မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်ကြားရေးမှူး သတ်ဖြတ်ခံရပြီး နေအိမ်ပါ မီးရှို့ဖျက်ဆီးခံရ
Pearl (NP News) - ဧပြီ ၁၁
မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်ကြားရေးမှူး သတ်ဖြတ်ခံရပြီး နေအိမ်ပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ (ဧပြီလ ၁၁ ရက်) နံနက်အစောပိုင်း ၃ နာရီ ၂ဝ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၁ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိတိုက်တစ်လုံး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အသက် (၅ဝ)နှစ်အရွယ်ရှိ မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်ကြားရေးမှူးဒေါ်လေးကြည်သည် ဓားဒဏ်ရာများဖြင့် နေအိမ်အခန်းအတွင်း သေဆုံးနေသည်ကို တွေ့ရှိရသည့်အပြင် နေအိမ်အဆောက်အဦးသည်လည်း မီးရှို့ခံထားရသည်ကို တွေ့ရှိရကြောင်း ချမ်းအေးသာစံမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် မီးရှို့ခံရသည့် ဖြစ်စဉ်အတွင်း အသက်(၃ဝ)ကျော်ခန့်အမျိုးသမီးတစ်ဦးမှာလည်း မီးခိုးမွှန်ကာ သေဆုံးနေသည်ကို တွေ့ရှိကြောင်း သိရသည်။
"ခန့်မှန်း မနက် ၃နာရီ ၁၅လောက်က သတင်းပို့လို့ ကျွန်တော်တို့သွားတာ။ အထဲမှာ Dead Body နှစ်ခုတွေ့တယ်။ ၃ဝ ကျော် အမျိုးသမီးကတော့ မီးခိုးမွှန်ပြီးဆုံးတာ။ (၅ဝ)ကျော်အမျိုးသမီးကတော့ စုံစမ်းဆဲပါ။ လည်ပင်းမှာ ဓားဒဏ်ရာရှိပါတယ်။ အခြား နေရာ သုံးခုလောက်မှာလည်း ဓားဒဏ်ရာရှိပါတယ်။ သူကတော့ မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်ကြားရေးမှူးလို့ပြောတယ်။ ဘယ်ကနေစလောင်လဲတော့ မသိဘူး။ ရှို့မီးလို့ ယူဆရတယ်" ဟု ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
မန္တလေးတိုင်းတရားလွှတ်တော် ဒုညွှန်ကြားရေးမှူးဒေါ်လေးကြည်၏ လည်ပင်း၌ ဓားဒဏ်ရာများ တွေ့ရသည့်အပြင် ခန္ဓာကိုယ်ရှိ အခြားနေရာ (၃)ခုတွင် ဓားဒဏ်ရာများတွေ့ရကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ အခြားအချက်အလက်များအား ချမ်းအေးသာစံမြို့နယ် ရဲစခန်းမှ ဆက်လက် စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။
zawgyi version
မႏၲေလးတိုင္းတရားလႊတ္ေတာ္ ဒုၫႊန္ၾကားေရးမႉး သတ္ျဖတ္ခံရၿပီး ေနအိမ္ပါ မီးရႈိ႕ဖ်က္ဆီးခံရ
Pearl (NP News) - ဧၿပီ ၁၁
မႏၲေလးတိုင္းတရားလႊတ္ေတာ္ ဒုၫႊန္ၾကားေရးမႉး သတ္ျဖတ္ခံရၿပီး ေနအိမ္ပါ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ယေန႔ (ဧၿပီလ ၁၁ ရက္) နံနက္အေစာပိုင္း ၃ နာရီ ၂ဝ မိနစ္ခန္႔တြင္ မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ျပည္ႀကီးမ်က္ရွင္ရပ္ကြက္၊ ၃၁ လမ္း၊ ၆၅ လမ္းႏွင့္ ၆၆ လမ္းၾကားရွိတိုက္တစ္လုံး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အသက္ (၅ဝ)ႏွစ္အ႐ြယ္ရွိ မႏၲေလးတိုင္းတရားလႊတ္ေတာ္ ဒုၫႊန္ၾကားေရးမႉးေဒၚေလးၾကည္သည္ ဓားဒဏ္ရာမ်ားျဖင့္ ေနအိမ္အခန္းအတြင္း ေသဆုံးေနသည္ကို ေတြ႕ရွိရသည့္အျပင္ ေနအိမ္အေဆာက္အဦးသည္လည္း မီးရႈိ႕ခံထားရသည္ကို ေတြ႕ရွိရေၾကာင္း ခ်မ္းေအးသာစံမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ မီးရႈိ႕ခံရသည့္ ျဖစ္စဥ္အတြင္း အသက္(၃ဝ)ေက်ာ္ခန႔္အမ်ိဳးသမီးတစ္ဦးမွာလည္း မီးခိုးမႊန္ကာ ေသဆုံးေနသည္ကို ေတြ႕ရွိေၾကာင္း သိရသည္။
"ခန႔္မွန္း မနက္ ၃နာရီ ၁၅ေလာက္က သတင္းပို႔လို႔ ကြၽန္ေတာ္တို႔သြားတာ။ အထဲမွာ Dead Body ႏွစ္ခုေတြ႕တယ္။ ၃ဝ ေက်ာ္ အမ်ိဳးသမီးကေတာ့ မီးခိုးမႊန္ၿပီးဆုံးတာ။ (၅ဝ)ေက်ာ္အမ်ိဳးသမီးကေတာ့ စုံစမ္းဆဲပါ။ လည္ပင္းမွာ ဓားဒဏ္ရာရွိပါတယ္။ အျခား ေနရာ သုံးခုေလာက္မွာလည္း ဓားဒဏ္ရာရွိပါတယ္။ သူကေတာ့ မႏၲေလးတိုင္းတရားလႊတ္ေတာ္ ဒုၫႊန္ၾကားေရးမႉးလို႔ေျပာတယ္။ ဘယ္ကေနစေလာင္လဲေတာ့ မသိဘူး။ ရႈိ႕မီးလို႔ ယူဆရတယ္" ဟု ခ်မ္းေအးသာစံၿမိဳ႕နယ္မီးသတ္စခန္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
မႏၲေလးတိုင္းတရားလႊတ္ေတာ္ ဒုၫႊန္ၾကားေရးမႉးေဒၚေလးၾကည္၏ လည္ပင္း၌ ဓားဒဏ္ရာမ်ား ေတြ႕ရသည့္အျပင္ ခႏၶာကိုယ္ရွိ အျခားေနရာ (၃)ခုတြင္ ဓားဒဏ္ရာမ်ားေတြ႕ရေၾကာင္း စုံစမ္းသိရွိရသည္။
လက္ရွိတြင္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အျခားအခ်က္အလက္မ်ားအား ခ်မ္းေအးသာစံၿမိဳ႕နယ္ ရဲစခန္းမွ ဆက္လက္ စုံစမ္းမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်သင်္ကြန်တွင် လူငယ်များကို ရောင်းချမည့် ငွေကျပ်သိန်း(၄ဝဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို တပ်ကုန်းမြို့၌ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း