ကန့်ဘလူ ၊ ပဇီကြီးကျေးရွာတွင် KIA ၊ PDF များနှင့် တပ်မတော်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွား
NP News - ဧပြီ ၂၂
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာတွင် KIA ၊ PDF များနှင့် တပ်မတော်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း နစက၏ ဧပြီလ ၂၁ ရက်၊ ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် ဧပြီလ ၂ဝ ရက်တွင်ဖြစ်ပွားခဲ့ပြီး ပဇီးကြီးကျေးရွာအတွင်းသို့ KIA အဖွဲ့နှင့် PDF များ ထပ်မံရောက်ရှိနေကြောင်း ဒေသခံပြည်သူများမှသတင်းပေးလာသဖြင့် သွားရောက်စစ်ဆေးခဲ့ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲများအတွင်း ပဇီးကြီးကျေးရွာ ဘုန်းကြီးကျောင်းအုတ်တံတိုင်းအနီးမှ အကြမ်းဖက်သမား အလောင်း ၄ လောင်း၊ ကျည်အိမ် ၂ ခု၊ ၄ဝ မမဗုံးသီး ၅ လုံး၊ သဲအိတ်ဘန်ကာများ၊ ကျောင်းခြံစည်းရိုး အနီးဆက်သွယ်ရေးမြောင်းနှင့်ပစ်ကျင်းများ၊ ဆိုင်ကယ် ၇ စီး၊ လူနေတဲများ၊ ၁၂ ဗို့ကျည် ၁ဝ တောင့်၊ မိုင်းရှာစက် ၁ လုံး၊ ဘက်ထရီအိုးအကြီး ၃ လုံး၊ ပြောက်ကျားယူနီဖောင်းများနှင့် အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်း ၎င်းတို့မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်တွင် PDF များမှ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မော်တော်ယာဉ် ၁ စီးပေါ်မှ သံဃာတော်များအသွင်ယူ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။
အလားတူ ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း မကြီးကန်ကျေးရွာ အနီးတစ်ဝိုက်၌ PDF များနှင့် လုံခြုံရေးအဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့ဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါကျေးရွာ ကျေးလက်ဆေးပေးခန်းအတွင်းမှ အမ်-၂၂ ကျည်အိမ် မျိုးစုံ ၁ဝ ခု၊ တရုတ် လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ ၁၂ ဗို့ကျည် ၃ဝ တောင့်၊ ၅.၅၆ မမကျည် ၆ဝဝ တောင့်၊ ၇.၆၂ မမကျည် ၁ဝဝ တောင့်၊ ရိုင်ဖယ်ကျည် ၅ဝ တောင့်၊ ကားမျိုးစုံ ၄ စီး၊ ဆိုင်ကယ်မျိုးစုံ ၂ဝ စီး၊ ပြောက်ကျား ယူနီ ဖောင်းများ ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ အဆိုပါ ကျေးရွာရှိ နေအိမ်များအတွင်းမှ လက်လုပ်ရှော့တိုက်ပြောင်း ၈ ခု၊ လက်လုပ်မိုင်းစုံ ၄၆ လုံး၊ ယမ်း ၈ ပိဿာ ၄ ထပ်၊ လက်တော့ပ် ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် အကြမ်းဖက်အဖွဲ့များသည် ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများအတွင်း ဘန်ကာများဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူးထားခြင်း၊ ကျေးရွာပတ်လည်တွင် လက် လုပ်မိုင်းများဖြင့် အတားအဆီးပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
ကန႔္ဘလူ ၊ ပဇီႀကီးေက်း႐ြာတြင္ KIA ၊ PDF မ်ားႏွင့္ တပ္မေတာ္စစ္ေၾကာင္းတို႔ ထိေတြ႕တိုက္ပြဲထပ္မံျဖစ္ပြား
NP News - ဧၿပီ ၂၂
စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ ၊ ပဇီႀကီးေက်း႐ြာတြင္ KIA ၊ PDF မ်ားႏွင့္ တပ္မေတာ္စစ္ေၾကာင္းတို႔ ထိေတြ႕တိုက္ပြဲထပ္မံျဖစ္ပြားခဲ့ေၾကာင္း နစက၏ ဧၿပီလ ၂၁ ရက္၊ ညပိုင္းထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ထိေတြ႕တိုက္ပြဲသည္ ဧၿပီလ ၂ဝ ရက္တြင္ျဖစ္ပြားခဲ့ၿပီး ပဇီးႀကီးေက်း႐ြာအတြင္းသို႔ KIA အဖြဲ႕ႏွင့္ PDF မ်ား ထပ္မံေရာက္ရွိေနေၾကာင္း ေဒသခံျပည္သူမ်ားမွသတင္းေပးလာသျဖင့္ သြားေရာက္စစ္ေဆးခဲ့ရာမွ ႏွစ္ဖက္ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။
ယင္းတိုက္ပြဲမ်ားအတြင္း ပဇီးႀကီးေက်း႐ြာ ဘုန္းႀကီးေက်ာင္းအုတ္တံတိုင္းအနီးမွ အၾကမ္းဖက္သမား အေလာင္း ၄ ေလာင္း၊ က်ည္အိမ္ ၂ ခု၊ ၄ဝ မမဗုံးသီး ၅ လုံး၊ သဲအိတ္ဘန္ကာမ်ား၊ ေက်ာင္းၿခံစည္း႐ိုး အနီးဆက္သြယ္ေရးေျမာင္းႏွင့္ပစ္က်င္းမ်ား၊ ဆိုင္ကယ္ ၇ စီး၊ လူေနတဲမ်ား၊ ၁၂ ဗို႔က်ည္ ၁ဝ ေတာင့္၊ မိုင္းရွာစက္ ၁ လုံး၊ ဘက္ထရီအိုးအႀကီး ၃ လုံး၊ ေျပာက္က်ားယူနီေဖာင္းမ်ားႏွင့္ အျခားဆက္စပ္ပစၥည္းမ်ားသိမ္းဆည္းရမိေၾကာင္း ၎တို႔မွ ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ဧၿပီလ ၂ဝ ရက္တြင္ PDF မ်ားမွ မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ျမကန္သာေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံး၌ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားအား ေမာ္ေတာ္ယာဥ္ ၁ စီးေပၚမွ သံဃာေတာ္မ်ားအသြင္ယူ၍ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဆက္လက္ထုတ္ျပန္ထားသည္။
အလားတူ ဧၿပီလ ၁၈ ရက္ႏွင့္ ၁၉ ရက္တို႔တြင္ မေကြးတိုင္းေဒသႀကီး၊ ၿမိဳင္ၿမိဳ႕နယ္အတြင္း မႀကီးကန္ေက်း႐ြာ အနီးတစ္ဝိုက္၌ PDF မ်ားႏွင့္ လုံၿခဳံေရးအဖြဲ႕တို႔ ထိေတြ႕မႈျဖစ္ပြားခဲ့ၿပီး လုံၿခဳံေရးအဖြဲ႕ဘက္မွ အရာရွိ၊ စစ္သည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါေက်း႐ြာ ေက်းလက္ေဆးေပးခန္းအတြင္းမွ အမ္-၂၂ က်ည္အိမ္ မ်ိဳးစုံ ၁ဝ ခု၊ တ႐ုတ္ လက္ပစ္ဗုံးမ်ိဳးစုံ ၁၈ လုံး၊ ဗုံးသီးမ်ိဳးစုံ ၄ လုံး၊ ၁၂ ဗို႔က်ည္ ၃ဝ ေတာင့္၊ ၅.၅၆ မမက်ည္ ၆ဝဝ ေတာင့္၊ ၇.၆၂ မမက်ည္ ၁ဝဝ ေတာင့္၊ ႐ိုင္ဖယ္က်ည္ ၅ဝ ေတာင့္၊ ကားမ်ိဳးစုံ ၄ စီး၊ ဆိုင္ကယ္မ်ိဳးစုံ ၂ဝ စီး၊ ေျပာက္က်ား ယူနီ ေဖာင္းမ်ား ဆက္စပ္ပစၥည္းမ်ားအား လည္းေကာင္း၊ အဆိုပါ ေက်း႐ြာရွိ ေနအိမ္မ်ားအတြင္းမွ လက္လုပ္ေရွာ့တိုက္ေျပာင္း ၈ ခု၊ လက္လုပ္မိုင္းစုံ ၄၆ လုံး၊ ယမ္း ၈ ပိႆာ ၄ ထပ္၊ လက္ေတာ့ပ္ ၂ လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ျပင္ အၾကမ္းဖက္အဖြဲ႕မ်ားသည္ ေက်း႐ြာဘုန္းႀကီးေက်ာင္း၊ စာသင္ေက်ာင္းမ်ား၊ ေက်းလက္ေဆးေပးခန္းမ်ားအတြင္း ဘန္ကာမ်ားေဆာက္လုပ္ျခင္း၊ ပစ္က်င္းမ်ားတူးထားျခင္း၊ ေက်း႐ြာပတ္လည္တြင္ လက္ လုပ္မိုင္းမ်ားျဖင့္ အတားအဆီးျပဳလုပ္ထားသည္ကို ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူငယ်အဆိုတော် မေလသံစဉ် ပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း