မန္တလေးတိုင်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်း (၂)လောင်းတွေ့ရှိ
Pearl (NP News) – ဧပြီ ၁၁
မန္တလေးတိုင်းအတွင်း တစ်ရက်ထဲ၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်း (၂)လောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၈ ရက်၊ နေ့လည်(၁)နာရီအချိန်ခန့်တွင် တောင်သာမြို့နယ်၊ ရွှေစည်ကြီးကျေးရွာ၏ တောင်ဘက် (၁)မိုင်ခန့်အကွာ ရွှေစည်ကြီး-သန်းတန်းကျေးရွာချင်းဆက်လမ်းဘေး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်၊ ဇေယျာသီရိကျေးရွာနေ ဦးဇော်မင်း(၃၅)နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား (၅) ဦးမှ ရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် အခင်းဖြစ်နေရာအရောက်၌ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်ခဲ့၍ ၎င်းတွင် ဓားဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ နေ့လည် ၁၂ နာရီ ၁ဝ မိနစ် အချိန်ခန့်တွင် မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာအနီးရှိ ရေပေးဝေရေးဆည်မြောင်းအတွင်း၌ အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက် ထုတ်ပြန်ထားသည်။
အဆိုပါအမျိုးသားတွင် ဦးခေါင်းပြတ်ထွက်ဒဏ်ရာဖြင့် ပုတ်ပွသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အလောင်းအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
zawgyi version
မႏၲေလးတိုင္းအတြင္း ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ ႐ုပ္အေလာင္း (၂)ေလာင္းေတြ႕ရွိ
Pearl (NP News) – ဧၿပီ ၁၁
မႏၲေလးတိုင္းအတြင္း တစ္ရက္ထဲ၌ ဓားဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ ႐ုပ္အေလာင္း (၂)ေလာင္းကို ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဧၿပီလ ၈ ရက္၊ ေန႔လည္(၁)နာရီအခ်ိန္ခန႔္တြင္ ေတာင္သာၿမိဳ႕နယ္၊ ေ႐ႊစည္ႀကီးေက်း႐ြာ၏ ေတာင္ဘက္ (၁)မိုင္ခန႔္အကြာ ေ႐ႊစည္ႀကီး-သန္းတန္းေက်း႐ြာခ်င္းဆက္လမ္းေဘး၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေတာင္သာၿမိဳ႕နယ္၊ ေဇယ်ာသီရိေက်း႐ြာေန ဦးေဇာ္မင္း(၃၅)ႏွစ္သည္ ေနအိမ္၌ရွိေနစဥ္ အၾကမ္းဖက္သူ အမ်ိဳးသား (၅) ဦးမွ ေရာက္ရွိလာၿပီး ၎အား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အခင္းျဖစ္ေနရာအေရာက္၌ ဓားမ်ားျဖင့္ ဝိုင္းဝန္းထိုးခုတ္သတ္ျဖတ္ခဲ့၍ ၎တြင္ ဓားဒဏ္ရာမ်ားရရွိ၍ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ အဆိုပါေန႔ ေန႔လည္ ၁၂ နာရီ ၁ဝ မိနစ္ အခ်ိန္ခန႔္တြင္ မတၱရာၿမိဳ႕နယ္၊ ငါးလုံးႁပြန္ေက်း႐ြာအနီးရွိ ေရေပးေဝေရးဆည္ေျမာင္းအတြင္း၌ အမ်ိဳးသားတစ္ဦးဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ ထုတ္ျပန္ထားသည္။
အဆိုပါအမ်ိဳးသားတြင္ ဦးေခါင္းျပတ္ထြက္ဒဏ္ရာျဖင့္ ပုတ္ပြေသဆုံးေနသည္ကိုေတြ႕ရွိရသျဖင့္ အေလာင္းအား မတၱရာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြန်လမ်း၌ အိမ်စီးကားတစ်စီး ကွန်ကရစ်တုံးအား ဝင်တိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း