Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်-မော်လမြိုင် ခရီးစဥ် ပုံမှန်ပြေးဆွဲနေသည့် ရထား(၄)စင်းလုံးကို သင်္ကြန်ကာလအတွင်း တစ်ရက်ရပ်နားမည်
စော (NP News) - ဧပြီ ၁၁
ရန်ကုန်-မော်လမြိုင် ခရီးစဥ်ပုံမှန်ပြေးဆွဲနေသည့် ရထား(၄)စင်းလုံးကို သင်္ကြန်ကာလအတွင်း တစ်ရက်ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်- မော်လမြိုင် နှင့် မော်လမြိုင်- ရန်ကုန် ပြေးဆွဲနေသည့် ရထားများကို မီးရထားဌာန၏ ညွှန်ကြားချက်အရ သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်)တွင် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းရထား(၄)စင်းအနက်မှ လေအိတ်ရထား အမှတ်(၈၁)နှင့် အမှတ်(၈၁)ရထားများကို ဧပြီလ(၁၄)ရက်မှ ဧပြီ(၁၆)ရက်အထိ ရပ်နားထားမည်ဖြစ်ပြီး ရထားအမှတ်(၈၉)နှင့် အမှတ်(၉ဝ)တို့ကို ဧပြီလ(၁၄)ရက် တစ်ရက်သာ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။
“အကျနေ့ တစ်ရက်ပဲ ဘာရထားမှ မရှိဘူး။ ကျန်တဲ့နေ့တော့ တွဲဆိုင်းကြီးနဲ့ပေါ့၊ ရိုးရိုးတန်းလည်းပါတယ်၊ ကုန်လည်းတင်လို့ရတယ်၊ အထက်တန်းလည်းပါတယ်။ (၂)စီး ပြန်ပြေးဆွဲမှာပါ” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုဆိုသည်။
မော်လမြိုင်ဘူတာကြီးအနေဖြင့် ရထားအမှတ်(၉ဝ)ကို အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် RBE လေအိတ်ရထား တွဲ(၃)တွဲဖြင့်  ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
“အမှတ်(၉ဝ)ကို ကျွန်တော်တို့က ဗုဒ္ဓဟူးနဲ့ သောကြာမှာ RBE နဲ့ပြေးတာပေါ့။ RBE ဆိုတာ သုံးတွဲပဲပါတာပေါ့ တွဲဆိုင်းကြီးမပါ သုံးတွဲနဲ့ပြေးတာပါ။ လူစီးတွဲဆိုင်းအရှည်ကြီးမဟုတ်ဘူး။ ကုန်တွေတင်လို့မရဘူး။ သူက လူစီးရထားသီးသန့် အထက်တန်းကြီးပဲ ရိုးရိုးတန်းတောင်မပါဘူး”ဟု ၎င်းမှဆိုထားသည်။
ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရန်ကုန် ခရီးစဥ်ကို ရထား(၄)စင်းဖြင့်ပြေးဆွဲနေပြီး ပုံမှန်ခရီးသည် (၈ဝဝ)နီးပါးခန့်ရှိသော်လည်း လက်ရှိတွင် သင်္ကြန်ကာလဖြစ်သည့်အတွက် ခရီးသည်နည်းပါးကြောင်း သိရသည်။
ရထားလက်မှတ်များကို သင်္ကြန်ကာလတွင်လည်း အထက်တန်းအတွက် (၃)ရက်ကြိုတင်ဝယ်ရမည့်အပြင် ရိုးရိုးတန်းအတွက် (၁)ရက်ကြိုတင်ဝယ်ယူရမည်ဖြစ်ကာ လက်မှတ်များကို ပိတ်ရက်မရှိ နေ့စဉ်ရောင်းချသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။
zawgyi version
စော (NP News) - ဧပြီ ၁၁
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
ဂတ်စ် နှင့် လောင်စာဆီသုံး အငှားယာဥ် (Taxi) များကို အခွန်စတင်ကောက်ခံ
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US
Copyright © News Services Station | All Right Reserved