စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်အတွင်းရှိ KIA/PDF အဖွဲ့ဝင် (၁၅)ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဟု နစကထုတ်ပြန်
Pearl (NP News) - ဧပြီ ၂၂
စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော KIA/PDF အဖွဲ့ဝင် (၁၅)ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း နစကမှထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (ဧပြီလ ၂၁ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၎င်းတို့အား ယမန်နေ့ (ဧပြီလ၂၁ ရက်)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ တမူးမြို့နယ်၊ ကသာမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့မှ KIA/PDF အဖွဲ့ဝင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၈ ဦးတို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း နစကမှ ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါ (၈)ဦးအား ယမန်နေ့ (ဧပြီလ ၂၁ ရက်)၊ နေ့လည်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်ခဲ့သူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း နစကမှ ဆိုသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားပြီးဖြစ်သည်။
zawgyi version
စစ္ကိုင္းတိုင္းႏွင့္ ရွမ္းျပည္နယ္အတြင္းရွိ KIA/PDF အဖြဲ႕ဝင္ (၁၅)ဦး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ဟု နစကထုတ္ျပန္
Pearl (NP News) - ဧၿပီ ၂၂
စစ္ကိုင္းတိုင္းႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) အတြင္းရွိ ျပစ္မႈက်ဴးလြန္ျခင္းမရွိခဲ့ေသာ KIA/PDF အဖြဲ႕ဝင္ (၁၅)ဦး ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာေၾကာင္း နစကမွထုတ္ျပန္ထားသည္။
နစကမွ ယမန္ေန႔ (ဧၿပီလ ၂၁ရက္)၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ရွမ္းျပည္နယ္ (ေတာင္ပိုင္း)မွ PDF အဖြဲ႕ဝင္ အမ်ိဳးသား ၅ ဦးႏွင့္ အမ်ိဳးသမီး ၂ ဦးတို႔ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ၎တို႔အား ယမန္ေန႔ (ဧၿပီလ၂၁ ရက္)၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ သံလြင္ခန္းမ၌ ႀကိဳဆိုလက္ခံခဲ့ေၾကာင္း သိရသည္။
အလားတူ စစ္ကိုင္းတိုင္းအတြင္းရွိ တမူးၿမိဳ႕နယ္၊ ကသာၿမိဳ႕နယ္ႏွင့္ ေ႐ႊဘိုၿမိဳ႕နယ္တို႔မွ KIA/PDF အဖြဲ႕ဝင္ အမ်ိဳးသား ၇ ဦး၊ အမ်ိဳးသမီး ၁ ဦး၊ စုစုေပါင္း ၈ ဦးတို႔ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာေၾကာင္း နစကမွ ဆက္လက္ထုတ္ျပန္ထားသည္။
အဆိုပါ (၈)ဦးအား ယမန္ေန႔ (ဧၿပီလ ၂၁ ရက္)၊ ေန႔လည္ပိုင္းတြင္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ ေဇယ်ာသီရိခန္းမ၌ ျပန္လည္ႀကိဳဆိုလက္ခံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ျပန္လည္ဝင္ေရာက္ခဲ့သူမ်ားအား ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီး ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း နစကမွ ဆိုသည္။
PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးတို႔အေနျဖင့္ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ဥပေဒေဘာင္အတြင္းသို႔ လက္နက္အပ္ႏွံၿပီး ျပည္သူ႔ဘဝသို႔ ျပန္လည္ဝင္ေရာက္ျခင္း ျပဳမည္ဆိုပါက ႀကိဳဆိုလက္ခံသြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားၿပီးျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Alibaba တည်ထောင်သူ ဂျက်မားက ဟောင်ကောင်တက္ကသိုလ်၌ စီးပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် သင်ကြားပို့ချမှုများပြုလုပ်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ