ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ပြန်လည်ဖမ်းမိခဲ့ဟု အိန္ဒိယရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NP News) - ဧပြီ ၂၂
ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းထောင်ဖောက်ပြေးခဲ့တဲ့ မြန်မာနိုင်ငံ (၅)ဦးအနက်မှ (၂)ဦးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ အိန္ဒိယမီဇိုရမ်ပြည်နယ် Lunglei ဒေသရဲတပ်ဖွဲ့က ပြောပါတယ်။
Lunglei အကျဉ်းထောင်မှာဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ မြန်မာနိုင်ငံသား (၅)ဦးဟာပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်မှာ အကျဉ်းထောင်ဖောက်ပြေးမှုများဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပြန်လည်ဖမ်းမိခဲ့သူ မြန်မာ နိုင်ငံသားနှစ်ဦးက ၎င်းတို့ဟာ ဧပြီလ ၁၉ ရက်က ထောင်ဖောက်ပြေးခဲ့ပေမယ့်လည်း အခြားသုံးဦးနဲ့
တစ်ဖွဲ့တည်းမဟုတ်ကြောင်းထွက်ဆိုထားပါတယ်။ ထောင်ဖောက်ထွက်ပြေးလာသူ မြန်မာနိုင်ငံသား နှစ်ဦးကို ဟိုတည်မှာတည်းခိုနေထိုင်ချိန်အတွင်း Mausen ကျေးရွာရှိ မီဇိုလူငယ်အဖွဲ့ (YMA)ဝင်များက ဖမ်းပေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
Lunglei ဒေသရဲစခန်းက "မြန်မာနိုင်ငံသားနှစ်ဦးဟာ အကျဉ်းထောင် အိမ်သာကိုသွားရောက်ချိန်မှာအပေါက်ကြီးဖြစ်နေတာကိုတွေ့ရှိခဲ့ပြီး ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ ဝန်ခံထားတယ်။ အဲဒီမြန်မာနိုင်ငံသားနှစ်ဦးဟာ Vaphai of Champhai ဒေသကိုဖြတ်သန်းပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ဖို့ စီစဉ်ထားတဲ့အကြောင်း ထွက်ဆိုခဲ့တယ်။ သူတို့ဟာ အဲဒီနေ့ကထောက်ဖောက်ပြေးမှုဖြစ်ပွားခဲ့တဲ့ အခြားသုံးဦးနဲ့မဆက်နွယ်ဘူးလို့ ဝန်ခံထားတယ်"လို့ပြောပါတယ်။
ပြန်လည်ဖမ်းဆီးရခဲ့တဲ့ မြန်မာနိုင်ငံသား နှစ်ဦးဟာ မူးယစ်မှုနဲ့ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယရဲတပ်ဖွဲ့ဟာ ပျောက်ဆုံးလျက်ရှိနေတဲ့ အခြားမြန်မာနိုင်ငံသားသုံးဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ထောက်ဖောက်ထွက်ပြေးသွားသူများဟာ တိုင်းရင်းသားများဖြစ်ဖွယ်ရှိနေပြီး အထူးသဖြင့် ချင်းတိုင်းရင်းသားများဖြစ်ဖို့အလားလာများကြောင်း အိန္ဒိယသတင်းတွေကဆိုပါတယ်။
zawgyi version
ေထာင္ေဖာက္ထြက္ေျပးခဲ့တဲ့ ျမန္မာႏိုင္ငံသား ႏွစ္ဦးကို ျပန္လည္ဖမ္းမိခဲ့ဟု အိႏၵိယရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၂
ၿပီးခဲ့တဲ့ရက္ပိုင္းက အက်ဥ္းေထာင္ေဖာက္ေျပးခဲ့တဲ့ ျမန္မာႏိုင္ငံ (၅)ဦးအနက္မွ (၂)ဦးကို ျပန္လည္ဖမ္းမိခဲ့တယ္လို႔ အိႏၵိယမီဇိုရမ္ျပည္နယ္ Lunglei ေဒသရဲတပ္ဖြဲ႕က ေျပာပါတယ္။
Lunglei အက်ဥ္းေထာင္မွာဖမ္းဆီးထိန္းသိမ္းထားသူမ်ားထဲမွ ျမန္မာႏိုင္ငံသား (၅)ဦးဟာၿပီးခဲ့တဲ့ ဧၿပီလ ၁၉ ရက္မွာ အက်ဥ္းေထာင္ေဖာက္ေျပးမႈမ်ားျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ျပန္လည္ဖမ္းမိခဲ့သူ ျမန္မာ ႏိုင္ငံသားႏွစ္ဦးက ၎တို႔ဟာ ဧၿပီလ ၁၉ ရက္က ေထာင္ေဖာက္ေျပးခဲ့ေပမယ့္လည္း အျခားသုံးဦးနဲ႔
တစ္ဖြဲ႕တည္းမဟုတ္ေၾကာင္းထြက္ဆိုထားပါတယ္။ ေထာင္ေဖာက္ထြက္ေျပးလာသူ ျမန္မာႏိုင္ငံသား ႏွစ္ဦးကို ဟိုတည္မွာတည္းခိုေနထိုင္ခ်ိန္အတြင္း Mausen ေက်း႐ြာရွိ မီဇိုလူငယ္အဖြဲ႕ (YMA)ဝင္မ်ားက ဖမ္းေပးခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕ထံ ျပန္လည္လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
Lunglei ေဒသရဲစခန္းက "ျမန္မာႏိုင္ငံသားႏွစ္ဦးဟာ အက်ဥ္းေထာင္ အိမ္သာကိုသြားေရာက္ခ်ိန္မွာအေပါက္ႀကီးျဖစ္ေနတာကိုေတြ႕ရွိခဲ့ၿပီး ထြက္ေျပးလာခဲ့တာျဖစ္တယ္လို႔ ဝန္ခံထားတယ္။ အဲဒီျမန္မာႏိုင္ငံသားႏွစ္ဦးဟာ Vaphai of Champhai ေဒသကိုျဖတ္သန္းၿပီး ျမန္မာႏိုင္ငံဘက္ျခမ္းကို ျပန္ဖို႔ စီစဥ္ထားတဲ့အေၾကာင္း ထြက္ဆိုခဲ့တယ္။ သူတို႔ဟာ အဲဒီေန႔ကေထာက္ေဖာက္ေျပးမႈျဖစ္ပြားခဲ့တဲ့ အျခားသုံးဦးနဲ႔မဆက္ႏြယ္ဘူးလို႔ ဝန္ခံထားတယ္"လို႔ေျပာပါတယ္။
ျပန္လည္ဖမ္းဆီးရခဲ့တဲ့ ျမန္မာႏိုင္ငံသား ႏွစ္ဦးဟာ မူးယစ္မႈနဲ႔ဖမ္းဆီးခံထားရသူမ်ားျဖစ္ေၾကာင္း သိရပါတယ္။ အိႏၵိယရဲတပ္ဖြဲ႕ဟာ ေပ်ာက္ဆုံးလ်က္ရွိေနတဲ့ အျခားျမန္မာႏိုင္ငံသားသုံးဦးကို ဖမ္းဆီးဖို႔ ႀကိဳးပမ္းေနတယ္လို႔ ဆိုပါတယ္။ ေထာက္ေဖာက္ထြက္ေျပးသြားသူမ်ားဟာ တိုင္းရင္းသားမ်ားျဖစ္ဖြယ္ရွိေနၿပီး အထူးသျဖင့္ ခ်င္းတိုင္းရင္းသားမ်ားျဖစ္ဖို႔အလားလာမ်ားေၾကာင္း အိႏၵိယသတင္းေတြကဆိုပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကန့်ဘလူ ၊ ပဇီကြီးကျေးရွာတွင် KIA ၊ PDF များနှင့် တပ်မတော်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း