Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သထုံ-ဘားအံကားလမ်းပေါ်၌ ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ (၁)ဦးသေဆုံးခဲ့ပြီး ကားပေါ်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

NP News - ဧပြီ ၂၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သထုံ-ဘားအံကားလမ်းပေါ်တွင် ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ (၁)ဦးသေဆုံးခဲ့ပြီး ကားပေါ်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၂ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်တွင် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ အုပ်စု၊ သထုံ-ဘားအံ ကားလမ်းပေါ်တွင် ကားတစ်စီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။

Nissan Xtrial အမျိုးအစားကားတစ်စီးသည် သထုံမြို့ဘက်မှ ဘားအံမြို့ဘက်သို့ မောင်းနှင်လာစဉ်အချိန်တွင် အခင်းဖြစ်ပွားရာနေရာအရောက်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“ပေါက်ကွဲမှုဖြစ်စဉ်က သထုံမြို့နယ်ဘက်မှာ ဖြစ်တာမဟုတ်ပါဘူး။ မြိုင်ကလေးကျေးရွာနားမှာ ဖြစ်တာပါ။ အဲဒါက ကရင်ပြည်နယ်အပိုင်ထဲမှာပါ။ လတ်တလောမှာတော့ ကားပေါ်မှာ သယ်လာတဲ့ ဗုံးကပဲ ပေါက်ကွဲသွားတာလို့ သိရတယ်။ ယာဉ်မောင်းတော့ သေသွားတယ်။ လက်နက်အချို့လည်း သိမ်းဆည်းရမိထားတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ ကားပေါက်ကွဲမှုကြောင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးမှာ နေရာတွင်ပင် ဦးခေါင်းပြတ်ထွက်ကာ သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါလာသော အခြားအမျိုးသားတစ်ဦးမှာ ကားပေါ်မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ကားပေါက်ကွဲမှုဖြစ်စဉ်အား သွားရောက်စစ်ဆေးခဲ့သော လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ၎င်းကားပေါ်မှ လက်နက်ခဲယမ်းအချို့နှင့် ဖုန်းနှစ်လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

zawgyi version


NP News - ဧပြီ ၂၂







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရာသီဥတုဖောက်ပြန်မှုအပေါ် ထိန်းသိမ်းမှုများပြုလုပ်ရန် လန်ဒန်မှာ (၄)ရက်ကြာ လူထုလှုပ်ရှားဆန္ဒပြမှု စတင်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved