Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရှေ့တောင်အာရှ စစ်ဗိုလ်ချုပ်ကြီးတို့ရဲ့ ဒုတိယအသက်မွေးဝမ်းကြောင်း (သို့မဟုတ်) နိုင်ငံရေးတာဝန်

လင်းမြတ် (NSS) - နိုဝင်ဘာ ၁၄

ကမ္ဘာ့နိုင်ငံများ၏ အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးများသည် အတိတ်က ၎င်းတို့၏ တပ်မတော်ရာထူးမှ အတွေ့အကြုံ၊ ဝါသနာနှင့် အမျိုးသားရေး တာဝန်ခံယူချက်များအရ (Mid-Carrer Change) ဟုခေါ်သည့် ပြောင်းလဲအသက်မွေးဝမ်းကြောင်းမှုအဖြစ် နိုင်ငံရေးနှင့် သက်ဆိုင်သော ကျွမ်းကျင်ဆိုင်ရာပြောင်းလဲ သက်မွေးကြောင်းမှု (Carrer Transformation)အနေဖြင့် နိုင်ငံရေးလောကသားများအသွင် (Politician) (သို့မဟုတ်) အရပ်ဘက် ပြည်သူ့ဝန်ဆောင်မှု (Pu­b­lic Service) အသွင်ဖြင့် ကူးပြောင်းတာဝန်ထမ်း ဆောင်ကြမှုများ အစဉ်လာကဲ့သို့ရှိနေ ဆဲဖြစ်သည်။ (ဥပမာ- နာမည်ကြီး အမေရိကန်လွှတ်တော်အမတ် ဗီယက်နမ် စစ်ပြန်ကြီး ဂျွန်မက်ကိန်း)။ 

ထိုသို့ကူးပြောင်းကြရာတွင် မိမိသဘောထားအရ ပြောင်းလဲလာကြသူများရှိသကဲ့သို့ ၎င်းတို့၏စစ် ရေးတာဝန် အပြင် အခြားသော ထူးခြားပြောင်မြောက်သည့် ထူးချွန်မှုများ၊ စိတ်ထားနှင့်ခံယူချက်များအပေါ် ထုတ်နုတ်မြင် တတ်သော နိုင်ငံ့ခေါင်းဆောင်များက တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနိုင်စေရန်အလို့ငှာ တာဝန်ပေးခြင်းခံရမှုများလည်း ရှိတတ်ကြသည်။

အရှေ့တောင်အာရှနိုင်ငံများ၏ အများစုသော အစိုးရအဖွဲ့များနှင့် လူ့အဖွဲ့အစည်းတွင်တော့ ကမ္ဘာ့နိုင်ငံများ ထက်ပိုပြီး စစ်မှုထမ်းတပ်မတော်အရာရှိများ နိုင်ငံရေးတွင်ပါဝင်ရခြင်းကိုက အစဉ်အလာ ယုံကြည် မှုကဲ့သို့ဖြစ်သည်။ ထို့အတူ အရှေ့တောင်အာရှနိုင်ငံ အများစုဖြစ်ကြသော မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား နိုင်ငံများသည် ရှေးယခင်က ဘုရင်စနစ်ထွန်းကားခဲ့ပြီး ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှားတို့မှာမှု ဘုရင့်တော်ဝင်တပ်မတော် ကျော ထောက်နောက်ခံထားသော ဒီမိုကရေစီစနစ်သို့ ဦးတည်ကြိုးစားနေရင်း ထီးနန်းစံဘုရင်ထံ တာဝန်သစ္စာ တော်ခံရသည်။ ဘရူနိုင်းနိုင်ငံသည် ယနေ့တိုင် သက်ဦးဆံပိုင်ဘုရင်စနစ် ကျင့်သုံးနေဆဲဖြစ်ပြီး ဘုရင်သာလျှင် နိုင်ငံ၏ဦးသျှောင် အကြီးအကဲဖြစ်သကဲ့သို့ တော် ဝင်တပ်မတော်၏ အဓိပတိလည်းဖြစ်သည်။ 

တစ်ခုတည်းသော မလေးရှားမှ ခွဲထွက်မြို့ပြ ကျွန်းနိုင်ငံလေး စင်ကာပူပင်လျှင် နိုင်ငံ့ခေါင်းဆောင် နေရာအတော် များများအတွက်ရွေးချယ်ရာတွင် တပ်မတော်တာဝန်ထမ်းဆောင်ခဲ့ဖူးသော အဆင့်မြင့်တပ်မ တော်အရာရှိကြီးများအများ စုကိုသာ ရည်ရွယ်လေ့ကျင့် ရွေးချယ်ခန့်ထားလေ့ရှိသည်။ ရည်ရွယ်ချက်မှာ ကျွမ်းကျင်မှုအတွက် လက်တွဲလေ့ကျင့် သင်ကြားပေးလျှင် အမိန့်နာခံတတ်မှု အလုပ်ပြီးမြောက်မှုကို အလေးထားကြောင်း လေ့လာတွေ့ရှိရတယ်။ 

၁။ လက်ရှိစင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်းမှာ (အမျိုးသားစစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကာလ ပြီးဆုံးထားသော တပ်မတော်အရာရှိ Army Officer-NS) တစ်ဦးဖြစ်သည်။ 

၂။ နိုင်ငံတည်ထောင်သူ လီကွမ်ယု၏သားကြီး ဝန်ကြီးချုပ်ဟောင်းနှင့် ယခု အဆင့်မြင့်ဝန်ကြီး လီရှန်လွန်းမှာ မူ တပ်မတော်(ကြည်း)ဗိုလ်မှူးချုပ်အဆင့်မှ နိုင်ငံရေးလောကသို့ ဖခင်ဦးဆောင်သောအာဏာရပါတီအစိုး ရအဖွဲ့မှ ရွေးချယ် တာဝန်ပေးခံရသူဖြစ်သည်။ 

၃။ ထို့အတူ အဆင့်မြင့်ဝန်ကြီး တီယိုချီဟိမ်းမှာ စင်ကာပူကာကွယ်ရေးဦးစီးချုပ်(ရေ) ကြယ်နှစ်ပွင့်အဆင့် ရေတပ်ဗိုလ် ချုပ်ရာထူးမှတစ်ဆင့် နိုင်ငံရေးလောကသို့ အာဏာရပါတီအစိုးရအဖွဲ့မှ ရွေးချယ်တာဝန် ပေးခံရသူဖြစ်သည်။

၄။ စင်ကာပူပညာရေးဝန်ကြီး ချန်ချွန်စင်မှာ စင်ကာပူကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကြယ်နှစ်ပွင့်အဆင့် ကြည်း တပ်ဗိုလ်ချုပ်ရာထူးမှတစ်ဆင့် နိုင်ငံရေးလောကသို့ အာဏာရပါတီအစိုးရအဖွဲ့မှ ရွေးချယ်တာဝန် ပေးခံရသူဖြစ်သည်။

၅။ စင်ကာပူ ရထားပို့ဆောင်ရေးအမှုဆောင်အရာရှိ ချုပ်ဒက်စမွန်နွန်မှာ စင်ကာပူတပ်မတော်ကွယ်ရေးဦး စီးချုပ် ကြယ်သုံးပွင့်အဆင့် ကြည်းတပ် ဒုတိယဗိုလ် ချုပ်ကြီးရာထူးမှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုရာထူးသို့ အာဏာရပါ တီအစိုးရအဖွဲ့မှရွေးချယ်တာဝန်ပေးခံရသူဖြစ်သည်။

၆။ စင်ကာပူပညာရေးနှင့် အလုပ်သမား ပြည်ထောင်စုဝန်ကြီး ဂန်ဆိုဟောင်းမှာ စင်ကာပူတပ်မတော်(လေ) လေကြောင်း စွမ်းအားမျိုးဆက်များဌာနချုပ်မှူး အမျိုးသမီး ကြယ်တစ်ပွင့်အဆင့် လေတပ်ဗိုလ်မှူးချုပ်ရာထူး မှတစ်ဆင့် နိုင်ငံရေး လောကသို့ အာဏာရပါတီအစိုး ရအဖွဲ့မှ ရွေးချယ်တာဝန်ပေးခံရသူဖြစ်သည်။

၇။ စင်ကာပူ အလုပ်သမားယူနီယံအမှုဆောင်အရာရှိချုပ် အန်ချီမင်းမှာ စင်ကာပူတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကြယ်(၃)ပွင့်အဆင့် လေတပ်ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးမှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှု ရာထူးသို့ အာဏာရပါတီအစိုးရ အဖွဲ့မှရွေးချယ်တာဝန်ပေးခံရသူဖြစ်သည်။

၈။ စင်ကာပူပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ပယ်ရီလင်းမ်မှာ စင်ကာပူတပ်မတော်ကွယ်ရေးဦးစီးချုပ် ကြယ်သုံးပွင့်အဆင့် ကြည်းတပ်ဒုတိယဗိုလ်ချုပ် ကြီးရာထူးမှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုရာထူးသို့ အာဏာရပါတီ အစိုးရအဖွဲ့မှရွေးချယ်တာ ဝန်ပေးခံရ သူဖြစ်သည်။

၉။ စင်ကာပူ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး အယ်လ် ဗင်တန်မှာ စင်ကာပူတပ်မတော် ကြည်းတပ်ဗိုလ်ကြီး အဆင့်မှ တစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုရာထူးသို့ အာဏာရပါတီအစိုးရအဖွဲ့မှရွေးချယ်တာဝန်ပေးခံရသူ ဖြစ်သည်။

၁၀။ စင်ကာပူ အိမ်ရာဖွံ့ဖြိုးရေးဗဟိုအမှုဆောင်အဖွဲ့ဝင် ဂိုစီဟူမှာ စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ကြယ်နှစ်ပွင့်အဆင့် ကြည်းတပ်ဗိုလ်ချုပ်ရာ ထူးမှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုရာထူးသို့ အာဏာ ရပါတီအစိုးရအဖွဲ့မှ ရွေးချယ်တာဝန်ပေးခံရသူဖြစ်သည်။

၁၁။ စင်ကာပူသတင်းအချက်အလက်နှင့် မီဒီယာဖွံ့ ဖြိုးရေးအာဏာပိုင်အမှုဆောင်အရာရှိချုပ် လွီချန်ဟွန်းမှာ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ) ကြယ်နှစ်ပွင့်အဆင့် ရေတပ်ဗိုလ်ချုပ်ရာထူးမှ တစ်ဆင့် ပြည်သူ့ ဝန်ဆောင်မှုရာထူးသို့အာဏာရပါတီအစိုးရအဖွဲ့မှ ရွေးချယ်တာဝန်ပေးခံရသူဖြစ် သည်။

ထိုသို့အလားတူ စင်ကာပူ၏ အခြားမထင်ရှားသော နိုင်ငံရေးဆိုင်ရာရာထူးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ရာထူးနေရာများတွင်လည်း အမျိုးသားစစ်မှု ထမ်းဥပဒေအရမဟုတ်သော အချိန်ပြည့်တပ်မတော် အဆင့်မြင့် ရာထူး အရာရှိဟောင်းများစွာအား ထူးချွန်အရည်အချင်းအလိုက် အလားအလာအပေါ် သုံးသပ် တာဝန်ပေးအပ်ထားခြင်းဖြင့် အမိန့်နာခံမှုအလေးပေးသော အစိုးရအဖွဲ့ကို ဖွဲ့စည်းထားသည်။

နာမည်ကြီး အင်ဒိုနီးရှား သက်တော်ရှည် သမ္မတဂုဏ်ထူးဆောင်ဗိုလ်ချုပ်ကြီး ဆူစီလိုဘန်ဘမ်း အလွန် (၂၀၁၄)ခုနှစ်တွင် ၎င်းယုံကြည်ရပြီး အရပ် ဘက် စစ်ဘက် မျှတသူဟု လူသိများသော သမ္မတ ဂျိုကိုဝီဒိုဒိုလက်ထက်တွင် အင်ဒိုနီးရှားတပ်မတော်မှာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဆင့်ရှိသော ကြည်း တပ်ဗိုလ်ချုပ်ကြီး ပရာဗိုဝိုဆူဗီယမ်တိုကို ကာကွယ် ရေးဝန်ကြီးအဖြစ်တာဝန်ပေးရုံမျှမက အစိုးရအဖွဲ့နှင့် ပြည်သူ့ဝန်ဆောင်မှုအခန်းတွင်လည်း စစ်တပ်မှအ ရပ်ဘက်ပြောင်းဖြင့် စစ်ယူနီဖောင်းဝတ်လျက် အရပ်ဘက်/စစ်ဘက်ပူးတွဲတာဝန်ပေးမှုများအထိ တပ်မ တော်အရာရှိ များနှင့် ယူနီဖောင်းဝတ်ဝန်ထမ်းများကို နေရာပေးတာဝန်ထမ်းစေခဲ့ကာ (၁၀)နှစ်တာ အုပ်ချုပ်ခဲ့သည်။ (၂၀၂၄)ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဗိုဝို ဆူဗီယမ် တို ရွေးကောက်ပွဲမဲဆွယ်မစခင်ကပင် သမ္မတ ဂျိုကို ဝီဒိုဒိုဟာ ၎င်းရဲ့သားကြီး ဂျီဘန်ရာကာဘူမင်ကိုပါတီမှ ဒုတိယသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေရန် သဘောတူ ညီမှုရရှိခဲ့ကြသည့်အပြင် ပါတီအမတ် လောင်းများဆိုင်ရာဥပဒေမှ အမတ်များ၏သတ်မှတ် အငယ်ဆုံးအသက်ကို လျှော့ချပြင်ဆင်ကာ Youtuber အဖြစ်နာမည်ရနေတဲ့ ၎င်း၏သားအငယ်ဆုံး ကီဆန်ကို Indonesian Solidarity Party (PSI) ၏ Chairman အဖြစ်ခန့်အပ်ကာ ဗိုလ်ချုပ်ကြီး ပရာဗိုဝိုထံ နိုင်ငံတော်အာဏာကိုလွှဲအပ်ခဲ့သည်။  သမ္မတသစ် ပရာဗိုဝို အစိုးရအဖွဲ့မှာတော့ တပ်မတော်အဆင့်မြင့် အရာရှိကြီးဟောင်းများအား ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ အခြားသော ပြည်သူ့ဝန်ဆောင်မှုဌာနများတွင် တာဝန်ပေးအပ်ခြင်း ပိုမိုများပြားလာသည့်အပြင် သမ္မတမဖြစ်ခင်က ၎င်း၏ လုံခြုံရေးအရာရှိ အမေရိကန်မရိန်းကျောင်းဆင်း အသက်(၃၅)နှစ်သာရှိသေးသော ဗိုလ်မှူးတယ်ဒီကို ယူနီဖောင်းဝတ်ဖြင့် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မြို့တော်ဝန်တာဝန်ကိုတွဲ ဖက်ခန့်အပ်ခြင်းဖြင့် တပ်တွင်းက လက်ရှိတာဝန်ထမ်း ဆောင်ဆဲ တပ်မတော်သားငယ်များကို မျှော်လင့်ချက် ကြီးကြီးပေးလိုက်ပြန်သည်။ ထို့အတူ ပရာဗိုဝိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စုစုပေါင်း (၁၀ဝ)ကျော် သည် အစိုးရတာဝန်ယူပြီး တစ်လအတွင်းမှာပင် အင် ဒိုနီးရှားတပ်မတော် အကယ်ဒမီတည်ရှိရာ တောင်ထူ ထပ်သည့်တပ်မြို့တွင် တပ်မတော်ယူနီဖောင်းများကို ဆင်တူ ဝတ်ဆင်ကာ နေ့ည မိုးရေထဲမိန့်ခွန်းပြောကြား သည်အထိ (၃)ရက်တိုင်တိုင် Military Retreat and Gathering တပ်မ တော်သားများနှင့်အတူ ပြုလုပ်ခဲ့ပြန်သည်။ အရှေ့တီမောခွဲထွက်မှုအပြီးပြည်တွင်းလက်နက်ကိုင်သောင်း ကျန်းသူမရှိ တော့သ လောက်နည်းသွားခဲ့ပြီး လူဦးရေ (၂၈၅)သန်းနီးပါးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ငွေကြေးဖောင်းပွမှု၊ အောက်ခြေလူတန်းစားများအတွက် အခြေခံလုပ်ခ လစာနည်းမှု၊ သာမန်ပညာသင်၊ ဆေးကုသရန်ဆက် လက်ခက် ခဲနေမှု၊ ဖွံ့ဖြိုးမှုနောက်ကျသော ဝေးလံခေါင်ဖျားကျွန်းနှင့် တောင်ပေါ်ဒေသများရှိနေခြင်းစ သည့် မပြည့်စုံမှုများနှင့် ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ဘက်နှင့်စစ်ဘက်နီးစပ်သည့် အရပ်သားနိုင်ငံရေး သမားများပေါင်းထားသော ပါတီများ သာကြီးစိုးသည့် အင်ဒိုနီးရှား၏ တစ်တိုင်းပြည်လုံးအားဖြင့် မလွှမ်းခြုံ နိုင်သော လူနည်းစုနိုင်ငံရေးသည် ရေရှည်တွင် မည် မျှကြာရှည်အားကောင်းနိုင်မည်ဆိုသည်မှာ စိတ်ဝင် စားစရာပါ။

ဗီယက်နမ်မှာလည်း လစ်လပ်သမ္မတနေရာကို မကြာသေးခင်ကမှ အာဏာရကွန်မြူနစ်ပါတီဥက္ကဋ္ဌ ရာထူးကိုယူ ထားသည့် ဗိုလ်ချုပ်ကြီးဟောင်း လျှောင်ကောင်က ကျမ်းကျိန်ဆို တာဝန်ယူလိုက်သည်။ ဗီယက် နမ်အစိုးရ အဖွဲ့ဝန်ကြီး ဌာနများတွင်လည်း တပ်မတော်အရာရှိဟောင်း အဆင့်စုံ တာဝန်ထမ်းဆောင် လျက်ရှိသည်။ လက်ရှိ ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေး (သမ္မတဟောင်း ဒူတာတေး၏သမီး)သည်လည်း ဖိလစ်ပိုင်တပ်မတော်တွင် ဗိုလ်မှူး ကြီးအဆင့်မှ မြို့တော်ဝန် ထိုမှတစ်ဆင့် ဒုတိယသမ္မတအဖြစ် တက်လှမ်းလာသူဖြစ်သည်။ ဖိလစ်ပိုင်သည် အရှေ့ တောင်အာရှတွင် အမေရိကန်၏ စစ်အခြေစိုက်စခန်း အများဆုံးသော ကိုယ်ပွားနိုင်ငံဟု သမုတ်ခံရလောက် အောင်လူသိ များပြီး ပြည်တွင်းရာဇဝတ်မှုနှင့် ပြည် တွင်းသောင်းကျန်းသူများဒဏ်ကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။

ကမ္ဘောဒီယားတွင်တော့ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်းနှင့် ဗိုလ်မှူကြီးဟောင်း ဟွန်ဆန်အလွန် သားဖြစ်သူ ကြည်းတပ်ဗိုလ်ချုပ်ကြီး ဟွန်မာနက်က နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို ယူထားသည်။ ဟွန်ဆန် မိသားစုနှင့်ကမ္ဘောဒီးယား တပ်မတော်သည် ဘုရင်ထံသစ္စာခံထားသည့်ကာလပတ်လုံး နိုင်ငံ့အာဏာကို ထိန်းချုပ် ထားနိုင်ဖွယ်ရှိပြီး တပ်နှင့် ရဲ၏နိုင်ငံတွင်းဩဇာလွှမ်းမိုးမှုသည်လည်း ကြီးမားနေဆဲဖြစ်ပါတယ်။

ဘုရင်စနစ်တည်မြဲနေသော်လည်း ထိုင်းနိုင်ငံသည် နှစ်ပေါင်း (၇၀)ကျော်အတွင်း စစ်အာဏာ သိမ်းမှုပေါင်း (၁၀)ကြိမ်ထပ်မနည်းရှိခဲ့သည့် အရှေ့တောင်အာရှ၏ တစ်ခုတည်းသော စစ်အာဏာသိမ်းမှု အများဆုံးနိုင်ငံလည်း ဖြစ်သည်။ နောက်ဆုံး အာဏာ သိမ်းဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ အာဏာလွှဲ ချိန်တွင်တော့ အဆင့်မြင့် စစ်ဘက် ရဲဘက် အရာရှိ များစွာကို အစိုးရဌာနအသီးသီးတွင် ခန့်ထားခဲ့သည်။ ထိုင်းတော်ဝင်တပ်မတော်သည် ဘုရင့်ထံ သစ္စာခံရ ခြင်းဖြစ်ပြီး အစိုးရ၏ဆုံးဖြတ်ချက်များသည် ဘုရင်ထံ အတည်ပြုမှုရယူရခြင်းဖြစ်ပြီး  ဘုရင်သာလျှင် ပယ် ဖျက်ခွင့်ရှိပြန် သည်။ သို့သော် ပြည်တွင်းသောင်းကျန်း သူမရှိသည့်ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ခရီးသွားနှင့် လယ်ယာ စိုက်ပျိုးရေးအားဖြင့် ချမ်းသာကြွယ်ဝသောနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ထူးခြားတာက ပြည်တွင်းသောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့ပေါင်း ရာချီနီးပါးရှိသည့် မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် အာဏာသိမ်း သည်ကစ၍ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ယနေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်အထိ နိုင်ငံတော်တာဝန်ယူမှုများတွင် နိုင်ငံရေးသမားများ၏ ဉာဏ်အမြော် အမြင်နည်းမှု၊ လက်နက်ကိုင်များ၏ အဆင်အခြင်မဲ့မှုများကိုထိန်း သိမ်းရန် ပြဿနာတက်သည့်အိမ်ကို စောင့်ရသော အစောင့်ကဲ့သို့ ယူနီဖောင်းဝတ်ဖြင့် တပ်မတော်တာဝန်အပြင် နိုင်ငံ့တာဝန်ကိုတာဝန်ယူကိုင်တွယ် ဖြေရှင်းရသော ယာယီအုပ်ချုပ်ရေးမျိုးသာဖြစ်ပြီး စစ်သားဟောင်းအနေဖြင့် နိုင်ငံ့တာဝန်ကို နိုင်ငံရေးသမားအဖြစ် တာဝန်ယူကာ တပ်မ တော်နှင့်ထိန်းညှိအုပ်ချုပ် တာဝန်ယူသွားသည့်အစိုးရမှာ သမ္မတဦးသိန်းစိန်၏(၅)နှစ်သက်တမ်း အစိုးရသာရှိသည်။ ထို့ကြောင့်     ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အိမ်စောင့်အစိုးရ (သို့မဟုတ်) နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အ လွန် အနာဂတ်မြန်မာနိုင်ငံကို မည်သို့သောသူများက ဦးဆောင်တာဝန်ယူသွားမည်နည်းဆိုသည်ကိုလည်း အရှေ့တောင် အာရှနိုင်ငံတစ်ခုအဖို့ စိတ်ဝင်စားစရာပါ။

တပ်မတော်အရာရှိဟောင်းများ၏ နိုင်ငံရေး တာဝန်ထမ်းဆောင်ရာတွင် အားသာချက်များ

ခေါင်းဆောင်မှုအတွေ့အကြုံ (Leadership Experience) ။     ။  စစ်မှန်ပြီးအတွေ့အကြုံများသော တပ်မတော်အရာရှိများသည် ဖိအားနှင့်အခက်အ ခဲများအတွင်း မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ ချရဲခြင်း ကို လက်တွေ့ကျကျလုပ်ဆောင်နိုင်ခြင်း။ စည်းကမ်းနှင့်အစည်းအဝေးတင်ပြမှု (Discip line and Organization) ။  ။သရုပ်ဖော်တင်ပြမှုများတွင် စနစ်တကျရှိခြင်းနှင့် အစည်းအဝေးဆိုင်ရာ ဆွေးနွေးမှုများတွင် တွေဝေမှုမရှိ ရှင်းလင်း တိကျပြတ် သားစွာ တင်ပြတတ်ခြင်း။

နိုင်ငံ့လုံခြုံရေးဆိုင်ရာကျွမ်းကျင်မှု (National Sec­u­rity Expertise)။     ။ စစ်မှန်သည့် အတွေ့အကြုံ ရင့်တပ်မတော် အရာရှိကြီးများသည် နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော်လုံးခြုံရေးနှင့်စပ်ဆိုင်သော သံတမန်ရေးနိုင်ငံခြား ရေး ဆိုင်ရာမှုဝါဒများကို ရင်းနှီးသိ ရှိနားလည်လွယ်နိုင်ခြင်း၊ အတွေ့အကြုံများခြင်း။

စိုးရိမ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Crisis Management)။  စစ်မှန်သည့် အတွေ့အကြုံရင့် တပ်မတော်အ ရာရှိကြီးများသည် အရေးပေါ်အချိန်ကာလများတွင်အချိန်နှင့်တစ်ပြေးညီ ကျွမ်းကျင်တည်ကြည်စွာ စီမံ ခန့်ခွဲတတ်ကြခြင်း။

နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒ (Public Service Orie­ntation) ။      ။ စစ်မှန်သည့်အတွေ့အကြုံရင့်တပ် မတော် အရာရှိကြီးများသည် အသက်နှင့်ရင်းရသည့် အတွေ့အကြုံများစွာကြောင့် နိုင်ငံတော်ဝန်ထမ်းများ ဆိုင်ရာ တာဝန်အလိုက် တာဝန်ယူမှုတာဝန်ခံမှုများတွင် အတွေ့အကြုံများစွာရှိသည့်အပြင် ခံယူချက် ပြင်းထန်ကြခြင်း။

တပ်မတော်အရာရှိဟောင်းများ၏ နိုင်ငံရေးတာဝန်ထမ်းဆောင်ရာတွင် အားနည်းချက်များ

အာဏာပေးတတ်သောအလေ့အထ (Auto cratic Tendencies)။      ။  စစ်ပညာသင်ကြားရာမှသည် မိမိ တာဝန်ကျရာများတွင် အဆင့်ဆင့် တင်းကြပ်စွာ အုပ်ချုပ်မှုများမှာ အသားကျခဲ့သည့်အတွက် ရာထူးအဆင့်အလိုက် ပေါင်းစပ်ညှိနှိုင်းအဖြေရှာရမည့် အစည်းအဝေးများမှာ တင်းကြပ်သောအမိန့်များ ပေးတတ်ခြင်း။

နိုင်ငံရေးအတွေ့အကြုံနည်းခြင်း (Limited Politi­cal Experience) ။     ။ စစ်မှန်သည့် အတွေ့အကြုံ ရင့်တပ်မတော်အရာရှိကြီးများသည် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာစာချုပ်များ၊ နိုင်ငံရေးဆိုင်ရာ လျှပ်တစ်ပြက်ထိန်း ချုပ်မှုနှင့် နိုင်ငံတန်ပြန်ဆွေးနွေး မှုများမှာ အတွေ့အကြုံ နည်းနိုင်ခြင်း၊ 

အသွင်မတူမှုများအပေါ် အားမရတတ်ခြင်း (Par­tisan Bias) ။    ။စစ်ရေးအခြေအနေများကဲ့သို့မလုပ်မ ဖြစ်လုပ်ရမည်ဟု ပုံသေကားကျမရှိသလို စိတ်အေး တည်ငြိမ်ရမည့် အရပ်ဘက်နှင့်ဆိုင်သော ဆုံးဖြတ်ချက်များကို အပြုသဘောထား ပေးရခြင်းများကြောင့် မကျေမနပ်များဖြစ်ရခြင်း။

ပြည်သူ့ယုံကြည်ခံရမှုအားနည်းခြင်း (Civi­lians’ Distrust)။    ။  မိမိက စစ်မှန်စွာခေါင်းဆောင် ပါသည် ဆိုသော် လည်း နိုင်ငံသားများ၏ သံသယနှင့် ယုံကြည်မှုကို မရရှိကြောင်းခံစားရခြင်း။

ရှင်းလင်းသော ဆုံးဖြတ်တင်ပြခြင်း(Simplistic Solutions) ။      ။ တပ်မတော်သားများသည် ပြည်သူနှင့်ဆိုင်သော ဆုံးဖြတ်ချက်များမှာ ကျင့်သားရနေ သောအုပ်ချုပ်မှုနှင့်ထိန်းချုပ်မှုများ အမြဲထည့်သွင်းပူး တွဲဆုံးဖြတ်သည့်အခါ ပြည်သူ နှင့် အထင်အမြင် လွဲတတ်နိုင်ခြင်း။

အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် စစ်မှန်ပြီး စစ်ရေးအတွေ့အကြုံရင့် တပ်မတော်သား/ စစ်သားများ သည် မိမိကိုယ်တိုင်က စစ်ရေးအပြင် အခြားကဏ္ဍတစ်ခုခုတွင် ဝါသနာပါ ထူးချွန်ထက်မြက် နေပါက ဥပမာ နိုင်ငံရေး ပြည်သူအကျိုးပြုလုပ်ငန်းများတွင် ပြောင်းလဲတာဝန်ထမ်းဆောင်နိုင်သည်။ သို့မဟုတ် ကျွမ်းကျင်မှုကိုမြင်သော နိုင်ငံ့ အကြီးအကဲများက ယုံကြည်၍ တာဝန်ပေးခြင်းခံရခြင်းမျိုးလည်း ရှိနိုင်သည်။ သို့သော်လည်း အမိန့်နာခံမှုတစ်ခုတည်း ပေါ်မူတည်ပြီး ကျွမ်းကျင်မှု တာဝန်ပေးခံရမည်ဆိုလျှင် စစ်သားများက ရှိထားပြီးသောအစဉ်အလာအရ အလုပ်များကို ပြီးမြောက်အောင် တိကျလိုက်နာလုပ် ဆောင်နိုင်ပါသော်လည်း ရေရှည်တွင် ထူးခြားပြီး အတူကွဲပြားသည့် အောင်မြင် တိုးတက်မှုရလာမည် မဟုတ်သလို တာဝန်ပေးခံရသူလည်း လုပ်ငန်းခွင်တွင် စိတ်ဖိစီးလာနိုင်သည်။ စစ်သား (Soldier)ဟာ နိုင်ငံ ရေး/ ပြည်သူ့ဝန်ဆောင်မှု အရပ်ဘက်အလုပ် လုပ်နိုင်သည်။ အရေးကြီးသည်မှာ အဆိုပါ နိုင်ငံရေး(သို့မ ဟုတ်) ပြည်သူ့ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ကျွမ်း ကျင်မှု(Skills)၊ ရည်မှန်းချက်(Passion)၊ စဉ်ဆက်မ ပြတ်ကြိုးစားအားထုတ်ခြင်း(Continuous Impro­vement)များသာလိုအပ်ကြောင်း စုစည်းတင်ပြလိုက်ပါသည်။     

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေဖရုံသီးလှေနဲ့ (၄၅ ဒသမ ၆၇)မိုင်အထိ လှော်ပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့တဲ့ အမေရိကန် အမျိုးသား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved