ဒေါ်အောင်ဆန်းစုကြည် ရုံးထိုင်ခဲ့သော I-12 ဆောင်အပါအဝင် လွှတ်တော်ဝန်းအတွင်းရှိ အဆောက်အဦးများကို ပြုပြင်ရန် နစက စီစဉ်နေ
မျိုးကြီး (NP News) - ဧပြီ ၂ဝ
ဒေါ်အောင်ဆန်းစုကြည် ရုံးထိုင်ခဲ့သော I-12 ဆောင်အပါအဝင် ပြည်သူ့လွှတ်တော်ဝန်းအတွင်းရှိ အဆောက်အဦးများကို ပြုပြင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
နေပြည်တော် ပြည်ထောင်စုလွှတ်တော်ဝန်းအတွင်းရှိ အဆောက်အဦးများကို ပြုပြင်ရန်အတွက် နစက၏ ဆောက် လုပ်ရေးဝန်ကြီးဌာနက စီစဉ်ပြင်ဆင်နေကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်ဝန်းအတွင်းရှိ သဘင်ဆောင်(F-ဆောင်)၌ Roof Slab များအား ရေလုံလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပြည်ထောင်စုလွှတ်တော်ရုံး၊ ဇမ္ဗူသီရိဆောင်၏ အပြင်နံရံများအား ဆေးသုတ်ခြင်းလုပ်ငန်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ရုံးထိုင်ခဲ့သော လွှတ်တော်ရေးရာဆောင် I-12 အပါအဝင် I-8၊ I-11 ဆောင်တို့တွင်လည်း Roof Slab များအား ရေလုံလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီသည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူနေစဉ်အချိန် ပြည်သူ့ လွှတ်တော်ကဖွဲ့စည်းသော တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး သူမအနေဖြင့် လွှတ်တော်ရေးရာဆောင် I-12 ၌ ရုံးထိုင်ခဲ့ဖူးသည်။
ထို့ပြင် နစက၏ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားလွှတ်တော်(၂-ဆောင်)၏ အပြင်နံရံများအား ဆေးသုတ်ခြင်းလုပ်ငန်း၊ လွှတ်တော်ဝင်းအတွင်းရှိ အရာထမ်းအိမ်ရာများကိုလည်း ပြုပြင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး လွှတ်တော်(၃)ရပ်၏ အစည်းအဝေးကျင်းပနေမှုများကို တိုက်ရိုက်မှတ်တမ်းတင် သိမ်းဆည်းသည့် Archiving System တွင် Expandable Storage တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။
အဆိုပါလုပ်ငန်းများကို ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက အိတ်ဖွင့်တင်ဒါခေါ်ယူလျက်ရှိသည်။
zawgyi version
ေဒၚေအာင္ဆန္းစုၾကည္ ႐ုံးထိုင္ခဲ့ေသာ I-12 ေဆာင္အပါအဝင္ လႊတ္ေတာ္ဝန္းအတြင္းရွိ အေဆာက္အဦးမ်ားကို ျပဳျပင္ရန္ နစက စီစဥ္ေန
မ်ိဳးႀကီး (NP News) - ဧၿပီ ၂ဝ
ေဒၚေအာင္ဆန္းစုၾကည္ ႐ုံးထိုင္ခဲ့ေသာ I-12 ေဆာင္အပါအဝင္ ျပည္သူ႔လႊတ္ေတာ္ဝန္းအတြင္းရွိ အေဆာက္အဦးမ်ားကို ျပဳျပင္ရန္ စီစဥ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
ေနျပည္ေတာ္ ျပည္ေထာင္စုလႊတ္ေတာ္ဝန္းအတြင္းရွိ အေဆာက္အဦးမ်ားကို ျပဳျပင္ရန္အတြက္ နစက၏ ေဆာက္ လုပ္ေရးဝန္ႀကီးဌာနက စီစဥ္ျပင္ဆင္ေနေၾကာင္း သိရသည္။
ျပည္ေထာင္စုလႊတ္ေတာ္ဝန္းအတြင္းရွိ သဘင္ေဆာင္(F-ေဆာင္)၌ Roof Slab မ်ားအား ေရလုံလုပ္ငန္းေဆာင္႐ြက္ျခင္းႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္႐ုံး၊ ဇမၺဴသီရိေဆာင္၏ အျပင္နံရံမ်ားအား ေဆးသုတ္ျခင္းလုပ္ငန္းတို႔ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဆိုသည္။
ထို႔ျပင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္ ႐ုံးထိုင္ခဲ့ေသာ လႊတ္ေတာ္ေရးရာေဆာင္ I-12 အပါအဝင္ I-8၊ I-11 ေဆာင္တို႔တြင္လည္း Roof Slab မ်ားအား ေရလုံလုပ္ငန္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနထံမွ သိရသည္။
ဦးသိန္းစိန္အစိုးရလက္ထက္ ၂ဝ၁၂ ခုႏွစ္တြင္ က်င္းပခဲ့ေသာ ၾကားျဖတ္ေ႐ြးေကာက္ပြဲ၌ NLD ပါတီသည္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ၎ေ႐ြးေကာက္ပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းခံခဲ့ရသည္။
ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ တာဝန္ယူေနစဥ္အခ်ိန္ ျပည္သူ႔ လႊတ္ေတာ္ကဖြဲ႕စည္းေသာ တရားဥပေဒစိုးမိုးေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရးေကာ္မတီတြင္ ဥကၠ႒အျဖစ္ တာဝန္ေပးအပ္ျခင္းခံခဲ့ရၿပီး သူမအေနျဖင့္ လႊတ္ေတာ္ေရးရာေဆာင္ I-12 ၌ ႐ုံးထိုင္ခဲ့ဖူးသည္။
ထို႔ျပင္ နစက၏ ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ အမ်ိဳးသားလႊတ္ေတာ္(၂-ေဆာင္)၏ အျပင္နံရံမ်ားအား ေဆးသုတ္ျခင္းလုပ္ငန္း၊ လႊတ္ေတာ္ဝင္းအတြင္းရွိ အရာထမ္းအိမ္ရာမ်ားကိုလည္း ျပဳျပင္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဆက္လက္ၿပီး လႊတ္ေတာ္(၃)ရပ္၏ အစည္းအေဝးက်င္းပေနမႈမ်ားကို တိုက္႐ိုက္မွတ္တမ္းတင္ သိမ္းဆည္းသည့္ Archiving System တြင္ Expandable Storage တိုးခ်ဲ႕တပ္ဆင္ျခင္းလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဆိုသည္။
အဆိုပါလုပ္ငန္းမ်ားကို ၂ဝ၂၃-၂ဝ၂၄ ဘ႑ာႏွစ္ ေငြလုံးေငြရင္းအသုံးစရိတ္ရန္ပုံေငြျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အိတ္ဖြင့္တင္ဒါေခၚယူလ်က္ရွိသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရင်းနှီးမြှုပ်နှံမှုနည်းလမ်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ