ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
Pika (NSS) - နိုဝင်ဘာ ၈
NANO TRACKS တည်ထောင်သူ ဂျော်န သန်အက်ဘ်ဘော့တ်သည် ပုံမှန်မြေတူးစက် အရွယ် အစားထက် (၁/၆၄)ဆသာရှိသော ကမ္ဘာ့အသေးဆုံး အဝေးထိန်း မြေတူးစက်အသေးစား (Nano Tracks N320) ကို တီထွင်ဖန်တီးခဲ့ကြောင်း သိရသည်။
အဆိုပါမြေတူးစက်သည် ကစားစရာတစ်ခု ပုံစံမျိုးမဟုတ်ဘဲ ပုံမှန်မြေတူးစက်ကဲ့သို့ အပြည့်အဝ လုပ်ဆောင် နိုင်စွမ်းရှိကြောင်းလည်းသိရသည်။ ကမ္ဘာ့အသေးဆုံးမြေတူးစက်တွင် တစ်ခုချင်းစီဖြစ်ပြီး အချိုးကျသော မော်တာ(၆) လုံးပါရှိပြီး လှုပ်ရှားမှုတိုင်းကို တိကျစွာထိန်းချုပ်ပေးသည့်အပြင် ပုံမှန်မြေတူးစက်တစ်ခုတွင်ပါဝင်သည့် အရာအားလုံးပါရှိကြောင်းလည်းသိရသည်။
အဆိုပါ ကမ္ဘာ့အသေးဆုံးမြေတူးစက်ကို တီထွင် ဖန်တီးရန်စိတ်ကူးသည် ပြီးခဲ့သည့်နှစ်အနည်းငယ်က စတင်ခဲ့ ခြင်းဖြစ်ကြောင်း ဂျော်နသန်အက်ဘ်ဘော့တ် ကပြောကြားခဲ့သည်။ အပြည့်အဝ လည်ပတ်နိုင်စွမ်းရှိသော အဝေးထိန်း မြေတူးစက်အသေးစားများနှင့်ကစားရသည်ကို ကြိုက်နှစ်သက်သည့် ဝါသနာရှင်အဖွဲ့တစ်ဖွဲ့ကို တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့တီထွင်ဖန်တီး ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဂျော်နသန်အက်ဘ်ဘော့တ်နှင့် ၎င်း၏ အဖွဲ့ သည် Nano Tracks N320 မြေတူးစက်ကို တီထွင် ဖန်တီးရန် အတွက် နာရီ (၂၃၀ဝ) ခန့်အချိန်ယူခဲ့ရပြီး နောက်ဆုံးတွင် ကမ္ဘာ့အသေးဆုံးမြေတူးစက်ကို တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဂျော်နသန်အက်ဘ်ဘော့တ်သည် Nano Tracks N320 မြေတူးစက်ကို လူစုလူဝေးရန်ပုံငွေ အမေရိကန် ဒေါ် လာ (၂) သောင်းဝန်းကျင်နှင့်အတူ Kickstarter ကော်ပိုရေးရှင်းတွင် စတင်ပြသခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ကမ်ပိန်းသည် သိသိသာသာအောင်မြင်မှုများရရှိခဲ့ပြီး ဂျော်နသန်အက်ဘ်ဘော့တ်သည် ရက် ပေါင်း(၇၀)အတွင်း အမေရိကန်ဒေါ်လာ(၂၆၈၀ဝဝ)ကျော် စုဆောင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ