ရွှေဖရုံသီးလှေနဲ့ (၄၅ ဒသမ ၆၇)မိုင်အထိ လှော်ပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ အမေရိကန် အမျိုးသား
Pika (NSS) - နိုဝင်ဘာ ၁၄
အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှ အမျိုးသားတစ်ဦးသည် ၎င်းစိုက်ပျိုးထားသော အလေး ချိန်(၁၂၁၄)ပေါင်ရှိ ရွှေဖရုံသီးကို လှေပုံစံ ဖန်တီးကာ ကိုလံဘီယာမြစ်အတွင်းတွင် အကွာအဝေး(၄၅ ဒသမ ၆၇)မိုင်အထိ လှော်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
(၂၀၁၁)ခုနှစ်တည်းက ဧရာမရွှေဖရုံသီးများကို စိုက်ပျိုးခဲ့သော ဂယ်ရီခရစ္စတန်ဆန်သည် West Coast Giant Pumpkin Regatta ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် (၂၀၁၃)ခုနှစ်မှစတင်ပြီး ၎င်း၏ ရွှေဖရုံးသီးများကို လှေပုံစံအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဂယ်ရီခရစ္စတန်ဆန် သည် West Coast Giant Pumpkin Regatta ပြိုင်ပွဲတွင်ပြီးခဲ့သည့်လေးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်ကြောင်းလည်းသိရသည်။
ဂယ်ရီခရစ္စတန်ဆန်သည် ရွှေဖရုံသီး လှေဖြင့် အရှည်လျားဆုံးလှေလှော်ခရီးစဉ် ဂင်းနစ်စံ ချိန်ကို ချိုးဖျက်နိုင်ရန်အတွက် ယခုနှစ်တွင် Punky Loafster ဟုအမည်ပေးထားသော ရွှေဖရုံသီးလှေကို ဖန်တီး ခဲ့ကြောင်း သိရသည်။ ဂယ်ရီခရစ္စတန်ဆန်သည် (၄၅ ဒသမ ၆၇)မိုင်ခရီးစဉ်ကို ပြီးမြောက်ရန်အတွက် အချိန်(၂၆)နာရီကျော်ကြာမြင့်ခဲ့ပြီး ယခင်စံချိန်ဖြစ်သည့် (၃၉)မိုင်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း လေပြင်းတိုက်ခြင်းများနှင့် ရေမျက်နှာပြင်မတည်ငြိမ်မှုတို့ ကြောင့် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရကြောင်း ဂယ်ရီခရစ္စတန်ဆန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂယ်ရီခရစ္စတန်ဆန်က “ဒီခရီးစဉ်အတွင်း (၄)မိုင် ဒါမှမဟုတ်(၅)မိုင်ခန့်လောက်အရောက်မှာ တစ်နာရီကို (၃၀)ကနေ(၃၅)မိုင်နှုန်းအထိ တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီခရီး စဉ်ကို Bonneville ဆည်ကနေစတင်ခဲ့တာ ဖြစ်ပြီး ကျွန်တော့်ရဲ့ ရွှေဖရုံသီးလှေထဲကို ရေတွေဝင် လောက်တဲ့အထိ လှိုင်းတွေကကြီးမားပါတယ်” ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာနှင့် R2P ထောင်ချောက်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ