ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုညွှန်ချုပ်အား သေနတ်ဖြင့် (၁၂)ချက် ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်မှု ရန်ကုန်မြို့၌ ဖြစ်ပွား
Pearl (NP News) - ဧပြီ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုညွှန်ချုပ်တစ်ဦးအား သေနတ်ဖြင့် (၁၂)ချက် ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်မှု ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူသည် ယနေ့(ဧပြီလ ၂၂ ရက်)၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ရန်ကုန်မြို့၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်း အရင်းအမြစ်က NP News ကို ပြောသည်။
ဒုညွှန်ချုပ် ဦးစိုင်းကျော်သူသည် ဇနီးဖြစ်သူ ဆရာဝန်အား ဆေးခန်းသို့ ပို့ဆောင်ပြီးနောက် ပြန်လာစဉ်အချိန်တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အောင်ရတနာဆေးရုံအနီး ရောက်ရှိစဉ်အချိန်တွင် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။
အကြမ်းဖက်သမားများသည် ဦးစိုင်းကျော်သူအား သေနတ်ဖြင့် (၁၂)ချက်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းကြောင့် ၎င်း၏ လည်းပင်၊ ဦးခေါင်း၊ ရင်ဘတ်နှင့် လက်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရပြီးနောက် ဒုညွှန်ချုပ်ဦးစိုင်းကျော်သူအား သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်စဉ်အချိန်တွင် လမ်းခရီး၌ သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်မှာ မှန်ကန်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို အတည်ပြုပြောဆိုထားသည်။
ဒုညွှန်ချုပ် ဦးစိုင်းကျော်သူသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးဝင်းမြင့်အား ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးမှုဖြင့် တရားစွဲဆိုခဲ့သော အမှုတွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
zawgyi version
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ဒုၫႊန္ခ်ဳပ္အား ေသနတ္ျဖင့္ (၁၂)ခ်က္ ပစ္ခတ္ကာ လုပ္ႀကံသတ္ျဖတ္မႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြား
Pearl (NP News) - ဧၿပီ ၂၂
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ဒုၫႊန္ခ်ဳပ္တစ္ဦးအား ေသနတ္ျဖင့္ (၁၂)ခ်က္ ပစ္ခတ္ကာ လုပ္ႀကံသတ္ျဖတ္မႈ ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးစိုင္းေက်ာ္သူသည္ ယေန႔(ဧၿပီလ ၂၂ ရက္)၊ ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္ၿမိဳ႕၌ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္း အရင္းအျမစ္က NP News ကို ေျပာသည္။
ဒုၫႊန္ခ်ဳပ္ ဦးစိုင္းေက်ာ္သူသည္ ဇနီးျဖစ္သူ ဆရာဝန္အား ေဆးခန္းသို႔ ပို႔ေဆာင္ၿပီးေနာက္ ျပန္လာစဥ္အခ်ိန္တြင္ ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ေအာင္ရတနာေဆး႐ုံအနီး ေရာက္ရွိစဥ္အခ်ိန္တြင္ အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။
အၾကမ္းဖက္သမားမ်ားသည္ ဦးစိုင္းေက်ာ္သူအား ေသနတ္ျဖင့္ (၁၂)ခ်က္ထက္မနည္း ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ၎၏ လည္းပင္၊ ဦးေခါင္း၊ ရင္ဘတ္ႏွင့္ လက္တို႔တြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခံရၿပီးေနာက္ ဒုၫႊန္ခ်ဳပ္ဦးစိုင္းေက်ာ္သူအား သဃၤန္းကြၽန္းေဆး႐ုံသို႔ ပို႔ေဆာင္စဥ္အခ်ိန္တြင္ လမ္းခရီး၌ ေသဆုံးသြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးစိုင္းေက်ာ္သူ ေသနတ္ျဖင့္ ပစ္သတ္ခံရသည့္ျဖစ္စဥ္မွာ မွန္ကန္ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားကို အတည္ျပဳေျပာဆိုထားသည္။
ဒုၫႊန္ခ်ဳပ္ ဦးစိုင္းေက်ာ္သူသည္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတေဟာင္းဦးဝင္းျမင့္အား ေ႐ြးေကာက္ပြဲေကာ္မရွင္အေပၚ မေလ်ာ္ၾသဇာသုံးမႈျဖင့္ တရားစြဲဆိုခဲ့ေသာ အမႈတြင္ တရားလိုျပသက္ေသအျဖစ္ ထြက္ဆိုခဲ့ဖူးသူျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းလိုအပ်နေသော စစ်လက်နက်ပစ္စည်းများကို အနောက်အုပ်စုနိုင်ငံများက အပြည့်အဝပေးပို့နိုင်ခြင်းမရှိသေးဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း