အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
Pika (NSS) - နိုဝင်ဘာ ၈
အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်မှစုံတွဲတစ်တွဲသည် အမြင့်(၁၆) ပေ (၁၀)လက်မရှိသော ရုံးပတီသီးပင်ကို စိုက်ပျိုးခဲ့ပြီးနောက် ကမ္ဘာ့ ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။
တယ်ရီ နှင့် ကန်ဒေ့စ်စတီဗင်တို့က ၎င်းတို့၏ဥယျာဉ်တွင် ရုံးပတီသီးပင်များကို ယခုနှစ်မှစတင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ၎င်းတို့စိုက်ပျိုးထားသည့် ရုံးပတီသီးပင်များထဲမှ တစ်ပင်သည် အမြင့်(၁၅)ပေကျော်အထိ ကြီးထွားလာခဲ့ပြီးနောက် အံ့ဩသွားခဲ့ရကြောင်း တယ်ရီ နှင့် ကန်ဒေ့စ်စတီဗင်တို့က ပြောကြားခဲ့သည်။ တယ်ရီက “တကယ်တော့ ကျွန်တော်တို့ ရုံးပတီသီးပင်တွေကို ဒီနှစ်မှ ပထမဆုံးစိုက်ပျိုးခဲ့တာပါ။ ပြီးခဲ့ တဲ့မေလလောက်ကမှ ရုံးပတီသီးပင်တွေ စပြီးစိုက်ပျိုးခဲ့တာ ပါ။ ကျွန်တော်တို့ မျိုးစေ့တွေချပြီး စိုက်ပျိုးခဲ့ပြီး တဲ့နောက်မှာ ရုံးပတီသီးပင်တွေက ပုံမှန်ထက် ပိုမို ကြီး ထွားတဲ့ပုံစံနဲ့ ရှင်သန်လာတာကို တွေ့မြင်ခဲ့ရတာပါ” ဟုပြောဆိုခဲ့သည်။
Byrd Surveying အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် တယ်ရီ နှင့် ကန်ဒေ့စ်စတီဗင်တို့၏ နေအိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တင်ပြရန်အတွက် တရားဝင်တိုင်းတာမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရုံးပတီသီး ပင်သည် အမြင့်(၁၆)ပေနှင့် (၁၀)လက်မအတိုင်းအတာရှိကြောင်း Byrd Surveying အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ရုံးပတီသီးပင် ဂင်းနစ်စံချိန်ကို ယခုကိုင်ဆောင်ထားသူမှာ နယူးအော်လန်မြို့တွင်နေထိုင်သည့် ဂျက်ရီနိုဆွီနေးဆိုသည့်အမျိုးသားဖြစ်ကြောင်းလည်း သိရသည်။ ဂျက်ရီနိုဆွီနေးသည် အဆိုပါဂင်းနစ်စံချိန်ကို (၂၀၂၂) ခုနှစ်တွင် တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းစိုက်ပျိုးထားသော ရုံးပတီသီးပင်မှာ အမြင့် (၁၆)ပေနှင့်(၄)လက်မ ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ