ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
ရောင်နီ (NSS) - နိုဝင်ဘာ ၈
ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ကြက်ရုပ်ပုံစံ ဆန်းသစ်ထားတဲ့ ဟိုတယ်တစ်ခုဟာ ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန် အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်း ကမ္ဘာ့စံချိန်တင် ဂုဏ်ပြုခံရဖွယ်ရှိပါတယ်။
ဟိုတယ်ဟာ ဖိလစ်ပိုင် အလယ်ပိုင်း ရီဂရိုစ်အိုစီဒန်တယ်လ်ပြည်နယ်မှာ တည်ရှိပြီး ဒေသခံခရီးသွားတွေကို ဆွဲဆောင်ရာ Campuestohan Highland Resort ရဲ့ တစိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဟိုတယ်မှာ အနံ ၁၂ မီတာ၊ အလျား ၂၈ မီတာ၊ အမြင့် ၃၅ မီတာရှိပြီး ကြက်ရုပ် ပုံစံဆောက်လုပ်ထားပါတယ်။ အဲဒီကြက်ရုပ်ကြီးဟာ အထပ် ၁၃ ထပ် ခန့်ရှိပြီး အထပ်တစ်ခုစီဟာ ၂.၆ မီတာခန့်မြင့်ပါတယ်။ အဲဒီ အဆောက်အအုံကို ကာနိုလို့ လူသိများတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ရီကာဒိုတန်က ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ "Manok ni Cano Gwapo" (Handsome Cano's Chicken)လို့ နာမည်ပေးထားတဲ့ အဲဒီဟိုတယ်မှာ ရုပ်မြင်သံကြား၊ မိသားစုလိုက်တည်းနိုင်တဲ့ ကုတင်ကြီးတွေနဲ့ လေအေးပေးစက်တွေ တပ်ဆင်ထားတဲ့ အခန်း (၁၅)ခန်းပါရှိပါတယ်။ အခန်းခနှုန်းထားတွေကတော့ တစ်ညကို ပီဆို ၄,၅၀၀ က စတယ်လို့ ဆိုပါတယ်။
အဆောက်အအုံဒီဇိုင်းအတွက် ကြက်ပုံစံကို ရွေးချယ်ခဲ့ခြင်းကတော့ ကြက်ဖရဲ့ "တည်ငြိမ်ပြီး ခံ့ညားသန်မာတဲ့" အသွင်အပြင်ဟာ ဒေသခံတွေရဲ့ သဘောထားကို ထင်ဟပ်စေခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဟိုတယ်အဆောက်အအုံကို ၂ဝ၂၃ ခုနှစ် ဇွန်လ ၁၀ ရက်က စတင်တည် ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ