အမြန်လမ်း၌ အိမ်စီးကားတစ်စီး ကွန်ကရစ်တုံးအား ဝင်တိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံး
စော (NP News) - ဧပြီ ၁၁
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီး ကွန်ကရစ်တုံးအား ဝင်တိုက်မိရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၁၁ ရက်)၊ နေ့လည် (၁၁)နာရီအချိန်တွင် ရန်ကုန်- မန္တလေးအမြန်လမ်း၊ (၈၉) မိုင်တွင်ဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ အိမ်စီးကားသည် ရန်ကုန်မှ မန္တလေးသို့ သွားရောက်စဉ်အချိန် ယာဉ်မောင်းဖြစ်သူမှာ အိပ်ငိုက်ခဲ့၍ လမ်းဘေး ကွန်ကရစ်တုံးကို တိုက်မိကာ မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူကအိပ်ငိုက်ပြီးတော့ ကားက လမ်းဘေးကိုရောက်သွားပြီး ကွန်ကရစ်တုံးကိုဝင်တိုက်တာ။ ယာဉ်ပေါ်မှာနှစ်ယောက်ထဲပါ။ ယာဉ်မောင်းက ခါးပတ်ပတ်ထားတဲ့အတွက် လေအိတ်ပဲပွင့်သွားတာ။ အမျိုးသမီးကတော့ ခါးပတ်မပတ်ထားတဲ့အတွက် လေအိတ်မပွင့်လို့ ရောဂါအခံလည်းရှိတယ်ထင်တယ်။ အခင်းဖြစ်ပွားရာနေရာမှာပဲ ဆုံးသွားတာပါ”ဟု ရောင်စုံမေတ္တာလူမှုကူညီရေး အသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဥ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသားသည် ထိခိုက်ဒဏ်ရာအနည်းငယ်သာရပြီး အမျိုးသမီးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
၎င်းတို့ကို မြို့ချောင်းဆေးရုံကို ပို့ဆောင်ပေးထားကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှဆို သည်။
အလားတူ ယမန့်နေ့ (ဧပြီလ ၁ဝ ရက်)ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၅) တွင် အိမ်စီးကားတစ်စီးသည် လမ်းလယ်ကွန်ကရစ်တုံးကိုဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ကားမီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား(၃)ဦးသေဆုံးခဲ့သည်။
zawgyi version
အျမန္လမ္း၌ အိမ္စီးကားတစ္စီး ကြန္ကရစ္တုံးအား ဝင္တိုက္မိရာမွ အမ်ိဳးသမီးတစ္ဦးေသဆုံး
ေစာ (NP News) - ဧၿပီ ၁၁
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ အိမ္စီးကားတစ္စီး ကြန္ကရစ္တုံးအား ဝင္တိုက္မိရာမွ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၁၁ ရက္)၊ ေန႔လည္ (၁၁)နာရီအခ်ိန္တြင္ ရန္ကုန္- မႏၲေလးအျမန္လမ္း၊ (၈၉) မိုင္တြင္ျဖစ္ပြားခဲ့ေၾကာင္း ေရာင္စုံေမတၱာလူမႈကူညီေရးအသင္းမွ သိရသည္။
အဆိုပါ အိမ္စီးကားသည္ ရန္ကုန္မွ မႏၲေလးသို႔ သြားေရာက္စဥ္အခ်ိန္ ယာဥ္ေမာင္းျဖစ္သူမွာ အိပ္ငိုက္ခဲ့၍ လမ္းေဘး ကြန္ကရစ္တုံးကို တိုက္မိကာ မေတာ္တဆမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“သူကအိပ္ငိုက္ၿပီးေတာ့ ကားက လမ္းေဘးကိုေရာက္သြားၿပီး ကြန္ကရစ္တုံးကိုဝင္တိုက္တာ။ ယာဥ္ေပၚမွာႏွစ္ေယာက္ထဲပါ။ ယာဥ္ေမာင္းက ခါးပတ္ပတ္ထားတဲ့အတြက္ ေလအိတ္ပဲပြင့္သြားတာ။ အမ်ိဳးသမီးကေတာ့ ခါးပတ္မပတ္ထားတဲ့အတြက္ ေလအိတ္မပြင့္လို႔ ေရာဂါအခံလည္းရွိတယ္ထင္တယ္။ အခင္းျဖစ္ပြားရာေနရာမွာပဲ ဆုံးသြားတာပါ”ဟု ေရာင္စုံေမတၱာလူမႈကူညီေရး အသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသားသည္ ထိခိုက္ဒဏ္ရာအနည္းငယ္သာရၿပီး အမ်ိဳးသမီးသည္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။
၎တို႔ကို ၿမိဳ႕ေခ်ာင္းေဆး႐ုံကို ပို႔ေဆာင္ေပးထားေၾကာင္း ေရာင္စုံေမတၱာလူမႈကူညီေရးအသင္းမွဆို သည္။
အလားတူ ယမန႔္ေန႔ (ဧၿပီလ ၁ဝ ရက္)ကလည္း ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္(၃၂၅) တြင္ အိမ္စီးကားတစ္စီးသည္ လမ္းလယ္ကြန္ကရစ္တုံးကိုဝင္တိုက္မႈျဖစ္ပြားခဲ့ရာ ကားမီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသား(၃)ဦးေသဆုံးခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမိုမြင့်တက်လာနိုင်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း