Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ

ယွန်း (NSS) - နိုဝင်ဘာ ၈

ပြည်တွင်းထုတ်လုပ်မှုကို ရေတို၊ ရေရှည်ပုံစံမျိုးဖြင့် ဆောင်ရွက်သင့်ပြီး ကုန်သွယ်ရေးနှင့် စီးပွားရေး သတ်မှတ်ချက်များကြောင့် ကုန်ဈေးနှုန်းထပ်မံတက် နိုင်သည့် အခြေအနေတွင်ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပင်လယ်ရေကြောင်းမှ ပို့ကုန်ပစ္စည်း အားလုံးနှင့် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့သည့် ဆီထွက်သီးနှံ(မြေပဲ၊နှမ်း) အပါအဝင် ကုန်စည်(၈)မျိုးကို ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ပို့ကုန်ရငွေ၏ (၂၅)ရာခိုင်နှုန်းလဲလှယ်အသုံးပြုရမည့် ကုန်စည်အဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ကုန်စည်(၈)မျိုးအပြင် ပဲမျိုးစုံ၊ ကြက်သွန်ဖြူ၊ နီနှင့် သစ်သီးမျိုးစုံ/သီးနှံမျိုးစုံတို့ကို လည်း ထပ်တိုး၍ ပို့ကုန်ရငွေ၏ (၂၅) ရာခိုင်နှုန်းလဲ လှယ်ခြင်းကို နိုဝင်ဘာ(၁)ရက်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ(၃၀)ရက်က အသိပေးထားသည်။

‘အားလုံးကတော့ ၁၀ဝ% မပေးရင် အခက်အခဲ ကတော့ရှိတယ်။ ရောင်းလိုက်တဲ့ပိုက်ဆံတွေကို အစိုးရက ၂၁၀ဝ (ကျပ်)နဲ့ဖြတ်လိုက်တဲ့အချိန်မှာ တစ်ကြိမ်ရှုံးတယ်။ တကယ်က အဲဒီလူတွေက ပစ္စည်းအပြင်မှာ ပြန်ဝယ်ရရင် အပြင် ပေါက်ဈေးနဲ့ဝယ်ရတာ။ အဲဒီတော့ ၂၅% ဆိုတာလည်းမရှိသင့်တော့ဘူး။ အမှန် တော့ ၁၀ဝ% အားလုံးကိုဖြေ လျှော့သင့်ပြီ။ (၆)လ အတွင်းမှာ  Export ဘယ်လောက်ရတယ်ဆိုပြီး သူတို့ပြောနေတာတွေရှိတော့ တကယ် တော့ဖြေလျှော့သင့်တယ်’ဟု ပို့ကုန်လုပ်ငန်းရှင်ကြီးတစ်ဦးက NSS ကိုပြောသည်။

လက်ရှိတွင် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး၌ အသုံးပြုနေသည့် နယ်စပ်ဂိတ်အချို့ကို တရုတ် ဘက်မှ ပိတ်ထားသည့်အပြင် ပို့ကုန်ရငွေပြနိုင်မှသာ သွင်းကုန်လိုင်စင်ရရှိမည်ဆိုသည့် သတ်မှတ်ချက်များ ကြောင့် ပြည်တွင်း၌ ကုန်ဈေးနှုန်းများတက်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ပြည်တွင်း၌ ထုတ်ကုန်ပစ္စည်းလုံလောက်စွာ မရှိသည့်အတွက် ပြည်ပတင်သွင်းကုန်များကိုသာ အားထားနေရသည့် အခြေအနေ၌ နိုင်ငံတော်အနေဖြင့် ပြည်တွင်း ထုတ် လုပ်မှုကို ရေတို၊ ရေရှည်အစီအစဉ်များဖြင့် ဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုထားသည်။

‘ကျွန်တော်တို့နိုင်ငံက ၁၀ဝ% ပြည်တွင်းမှာ ထုတ်နိုင်တဲ့နိုင်ငံမဟုတ်ဘူး။ စားသောက်ကုန်ရဲ့ အချောထည် အများစုတောင်မှ တချို့ဟာတွေက Import ပေါ်မှီနေရတဲ့ဟာတွေရှိတယ်။ ဥပမာ- အချိုမှုန့်လိုဟာမျိုးတွေ၊ သကြားလို ဟာမျိုးတွေက ပြည်တွင်းမှာ မလောက်လို့ တရုတ်ကနေပြန်သွင်းရ အောင်တောင်လုပ်နေတာ။ နောက်ကျန်တဲ့ ငံပြာရည် တောင် အလုံအလောက်မရှိဘူး။ ကိုယ်စားဖို့ဟာ တောင် အလုံ အလောက်ထုတ်နိုင်တဲ့နိုင်ငံထဲမှာတောင် မရှိဘူး။ မရှိ တဲ့အချိန်မှာ ဒါတွေကိုလျှောက်ပိတ်တာက ကုန်ဈေး နှုန်းတက်ဖို့ပဲရှိတယ်။ တကယ်က ပြည်တွင်း ထုတ်လုပ်မှုကို ရေတို၊ ရေရှည်မျိုးနဲ့သွားသင့်တယ်။ ဘယ်ပစ္စည်းကို ဘယ်လောက်အထိတော့ ဘာလုပ်မယ်။ အဲဒီနောက်ပိုင်းကျရင်တော့ ထုတ်ဖို့ကြိုးစားပါ ဆိုပြီး ကြိုးစားရမှာ။ ဖြေလျှော့သင့်တာတွေကို ဖြေလျှော့ရမယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့  သတ် မှတ်ချက်တွေကြောင့် ကုန်ဈေးနှုန်းက တက်လာမယ့် သဘောရှိတယ်။ ကုန်သွယ်ရေး၊ စီးပွားရေးမူဝါဒ အမှား တွေကြောင့် ဈေးတွေထပ်ပြီးတက်ဦးမှာလို့ ကျွန်‌တော်ကတော့ သုံးသပ်တယ်’ဟု စီးပွားရေးလုပ် ငန်းရှင်ကြီး တစ်ဦးက ပြောသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းအချို့သည် ရပ်နားနေရ လျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအစား ရေလမ်းကြောင်းသို့ ပြောင်းလဲကာ ကုန်သွယ်နေရပြီး စရိတ်စခကွာဟမှုများ အပြင် နှောင့်နှေးကြန့်ကြာမှု များလည်းရှိနေကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved