Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂတ်စ် နှင့် လောင်စာဆီသုံး အငှားယာဥ် (Taxi) များကို အခွန်စတင်ကောက်ခံ
ယွန်း (NP News) -  ဧပြီ ၁၁
ပုဂ္ဂလိကနှင့် အများပိုင် ယာဥ်လိုင်းများမှအပ အငှားယာဥ်(Taxi)များသည် ယာဥ်ကြောအခြေအနေအရ ကောက်ခံရရှိသော ဝင်ငွေအလိုက် အခွန်များပေးဆောင်ရန် အခွန်နှုန်းထားများကို ရန်ကုန်မြို့တော်စည်ပင်မှ သတ်မှတ်လိုက်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပြေး‌ဆွဲနေသော ဂတ်စ်ဖြင့် မောင်းနှင်သော အငှားယာဥ်များတွင် (ဝ ဒသမ ၅) ကီလိုမီ တာလျှင် ၃ ရာခိုင်နှုန်း၊ (၁) ကီလိုမီတာလျှင် ၅ ရာခိုင်နှုန်းနှင့် (၂)ကီလိုမီတာလျှင် (၈ ဒသမ ၅)ရာခိုင်နှုန်း အခွန်သတ်မှတ်ထားကြောင်း သိရသည်။
အလားတူ လောင်စာဆီဖြင့် မောင်းနှင်သော အငှားယာဥ်များအား (ဝ ဒသမ ၅)ကီလိုမီတာလျှင် (၂) ရာခိုင်နှုန်း၊ (၁)ကီလိုမီတာလျှင် (၃ ဒသမ ၅)ရာခိုင်နှုန်းနှင့် (၂)ကီလိုမီတာလျှင် (၆ ဒသမ ၅)ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
သတ်မှတ်ထားသည့် အခွန်ပမာဏကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်မှုကြီးကြပ်ရေး ကော်မတီတွင် အငှားယာဥ်မှတ်ပုံတင်ထားသော အငှားယာဥ်မောင်းများထံမှ သက်ဆိုင်ရာ အခွန်တာဝန်ခံက စစ်ဆေးကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
သို့သော် အုံနာအငှားဖြင့် မောင်းနှင်သော အငှားယာဥ်မောင်းများကို အခွန်ကောက်ခံခြင်း ပြုမည်မဟုတ်ဘဲ ၎င်းတို့၏ သက်ဆိုင်ရာ အငှားယာဥ်ပိုင်ရှင်များထံမှသာ စစ်ဆေးကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
"တက္ကစီတွေကို အခွန်ကောက်မယ်ဆိုတော့ အရင်ဆုံးစိုးရိမ်မိတာက ကျွန်မတို့လို ပြည်သူတွေအတွက်ပါပဲ။ နိုင်ငံတော်ဘက်ကတော့ အခွန်အခရတာကို ကြိုဆိုပါတယ်။ အခွန်ကလည်း အငှားယာဉ်မောင်းကို ကောက်တာမဟုတ်ဘဲ အုံနာကို ကောက်တယ်ဆိုပေမယ့် အုံနာကလည်း သူမနစ်နာအောင်တော့ အငှားယာဉ်မောင်းအပေါ်မှာ အုံနာကြေးတိုးတောင်းမယ်။ ယာဉ်မောင်းကလည်း သူအုံနာကြေးတိုးသွားတဲ့အတွက် စီးနင်းတဲ့ ပြည်သူအပေါ်မှာတိုးတောင်းမယ်။ ဒီတော့ နောက်ဆုံးမှာ ပြည်သူပဲ နစ်နာရအုံးမယ်။ အခုတောင် ဆီစျေးတက်တယ်ဆိုပြီး ကားခတွေက ဈေးကြီးနေတာ"ဟု ခရီးသွားပြည်သူတစ်ဦးက သုံးသပ်ပြောသည်။ 
ထိုသို့ ပေးဆောင်ရာတွင် အငှားယာဥ်လိုင်းလုပ်ငန်းရှင်များသည် အခွန်စည်းကြပ်သည့်စနစ်ဖြင့် ပေးဆောင်ရန်မလိုအပ်ဘဲ ရန်ကုန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၅)ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အခွန်ဌာနသို့ ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။
အဆိုပါ အခွန်နှုန်းထားသတ်မှတ်ချက်သည် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့တွင် ဧပြီလ ၁၁ ရက်မှစတင်ကာ အကျိုးသက်ရောက်ပြီဖြစ်ကြောင်း သိရသည်။
zawgyi version
ယွန်း (NP News) -  ဧပြီ ၁၁
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
ဧပြီလမှ ဇွန်လအတွင်း မျိုးပုစွန်များအား ဖမ်းဆီးသတ်ဖြတ်ပါက ရေချိုငါးလုပ်ငန်းဥပဒေအရ အရေးယူမည်ဟုဆို
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US
Copyright © News Services Station | All Right Reserved