လက်နက်ကုန်သွယ်မှုများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရန် တပ်ချုပ်နှင့် ထိုင်း ဒုဝန်ကြီးချုပ်တို့ နေပြည်တော်၌ ဆွေးနွေး
မျိုးကြီး (NP News) - ဧပြီ ၂၂
လက်နက်ကုန်သွယ်မှုများ ပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ ဒုဝန်ကြီးချုပ်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတို့သည် ဧပြီလ ၂၁ ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai နှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့နှစ်ဖက်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာလျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့်အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင်လူကုန်ကူးမှုများ၊ မူးယစ်ကုန်သွယ်မှုများနှင့် လက်နက်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုလည်း မြန်မာနှင့်ထိုင်းအကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version
လက္နက္ကုန္သြယ္မႈမ်ား ပေပ်ာက္ေရး ပူးေပါင္းေဆာင္႐ြက္ရန္ တပ္ခ်ဳပ္ႏွင့္ ထိုင္း ဒုဝန္ႀကီးခ်ဳပ္တို႔ ေနျပည္ေတာ္၌ ေဆြးေႏြး
မ်ိဳးႀကီး (NP News) - ဧၿပီ ၂၂
လက္နက္ကုန္သြယ္မႈမ်ား ပေပ်ာက္ေရး ပူးေပါင္းေဆာင္႐ြက္ရန္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ထိုင္းႏိုင္ငံ၊ ဒုဝန္ႀကီးခ်ဳပ္တို႔ ေနျပည္ေတာ္၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။
၎တို႔သည္ ဧၿပီလ ၂၁ ရက္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး သံတမန္ေဆာင္ဧည့္ခန္းမ၌ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ နစကဥကၠ႒ႏွင့္အတူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြ၊ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ထိုင္းႏိုင္ငံ၊ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီး H.E. Mr. Don Pramudwinai ႏွင့္အတူ သက္ဆိုင္ရာတာဝန္ရွိသူမ်ားကလည္း တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ႏွစ္ဖက္ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံ၊ ထိုင္းႏိုင္ငံႏွင့္ လာအိုႏိုင္ငံတို႔အၾကား နယ္စပ္ျဖတ္ေက်ာ္မီးခိုးျမဴေငြ႕ညစ္ညမ္းမႈဆိုင္ရာေလွ်ာ့ခ်ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ေနသည့္အေျခအေနမ်ားကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားမဝင္လူကုန္ကူးမႈမ်ား၊ မူးယစ္ကုန္သြယ္မႈမ်ားႏွင့္ လက္နက္ကုန္သြယ္မႈမ်ား ပေပ်ာက္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ားကိုလည္း ျမန္မာႏွင့္ထိုင္းအၾကား ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆူဒန်မှာတိုက်ပွဲအရှိန်မြင့်တက်နေခြင်းကြောင့် အမေရိကန်အစိုးရက သံရုံးဝန်ထမ်းများ နဲ့ နိုင်ငံသားများကို ပြန်လည်ကယ်ထုတ်ဖို့ စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ