ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပေါ် စွဲဆိုထားသည့် အဂတိအမှု(၅)မှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်တင်
NP News - ဒီဇင်ဘာ ၂၆
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့အပေါ် စွဲဆိုထားသည့် အဂတိအမှု(၅)မှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက် တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိ အကျဉ်းထောင်တရားရုံးတွင် ယနေ့ (ဒီဇင်ဘာလ ၂၆ ရက်)၌ အပြီး သတ်လျှောက်လဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သောသတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
NLD အစိုးရလက်ထက်တွင် ရဟတ်ယာဉ်တစ်စီးအား ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်းတို့နှင့်ပတ်သက်၍ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးသည်ဟုဆိုကာ ၎င်းတို့နှစ်ဦးအပေါ် အဂတိအမှု(၅)မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
“အပြီးသတ်လျှောက်လဲချက် တင်ပြီးသွားပြီ။ မနက်ဖြန်လည်း မခေါ်တော့ဘူး။အပြီးသတ်လျှောက်လဲချက် တင်လိုက်ပြီပေါ့။ ဒီလထဲမှာပဲ အမှုအားလုံး ပြီးပြတ်သွားဖို့ရှိပါတယ်”ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ အဂတိအမှု(၅)မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် လာမည့် ရက်သတ္တတစ်ပတ်အတွင်း အမိန့်ချမှတ်သွားဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစု ပေါင်း (၁၉)မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။
လက်ရှိတွင် အမှုပေါင်း(၁၉)မှုအနက် (၁၄)မှုမှာ အမိန့်ချမှတ်ထားပြီးဖြစ်ကာ ထောင်ဒဏ်(၂၆)နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထို့ပြင် မကြာခင်အချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ရလျက်ရှိသည့် အဂတိအမှု(၅)မှုနှင့်ပတ်သက်၍ ထပ်မံအမိန့်ချမှတ်သွားဖွယ်ရှိသည်။
တရားရုံးများ၌ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ထွက်ဆိုခဲ့သော ထွက်ဆိုချက်များအား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနေဖြင့် မိတ္တူကူးယူခွင့်ရှိကြောင်းသိရသည်။
သို့သော် ၎င်းအချက်အလက်များအား အများပြည်သူသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ဖြစ်စေ၊ နည်းလမ်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ ချပြပိုင်ခွင့်မရှိကြောင်း သိရသည်။
zawgyi version
ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္တို႔အေပၚ စြဲဆိုထားသည့္ အဂတိအမႈ(၅)မႈႏွင့္ပတ္သက္၍ အၿပီးသတ္ေလွ်ာက္လဲခ်က္တင္
NP News - ဒီဇင္ဘာ ၂၆
ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္တို႔အေပၚ စြဲဆိုထားသည့္ အဂတိအမႈ(၅)မႈႏွင့္ပတ္သက္၍ အၿပီးသတ္ေလွ်ာက္လဲခ်က္ တင္လိုက္ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ေနျပည္ေတာ္ရွိ အက်ဥ္းေထာင္တရား႐ုံးတြင္ ယေန႔ (ဒီဇင္ဘာလ ၂၆ ရက္)၌ အၿပီး သတ္ေလွ်ာက္လဲခ်က္တင္လိုက္ျခင္းျဖစ္ေၾကာင္း တရား႐ုံးႏွင့္နီးစပ္ေသာသတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။
NLD အစိုးရလက္ထက္တြင္ ရဟတ္ယာဥ္တစ္စီးအား ငွားရမ္းျခင္း၊ ဝယ္ယူျခင္း၊ ျပင္ဆင္ျခင္းတို႔ႏွင့္ပတ္သက္၍ စည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္အညီ မေဆာင္႐ြက္ခဲ့သည့္အတြက္ ႏိုင္ငံေတာ္ဘ႑ာနစ္နာဆုံးရႈံးသည္ဟုဆိုကာ ၎တို႔ႏွစ္ဦးအေပၚ အ ဂတိအမႈ(၅)မႈျဖင့္ တရားစြဲဆိုထားျခင္းျဖစ္သည္။
“အၿပီးသတ္ေလွ်ာက္လဲခ်က္ တင္ၿပီးသြားၿပီ။ မနက္ျဖန္လည္း မေခၚေတာ့ဘူး။ အၿပီးသတ္ေလွ်ာက္လဲခ်က္ တင္လိုက္ၿပီေပါ့။ ဒီလထဲမွာပဲ အမႈအားလုံး ၿပီးျပတ္သြားဖို႔ရွိပါတယ္”ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။ အဆိုပါ အဂတိအမႈ(၅)မႈႏွင့္ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္တို႔အေပၚ လာမည့္ ရက္သတၱတစ္ပတ္အတြင္း အမိန႔္ခ်မွတ္သြားဖြယ္ရွိေၾကာင္း သုံးသပ္ေျပာဆိုမႈမ်ားလည္း ရွိေနသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္သည္ အမႈစုစု ေပါင္း (၁၉)မႈျဖင့္ တရားစြဲဆိုခံခဲ့ရသည္။ လက္ရွိတြင္ အမႈေပါင္း(၁၉)မႈအနက္ (၁၄)မႈမွာ အမိန႔္ခ်မွတ္ထားၿပီးျဖစ္ကာ ေထာင္ ဒဏ္(၂၆)ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသည္။
ထို႔ျပင္ မၾကာခင္အခ်ိန္တြင္လည္း ေဒၚေအာင္ဆန္းစုၾကည္ တရားရင္ဆိုင္ရလ်က္ရွိသည့္ အဂတိအမႈ(၅)မႈႏွင့္ပတ္သက္၍ ထပ္မံအမိန႔္ခ်မွတ္သြားဖြယ္ရွိသည္။
တရား႐ုံးမ်ား၌ ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ထြက္ဆိုခဲ့ေသာ ထြက္ဆိုခ်က္မ်ားအား ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ားအေနျဖင့္ မိတၱဴကူးယူခြင့္ရွိေၾကာင္းသိရသည္။
သို႔ေသာ္ ၎အခ်က္အလက္မ်ားအား အမ်ားျပည္သူသို႔ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ ဝိုက္၍ျဖစ္ေစ၊ နည္းလမ္းတစ္မ်ိဳးမ်ိဳးျဖင့္ျဖစ္ေစ ခ်ျပပိုင္ခြင့္မရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားမင်းသား ဆောင်ဂျွန်ကီက ဗြိတိန်အမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ