာၿပီျဖစ္ ေၾကာင္း ထိုင္းေရတပ္ ေျပာေရးဆိုခြင့္ရွိသူ Pogkrong Montradpalin က ေျပာဆိုခဲ့သည္။
ေပ်ာက္ဆုံးလ်က္ရွိေနေသာ လူ(၃ဝ) ဦးအနက္ (၁၈)ဦး၏ ႐ုပ္အေလာင္းကို ျပန္လည္ေတြ႕ရွိထားေသာ္လည္း က်န္(၁၂) ဦး၏ ႐ုပ္အေလာင္းႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ထိုင္းစစ္ဖက္က ထပ္မံေျပာၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Chonlathis Navanugraha က အဆိုပါျဖစ္ရပ္သည္ ေရတပ္သမိုင္းတြင္ အဆိုး႐ြားဆုံးျဖစ္ရပ္မ်ားထဲမွ တစ္ခုျဖစ္ေၾကာင္း ဒီဇင္ဘာ(၂ဝ) ရက္တြင္ ေျပာၾကားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး တရုတ်စစ်ဘက်ဗိုလ်မှူးကြီး ဝေဖန်
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း