ဧပြီလမှ ဇွန်လအတွင်း မျိုးပုစွန်များအား ဖမ်းဆီးသတ်ဖြတ်ပါက ရေချိုငါးလုပ်ငန်းဥပဒေအရ အရေးယူမည်ဟုဆို
စော (NP News) - ဧပြီ ၁၁
ဧပြီလမှ ဇွန်လအတွင်း မျိုးပုစွန်များအား ဖမ်းဆီးသတ်ဖြတ်ပါက ရေချိုငါးလုပ်ငန်းဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဧပြီလ ၁၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ရေချိုပုဇွန်ထုပ်ကြီးများသည် မိုးတွင်းကာလဖြစ်သော ဧပြီလမှ ဇွန်လကုန်အထိ တစ်နိုင်ငံလုံးရှိ မြစ်ချောင်း၊ အင်းအိုင်များတွင် ဥချရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ထိုမျိုးပုစွန်ကြီးများကို ဖမ်းဆီးသတ်ဖြတ်လိုက်ပါက ၎င်းတို့မှပေါက်ဖွားလာမည့် သားလောင်းများမှာ မပေါက်ဖွားတော့ဘဲ မျိုးတုံးသွားနိုင်ကြောင်း ဝန်ကြီးဌာနမှ ဆိုထားသည်။
ထို့ကြောင့် ဥကပ်နေသော (သို့မဟုတ်) ဥပြည့်ဝနေသော မျိုးပုစွန်ထုတ်များကို မိုးကျကာလဖြစ်သော ဧပြီ၊ မေ နှင့် ဇွန်လများတွင် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ခြင်းများမပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြေညာစာအမှတ်၊ ၁/၉၂ ဖြင့် တားမြစ်ထားကြောင်း သိရသည်။
လိုက်နာခြင်းမရှိဘဲ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ရေချိုငါးလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေချိုပုစွန်ထုပ်များ ရေရှည်တည်တံ့နေစေရန်၊ မျိုးပြုန်းတီးမှုကာကွယ်ရန်၊ တစ်နိုင်ငံလုံးရေရှည်စားသောက်နိုင်ရန် နှင့် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုရန်အတွက် အဆိုပါမျိုးပုစွန်များကို မိုးတွင်း(၃)လကို ဘေးမဲ့ပေးကြရန် တိုက်တွန်းထားသည်။
zawgyi version
ဧၿပီလမွ ဇြန္လအတြင္း မ်ိဳးပုစြန္မ်ားအား ဖမ္းဆီးသတ္ျဖတ္ပါက ေရခ်ိဳငါးလုပ္ငန္းဥပေဒအရ အေရးယူမည္ဟုဆို
စာ (NP News) - ဧၿပီ ၁၁
ဧၿပီလမွ ဇြန္လအတြင္း မ်ိဳးပုစြန္မ်ားအား ဖမ္းဆီးသတ္ျဖတ္ပါက ေရခ်ိဳငါးလုပ္ငန္းဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွသိရသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ ဧၿပီလ ၁၁ ရက္ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါ ေရခ်ိဳပုဇြန္ထုပ္ႀကီးမ်ားသည္ မိုးတြင္းကာလျဖစ္ေသာ ဧၿပီလမွ ဇြန္လကုန္အထိ တစ္ႏိုင္ငံလုံးရွိ ျမစ္ေခ်ာင္း၊ အင္းအိုင္မ်ားတြင္ ဥခ်ရန္ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။
ထိုမ်ိဳးပုစြန္ႀကီးမ်ားကို ဖမ္းဆီးသတ္ျဖတ္လိုက္ပါက ၎တို႔မွေပါက္ဖြားလာမည့္ သားေလာင္းမ်ားမွာ မေပါက္ဖြားေတာ့ဘဲ မ်ိဳးတုံးသြားႏိုင္ေၾကာင္း ဝန္ႀကီးဌာနမွ ဆိုထားသည္။
ထို႔ေၾကာင့္ ဥကပ္ေနေသာ (သို႔မဟုတ္) ဥျပည့္ဝေနေသာ မ်ိဳးပုစြန္ထုတ္မ်ားကို မိုးက်ကာလျဖစ္ေသာ ဧၿပီ၊ ေမ ႏွင့္ ဇြန္လမ်ားတြင္ ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ ေရာင္းဝယ္ျခင္းမ်ားမျပဳလုပ္ၾကရန္ ငါးလုပ္ငန္းဦးစီးဌာနမွ အမိန႔္ေၾကညာစာအမွတ္၊ ၁/၉၂ ျဖင့္ တားျမစ္ထားေၾကာင္း သိရသည္။
လိုက္နာျခင္းမရွိဘဲ အဆိုပါတားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ပါက ေရခ်ိဳငါးလုပ္ငန္းဥပေဒပါ ျပ႒ာန္းခ်က္မ်ားအရ အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေရခ်ိဳပုစြန္ထုပ္မ်ား ေရရွည္တည္တံ့ေနေစရန္၊ မ်ိဳးျပဳန္းတီးမႈကာကြယ္ရန္၊ တစ္ႏိုင္ငံလုံးေရရွည္စားေသာက္ႏိုင္ရန္ ႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးမႈကို အေထာက္အကူျပဳရန္အတြက္ အဆိုပါမ်ိဳးပုစြန္မ်ားကို မိုးတြင္း(၃)လကို ေဘးမဲ့ေပးၾကရန္ တိုက္တြန္းထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ထောက်လှမ်းရေးရဲ့ ထိပ်တန်းလျှို့ဝှက် စာရွက်စာတန်းများပေါက်ကြားလာပြန်ခြင်း (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း