ကော့ကရိတ်မြို့ရှိ ဘုန်းကြီးကျောင်းအတွင်း ဗုံး(၃)လုံးကျရောက်ပေါက်ကွဲခဲ့ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာတော်(၃)ပါးနှင့် ကလေးငယ်တို့ဒဏ်ရာရရှိ
မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၆
ကော့ကရိတ်မြို့ရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ဒရုန်းဖြင့် သယ်လာသည့် ဗုံး(၃) လုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာ(၃)ပါးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂၆ ရက်) ၊ နေ့လည် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အစွန်ရှိ ရွှေကြက်ယက်ဘုန်းကြီး ကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
“ဟုတ်တယ်ဗျ။ ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ဖြစ်တာ။ အဲဒီရွှေကြက်ယက်ဘုန်း ကြီးကျောင်းမှာ Drone နဲ့ ဗုံး (၃)လုံးကျဲတယ်။ ဘုန်းကြီးကျောင်းက ကော့ကရိတ်မြို့ အစွန်းမှာ ရှိတာပေါ့။ လက်ရှိ အခင်းဖြစ်နေတဲ့ ကော့နွယ်ကွေ့နေရာနဲ့ အရမ်းနီးတယ်ဗျ။ သူကတော့ အတွင်းဘက်တော့ နည်းနည်းကျတာပေါ့” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။
ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး အခြားသော သံဃာတော်(၃)ပါးနှင့် (၁ဝ)နှစ် အရွယ်ကလေးငယ် ဘုန်ကြီးကျောင်းသားလေးတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ပထမဆုံး ဦးပဉ္ဇင်းတစ်ပါး ပေါင်မှာ ဒဏ်ရာရတယ်။ နောက်ပြီးတော့ (၁ဝ)နှစ်အရွယ် ဘုန်းကြီးကျောင်းသား ကလေးတစ်ဦးကတော့ ကျောခုံးဘက်မှာ ဒဏ်ရာရတယ်။ နောက်ထပ် ဦးပဉ္ဇင်း(၃)ပါးလည်း ဒဏ်ရာရတယ်။ အားလုံး သံဃာ(၄) ပါး နဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့။ အဲဒီအထဲမှာမှ အသက်အရွယ်ကြီးတဲ့ သံဃာတစ်ပါးကတော့ ပျံလွန်တော်မူ သွားတယ်ဗျ” ဟု ကော့ကရိတ်မြို့ခံသတင်းအရင်း အမြစ်တစ်ဦးက ဆိုသည်။
လက်ရှိတွင် သံဃာတော်တစ်ပါးနှင့် ဘုန်းကြီးကျောင်းသားကလေးငယ်တစ်ဦးကို ဘားအံဆေးရုံရှိ အရေးပေါ်ဌာနသို့ ပို့ဆောင်ကုသပေးလျက်ရှိပြီး ကျန်ရှိသော သံဃာတော်များမှာ ကော့ကရိတ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
“အသက်အရွယ်နည်းနည်းကြီးတဲ့ သံဃားတစ်ပါးက ဦးခေါင်းကို ထိထားတာပေါ့။ အရေးပေါ်လူနာအဖြစ်နဲ့ ဆေးရုံကြီးကို ရောက်လာတော့ ဆေးရုံမှာ CPR တွေ၊ ဘာတွေ လုပ်ဖို့ ကြိုးစားသေးတယ်။ ဦးခေါင်းဒဏ်ရာက နည်းနည်းပြင်းထန်တော့ ကြည့်လိုက်တော့ သံဃာတော်က နှလုံးခုန်တာက ရပ်နေပြီ။ ဆုံးသွားပြီပေါ့” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရွှေကြက်ယက်ဘုန်းကြီးကျောင်းအတွင်းရှိ ဆွမ်းစားကျောင်းဆောင်တစ်ခုမှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
zawgyi version
ေကာ့ကရိတ္ၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းအတြင္း ဗုံး(၃)လုံးက်ေရာက္ေပါက္ကြဲခဲ့ရာ သံဃာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး သံဃာေတာ္(၃)ပါးႏွင့္ ကေလးငယ္တို႔ဒဏ္ရာရရွိ
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၆
ေကာ့ကရိတ္ၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္းဝန္းအတြင္း ဒ႐ုန္းျဖင့္ သယ္လာသည့္ ဗုံး(၃) လုံးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ သံဃာတစ္ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး သံဃာ(၃)ပါးႏွင့္ ကေလးငယ္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၂၆ ရက္) ၊ ေန႔လည္ ၁၁ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕အစြန္ရွိ ေ႐ႊၾကက္ယက္ဘုန္းႀကီးေက်ာင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
“ဟုတ္တယ္ဗ်။ ၁၁ နာရီ ၄၅ မိနစ္ေလာက္မွာ ျဖစ္တာ။ အဲဒီေ႐ႊၾကက္ယက္ဘုန္း ႀကီးေက်ာင္းမွာ Drone နဲ႔ ဗုံး (၃)လုံးက်ဲတယ္။ ဘုန္းႀကီးေက်ာင္းက ေကာ့ကရိတ္ၿမိဳ႕ အစြန္းမွာ ရွိတာေပါ့။ လက္ရွိ အခင္းျဖစ္ေနတဲ့ ေကာ့ႏြယ္ေကြ႕ေနရာနဲ႔ အရမ္းနီးတယ္ဗ်။ သူကေတာ့ အတြင္းဘက္ေတာ့ နည္းနည္းက်တာေပါ့” ဟု အထက္ပါ သတင္းအရင္းအျမစ္က ေျပာ သည္။
ထိုသို႔ ဗုံးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ သံဃာေတာ္တစ္ပါး ပ်ံလြန္ေတာ္မူခဲ့ၿပီး အျခားေသာ သံဃာေတာ္(၃)ပါးႏွင့္ (၁ဝ)ႏွစ္ အ႐ြယ္ကေလးငယ္ ဘုန္ႀကီးေက်ာင္းသားေလးတစ္ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ပထမဆုံး ဦးပၪၨင္းတစ္ပါး ေပါင္မွာ ဒဏ္ရာရတယ္။ ေနာက္ၿပီးေတာ့ (၁ဝ)ႏွစ္အ႐ြယ္ ဘုန္းႀကီးေက်ာင္းသား ကေလးတစ္ဦးကေတာ့ ေက်ာခုံးဘက္မွာ ဒဏ္ရာရတယ္။ ေနာက္ထပ္ ဦးပၪၨင္း(၃)ပါးလည္း ဒဏ္ရာရတယ္။ အားလုံး သံဃာ(၄) ပါး နဲ႔ ေက်ာင္းသားေလးတစ္ေယာက္ေပါ့။ အဲဒီအထဲမွာမွ အသက္အ႐ြယ္ႀကီးတဲ့ သံဃာတစ္ပါးကေတာ့ ပ်ံလြန္ေတာ္မူ သြားတယ္ဗ်” ဟု ေကာ့ကရိတ္ၿမိဳ႕ခံသတင္းအရင္း အျမစ္တစ္ဦးက ဆိုသည္။
လက္ရွိတြင္ သံဃာေတာ္တစ္ပါးႏွင့္ ဘုန္းႀကီးေက်ာင္းသားကေလးငယ္တစ္ဦးကို ဘားအံေဆး႐ုံရွိ အေရးေပၚဌာနသို႔ ပို႔ေဆာင္ကုသေပးလ်က္ရွိၿပီး က်န္ရွိေသာ သံဃာေတာ္မ်ားမွာ ေကာ့ကရိတ္ေဆး႐ုံ၌ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။
“အသက္အ႐ြယ္နည္းနည္းႀကီးတဲ့ သံဃားတစ္ပါးက ဦးေခါင္းကို ထိထားတာေပါ့။ အေရးေပၚလူနာအျဖစ္နဲ႔ ေဆး႐ုံႀကီးကို ေရာက္လာေတာ့ ေဆး႐ုံမွာ CPR ေတြ၊ ဘာေတြ လုပ္ဖို႔ ႀကိဳးစားေသးတယ္။ ဦးေခါင္းဒဏ္ရာက နည္းနည္းျပင္းထန္ေတာ့ ၾကည့္လိုက္ေတာ့ သံဃာေတာ္က ႏွလုံးခုန္တာက ရပ္ေနၿပီ။ ဆုံးသြားၿပီေပါ့” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။
ထိုသို႔ ဗုံးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေ႐ႊၾကက္ယက္ဘုန္းႀကီးေက်ာင္းအတြင္းရွိ ဆြမ္းစားေက်ာင္းေဆာင္တစ္ခုမွာလည္း ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းစစ်သင်္ဘောနစ်မြုပ်ပြီးနောက် သေဆုံးသူဦးရေမှာ အနည်းဆုံး(၁၈)ဦးအထိ မြင့်တက်လာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း