ရန်ကုန်သင်္ကြန်တွင် လူငယ်များကို ရောင်းချမည့် ငွေကျပ်သိန်း(၄ဝဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို တပ်ကုန်းမြို့၌ ဖမ်းဆီးရမိ
စော (NP News) - ဧပြီ ၁၁
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်းသာစစ်ဆေးရေးဂိတ်တွင် သင်္ကြန်အတွက် ရောင်းချမည့် ငွေကျပ်သိန်း(၄ဝဝဝ)ကျော်တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ယမန်နေ့ (ဧပြီလ ၁ဝ ရက်)တွင် အထက်ပါကဲ့သို့ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် ဧပြီလ (၈)ရက်၊ ညနေ(၅)နာရီအချိန်တွင် ပင်လောင်းမှ တပ်ကုန်းသို့ ကိုသန်းဦးမောင်းနှင်လာပြီး ကိုကျော်ကျော်လွင်နှင့် ကိုသန်းစုဇော်တို့ လိုက်ပါလာသည့် Surf မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ငွေကျပ်သိန်း (၄၂ဝဝ)တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား (၂၈၂၇၅ဝ) ပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်လာပြီး သင်္ကြန်ပွဲတွင် လူငယ်များကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား ဥပဒေအရအရေးယူထားကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
zawgyi version
ရန္ကုန္သၾကၤန္တြင္ လူငယ္မ်ားကို ေရာင္းခ်မည့္ ေငြက်ပ္သိန္း(၄ဝဝဝ)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ားကို တပ္ကုန္းၿမိဳ႕၌ ဖမ္းဆီးရမိ
ေစာ (NP News) - ဧၿပီ ၁၁
ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္၊ ကင္းသာစစ္ေဆးေရးဂိတ္တြင္ သၾကၤန္အတြက္ ေရာင္းခ်မည့္ ေငြက်ပ္သိန္း(၄ဝဝဝ)ေက်ာ္တန္ဖိုးရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ မွ ယမန္ေန႔ (ဧၿပီလ ၁ဝ ရက္)တြင္ အထက္ပါကဲ့သို႔ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါစစ္ေဆးေရးဂိတ္တြင္ ဧၿပီလ (၈)ရက္၊ ညေန(၅)နာရီအခ်ိန္တြင္ ပင္ေလာင္းမွ တပ္ကုန္းသို႔ ကိုသန္းဦးေမာင္းႏွင္လာၿပီး ကိုေက်ာ္ေက်ာ္လြင္ႏွင့္ ကိုသန္းစုေဇာ္တို႔ လိုက္ပါလာသည့္ Surf ေမာ္ေတာ္ယာဥ္ကို ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။
စစ္ေဆးရွာေဖြခဲ့ရာ ယာဥ္ေပၚမွ ေငြက်ပ္သိန္း (၄၂ဝဝ)တန္ဖိုးရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၈၂၇၅ဝ) ျပားကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိေသာ ေဆးျပားမ်ားကို ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ ရန္ကုန္တိုင္းသို႔ သယ္ေဆာင္လာၿပီး သၾကၤန္ပြဲတြင္ လူငယ္မ်ားကို ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔အား ဥပေဒအရအေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော် လမ်းလျှောက်သင်္ကြန်ဝင်ခွင့်ကို လူကြီးတစ်ဦးလျှင်(၃ဝဝဝ)ကျပ် သတ်မှတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း