မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်(၂)ဦးကို PDF အဖွဲ့က သတ်ဖြတ်ပြီးနောက် ကားတစ်စီးနှင့်ဆိုင်ကယ်(၂)စီးကိုပါ လုယက်ယူဆောင်
NSS - နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သတ်ဖြတ်ပြီးနောက် ကားတစ်စီးနှင့် ဆိုင်ကယ် (၂) စီးကိုပါ လုယက်ယူဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၁ ရက် ၊ နံနက် ၉ နာရီ ၄၀ မိနစ် အချိန်ခန့်က မလှိုင်မြို့နယ်၊ ဆပ်ခင်းကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဦးတင်ထွန်းမိုးနှင့် ၎င်းနှင့်တစ်ရွာတည်းနေ အသက် ၅၂ နှစ်အရွယ် ဦးထွန်းမြင့်ရွှေတို့သည် ၎င်းတို့၏ နေအိမ်အသီးသီးတွင် ရှိနေစဉ် PDF အဖွဲ့ဝင်(၁၀)ဦးက ဆိုင်ကယ်(၅)စီးဖြင့် ရောက်ရှိလာပြီး ဓား၊ သေနတ်တို့ဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးတင်ထွန်းမိုးနှင့် ဦးထွန်းမြင့်ရွှေတို့တွင် ဓားဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးထွန်းမြင့်ရွှေ၏ နေအိမ်မှ Mitsubishi FUSO Canter Truck ကားတစ်စီးအပါအဝင် Click 125 ဆိုင်ကယ်တစ်စီးနှင့် Click 160 အမျိုးအစားဆိုင်ကယ်တစ်စီးတို့အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
အလားတူ နိုဝင်ဘာလ ၁၂ ရက် ၊ နံနက် (၇)နာရီအချိန်ခန့်ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ ကုန်းပေါ်နက်ကျေးရွာနေ ဦးအောင်စိုးကို (၅၇)ကို PDF အဖွဲ့ဝင်(၅)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ ဓားဖြင့် ထိုးခုတ်သတ် ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တရုတ်ပင်လယ်အတွင်း အချုပ်အခြာအာဏာကို အမြဲတမ်းကာကွယ်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း