Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး(၃၈) ဦးသေဆုံး

Pika (NP News) - ဒီဇင်ဘာ ၂၆

အမေရိကန်နိုင်ငံ နှင့် ကနေဒါနိုင်ငံတို့တွင် ပြင်းထန်သောနှင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံးလူ(၃၈)ဦးအထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ နှင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် လူပေါင်း(၃၄)ဦး သေဆုံးခဲ့ပြီး အဆိုးရွား ဆုံးထိခိုက်သည့်နေရာမှာ နယူးယောက်ပြည်နယ်ရှိ ဘက်ဖလိုမြို့ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကနေဒါနိုင်ငံ အနောက်ပိုင်းပြည်နယ် British Columbia ရှိ မဲရစ်မြို့အနီး အေးခဲနေသောလမ်းပေါ်တွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ခြင်းကြောင့် လူ(၄)ဦး သေဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါ မုန်တိုင်းများတိုက်ခတ်မှုကြောင့် အစောပိုင်းတွင် မီးပြတ်တောက်မှုများရှိခဲ့သော်လည်း နောက်ပိုင်းတွင် လျှပ်စစ်မီးများ ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါနှင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် ထောင်နှင့်ချီသော လေကြောင်းလိုင်းများကို ဖျက်သိမ်းခဲ့ရပြီး ခရစ္စမတ်ကာလတွင် မိသားစုဆီသို့ ပြန်မည့်လူများအတွက် အခက်အခဲ များဖြစ်ခဲ့ကြောင်း သိရသည်၊၊အာဏာပိုင်များသည် ဒီဇင်ဘာ(၂၅)ရက်တွင် အမေရိကန်နိုင်ငံသား(၅၅) သန်းကျော်အတွက် လေပြင်းတိုက်ခိုက်မှု သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်းလည်း သိရသည်။

လေဖိအားနည်းရပ်ဝန်းကျဆင်းကာ ဆီးနှင်းများနှင့် လေပြင်းများပြင်းထန်စွာတိုက်ခတ်ချိန်တွင် ဖြစ်ပေါ်လာသော နှင်းမုန်တိုင်းသည် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ခရီးသွားလာမှုများကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း သိရသည်။နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချူ က "ဒီမုန်တိုင်းဟာ ဘက်ဖလိုမြို့ရဲ့သမိုင်းမှာ အားအကောင်းဆုံးမုန်တိုင်းတစ်ခုအဖြစ် ကျန်ရှိနေပါလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။ဘက်ဖလိုမြို့တွင် သေဆုံးသူ(၇)ဦးအနက်မှ အချို့ကို နှင်းများပိတ်မိနေသော ကားထဲ နှင့် နှင်းထုများအောက်တွင် တွေ့ရှိခဲ့ကြောင်း Erie ကောင်တီအမှုဆောင်အရာရှိချုပ် မာ့လ်ပိုလွန်ကာ့ဇ် က ပြောကြားခဲ့သည်။

ဗားမောင့်၊ အိုဟိုင်းရိုး၊ မစ်ဆူရီ၊ ကန်းဆက်စ် နှင့် ကိုလိုရာဒိုပြည်နယ်တို့တွင်လည်း နှင်းမုန်တိုင်းနှင့်ဆက်စပ်သော သေဆုံးမှုများရှိခဲ့ကြောင်း အစီရင်ခံစာများလည်း ရှိခဲ့သည်။


Zawgyi Version; 


Pika (NP News) - ဒီဇင်ဘာ ၂၆






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

NDAA ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထိုင်ဝမ် ပတ်ဝန်းကျင်နားမှာ တရုတ်စစ်ဘက် စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved