Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း

သန်းထိုက်စိုး (NSS) - နိုဝင်ဘာ ၈

BRICS ထိပ်သီးအစည်းအဝေးကို (၂၀၂၄) ခုနှစ် အောက်တိုဘာလ (၂၄) ရက်တွင် ရုရှားနိုင်ငံကာ ဇန်မြို့တွင်ကျင်းပခဲ့သည်။ BRICS အဖွဲ့သည် အချိုးမညီသည့်အဖွဲ့အစည်းအဖြစ် အနောက်တိုင်းပညာ ရှင်များက အချိန် အတော်ကြာကပင် ဝေဖန်ခဲ့ကြသည်။ သို့သော် လွန်ခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သည့် BRICS ထိပ်သီး အစည်း အဝေးသည် ခရီးအတော်ပေါက်နေပြီဆိုသည်ကို ပြသခဲ့ခြင်းဖြစ်သည်။ သုံးရက်ကြာကျင်းပခဲ့သည့် BRICS  ထိပ်သီး အစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အပါအဝင် နိုင်ငံပေါင်း(၃၆)နိုင်ငံမှ ထိပ် သီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ BRICS အဖွဲ့ဝင်သစ်များဖြစ်ကြသည့် အီဂျစ်၊ အီသီ ယိုးပီးယား၊ အီရန်နှင့် ယူအေအီးစသည့် အဖွဲ့နိုင်ငံ လေးနိုင်ငံကိုလည်း ကြိုဆိုခဲ့ကြသည်။ အနီးအနာဂတ် တွင်လည်း အဖွဲ့ဝင်သစ်များ ထပ်မံ လက်ခံရန်လည်း ရှိနေသည်ဟု ဆိုသည်။  

BRICS ကို ဖွဲ့စည်းရသည့်ရည်ရွယ်ချက်မှာ အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်ဦးဆောင်သည့် global governance ပုံစံကို မနှစ်သက် သည့်နိုင်ငံများအတွက် အခြားရွေးချယ်စရာ တစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ယခုအခါ အနောက် နိုင်ငံများ၏မူဝါဒများနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများ အပေါ်တွင် မကျေနပ်သည့်နိုင်ငံများလည်း ပိုမိုများ ပြားလာခဲ့ရာ BRICS မှာ ပိုမိုထင်ရှားလာသကဲ့သို့ ပို၍လည်း ဩဇာကြီးလာခဲ့ပြီ ဖြစ်သည်။ 

BRICS အဖွဲ့ဆင့်ကဲပြောင်းလဲလာခြင်းနှင့် အဖွဲ့ဝင်နိုင်ငံအရေအတွက် များပြားလာခြင်းနှင့် ပတ်သက်၍ အကျိုး အမြတ်အများဆုံးရသည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံသစ်များနှင့် ခိုင်မာ သည့်ဆက်ဆံရေး တစ်ရပ်ရှိသည်။ အီဂျစ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် လုံခြုံရေးမိတ်ဖက်ဖြစ်သကဲ့သို့ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာလည်း တိုးတက်လျက်ရှိသည်။ ယူအေအီးနိုင်ငံမှာလည်း အိန္ဒိယနိုင်ငံ၏ အရေးကြီးဆုံး မိတ်ဖက်နိုင်ငံ များထဲ တွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ အီသီယိုးပီးယားနိုင်ငံနှင့် ဆက်ဆံရေးမှာလည်း အာ ဖရိကတွင် အရှည်ကြာဆုံးနှင့် အနီးစပ်ဆုံး နိုင်ငံတစ် နိုင်ငံဖြစ်သည်။ BRICS ၏ မူရင်းအဖွဲ့ဝင်နိုင်ငံများ သည်လည်း အိန္ဒိယနိုင်ငံအတွက် အရေးကြီး သည့် အကျိုးအမြတ်များ ပေးနိုင်သည့်နိုင်ငံများ ဖြစ်သည်။ 

အနောက်နိုင်ငံများသည် ရုရှားကိုအထီးကျန်ဖြစ်စေရန် ကြိုးပမ်းနေသော်လည်း အိန္ဒိယနိုင်ငံမှာမူ BRICS ကို အရှိန်မြှင့်ပြီး ရုရှားနှင့် ပိုမိုနီးကပ်အောင် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ BRICS အဖွဲ့အတွင်း ပြိုင်ဘက်တရုတ်နှင့် အတူ လက်တွဲအလုပ်လုပ်ခြင်းဖြင့် တရုတ်နိုင်ငံနှင့် ရင်ဆိုင်နေရသည့် တင်းမာမှု များကိုလျှော့ချနိုင်ရေး သတိကြီးစွာ ထားပြီး ကြိုးပမ်းနေခြင်းဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် BRICS ထိပ်သီးအစည်းအဝေး၏ ဘေးပန်းတွင် တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံပြီး အရေးကြီးသည့် သံတမန်ရေးနှင့် political space တစ်ခု ဖန် တီးလိုက်ခြင်း ဖြစ်သည်။ 

BRICS အဖွဲ့ဝင်ဖြစ်ခြင်းသည် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာမြောက်နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးလာစေရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်စေသည်။ အိန္ဒိယနိုင်ငံသည် မည်သည့်နိုင်ငံနှင့်မှ မဟာမိတ်ဖွဲ့စည်းခြင်းမရှိဘဲ ပထဝီနိုင်ငံ ရေးဆိုင်ရာ ပလေယာများနှင့် ဆက်ဆံရေးဟန်ချက်ညီရန် ကြိုးပမ်းနေသည်ကိုလည်း တွေ့ရသည်။ အိန္ဒိယနိုင်ငံသည် အ နောက်နိုင်ငံများနှင့်ရော၊ အနောက်မဟုတ်သည့် နိုင်ငံများနှင့်ပါ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံစုံသံတမန် ဆက်ဆံရေး အဆင့်နှစ်မျိုးလုံး ထိတွေ့ဆက်ဆံလျက်ရှိသည်။ အိန္ဒိယနိုင်ငံအနေဖြင့် BRICS အဖွဲ့အ တွင်းရှိ မူရင်းအဖွဲ့ဝင်နိုင်ငံများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်သကဲ့သို့ အင်ဒိုပစိဖိတ် Quad တွင်လည်း ပါဝင်လျက်ရှိသည်။ ထို့ပြင် အမေ ရိကန်နှင့် အခြားသောအနောက်နိုင်ငံများနှင့်လည်း ခိုင်မာသည့်ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက် ထားနိုင်သည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံစုံကြီးစိုးရေး၊ ဗဟုဝင်ရိုးကမ္ဘာအားကောင်းရေးကို မြှင့်တင်ဆောင်ရွက်ကာ ကုလသမဂ္ဂပြုပြင်ပြောင်းလဲ ရေးနှင့်ပတ်သက်၍ လိုလားနေခြင်း ဖြစ်သည်။ 

BRICS သည် အရှိန်ရလာသည်နှင့်အမျှ အဖွဲ့ဝင်သစ်များလည်း တိုးပွားလာခဲ့သည်။ အဖွဲ့အနေဖြင့် ရေရှည် မျှော်မှန်းချက်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည်။ တရုတ်နှင့်ရုရှားတို့က ဟန်ချက်ညီညီ ဦးဆောင်နေခြင်းဖြစ်ပြီး အနောက်ဆန့်ကျင်ရေးအင်အားစုအဖြစ် ရှုမြင်မှုများ လည်းရှိသည်။ BRICS ၏ အဖွဲ့ဝင်သစ်ဖြစ် သည့် အီရန်၊ အနာဂတ်တွင်အဖွဲ့ဝင်သစ်ဖြစ်လာနိုင်သည့် ဘီလာရုစ်နှင့် ကျူးဘားနိုင်ငံတို့သည် အနောက် ဆန့်ကျင်ရေး အင်အားစုတစ်စုဖြစ်လာနိုင်သည်ဆို သည့် အယူအဆလည်း ရှိသည်။ 

သို့သော် BRICS မှာ လက်တွေ့တွင် အနောက် ဆန့်ကျင်ရေး အင်အားစုတစ်စုမဖြစ်နိုင်ပါ။ အီရန် မှလွဲ၍ အဖွဲ့ဝင်နိုင်ငံအားလုံးတို့သည် အနောက်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိကြသည့် နိုင်ငံများဖြစ်သည်။ အနာဂတ်တွင် BRICS အဖွဲ့ဝင်ဖြစ်လာနိုင်သည့် တူရကီ၊ ဗီယက်နမ် စသည့် နိုင်ငံများသည် အနောက်ဆန့် ကျင်ရေးလို လားကြသည့်နို င်ငံများ မဟုတ်ပါ။ တူရကီသည် နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်သ ကဲ့သို့ ဗီယက်နမ်သည် အမေရိကန်၏ အဓိကကုန် သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နောက်ဆုံးတွင် BRICS အဖွဲ့အတွင်း အနောက်ဆန့်ကျင်ရေးလို လားကြသည့်နိုင်ငံများ အားကောင်းလာသည့်တိုင်အောင် အနောက်အတွက် အမှန်တကယ်ခြိမ်းခြောက် နိုင်သည့်အခြေအနေမျိုးအထိ မရောက်ရှိနိုင်ပါ။ 

မကြာသေးမီက ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးတွင် အနောက်နိုင်ငံများ၏ ဒဏ် ခတ်ပိတ်ဆို့မှု ကိုကျော်လွှားနိုင်မည့် နည်းလမ်းများ၊ အမေရိကန်ဒေါ်လာကို အန်တုနိုင်မည့် နိုင်ငံတကာ ငွေပေးချေမှုစနစ်အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေးခဲ့သည်။ BRICS အဖွဲ့အနေဖြင့် အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရမှု ကို လျှော့ချရန်လိုလားနေခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရ ခြင်းမှာလည်း မည်သည့်အဖွဲ့ဝင်နိုင်ငံကမှ ကိုယ့်နည်း ကိုယ့်ဟန်နှင့် ကိုယ် အမေရိကန်ဒေါ်လာအပေါ် မှီခိုနေမှုကို လျှော့ချနိုင်စွမ်းမရှိဖြစ်နေခြင်းပင်ဖြစ်သည်။ မူရင်းအဖွဲ့ဝင်နိုင်ငံများအတွင်း မှာပင် သဘောတူညီ ချက်ရရန် ခက်ခဲမှုများရှိနေရာ အဖွဲ့ဝင်နိုင်ငံများ အတွင်း တူညီဆန္ဒရရှိရန်မှာ ပိုမို၍ပင်ခက်ခဲသည်။ 

အိန္ဒိယနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံ အားလုံးနီးပါးနှင့် သဟဇာတဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော် အဖွဲ့ဝင်နိုင်ငံ သစ်များအတွင်း သဟဇာတမဖြစ်မှုများ ရှိနေပါသည်။ အီရန်နိုင်ငံသည် အီဂျစ်၊ ယူအေအီး နိုင်ငံတို့နှင့်အငြင်းပွားမှု များရှိသည်။ အီဂျစ် - အီသီ ယိုးပီးယား ဆက်ဆံရေးမှာလည်း တင်းမာနေသည်။ တရုတ်နှင့်အိန္ဒိယနိုင်ငံကြား တင်းမာမှုမှာ လည်း မကြာသေးမီကပင် လျော့ကျသွားခဲ့ရာ BRICS အဖွဲ့ အတွက် သတင်းကောင်းတစ်ခုပင်ဖြစ်သည်။ သို့သော်လည်း တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးမှာ တစ်နေ့ရွှေတစ်နေ့ငွေဆိုသကဲ့သို့ အချိန်မရွေး ထ၍ပေါက်ကွဲနိုင်သည့် မိုင်းတစ်လုံးနှင့်တူနေသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် နယ်စပ်ဒေသ အငြင်းပွားနှင့်အတူ တောင်အာရှ ဒေသတွင်လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာဒေသတွင်လည်းကောင်း နှစ်နိုင်ငံပြိုင်ဆိုင်မှုများ ပြင်းထန်နိုင်သည်။ တရုတ် နိုင်ငံ၏ ပါကစ္စတန်နိုင်ငံနှင့် နီးကပ်သည့် မဟာမိတ် ဖြစ်နေမှုသည် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အချိန်မရွေး ထိခိုက်သွား နိုင်သည်။ 

BRICS သည် ယခုအခါ အိန္ဒိယနိုင်ငံအတွက် အကောင်းဆုံးအခြေအနေတစ်ရပ် ဖြစ်နေသည်။ အိန္ဒိ ယနိုင်ငံအနေဖြင့် ထပ်မံဝင်ရောက်လာသည့် အဖွဲ့ဝင် နိုင်ငံအချို့နှင့် လက်တွဲဆောင်ရွက်နေပြီး နိုင်ငံစုံကြီး စိုးရေးဝါဒမှ သည် Global South အထိ အိန္ဒိယ အတွက် ဂြိုဟ်စီးဂြိုဟ်မြင် ဂြိုဟ်ပူးကောင်းနေသည့် အချိန်ဟု ဆိုရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် အနောက် သို့မဟုတ် အနောက် မဟုတ်သည့် နိုင်ငံ များနှင့်ဆက်ဆံရာတွင် ပိုမိုဟန်ချက်ညှိနိုင်မည့် အခွင့် အရေးတစ်ရပ်ရရှိနေရာ ယင်းအခွင့်အရေးကို ဖမ်း ဆုပ်အသုံးချနေခြင်းလည်း ဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် BRICS အဖွဲ့သည် အဖွဲ့အတွင်းတွင် စည်းလုံးမှုရရှိစေရေး ပိုမိုရုန်းကန် ကြိုးစားနေ ရသည်ဖြစ်ရာ အနောက်အတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်နိုင်ခြေနည်းသည်။ အိန္ဒိယနိုင်ငံ အနေဖြင့် အနောက် တစ်အုပ်စုတည်းဖြင့် ပူးပေါင်းရေးကို မလိုလားသကဲ့သို့ အနောက်ဆန့်ကျင်ရေးအုပ်စုတွင် ပါဝင်ရေးကိုလည်း လိုလား ခြင်းမရှိပါ။ ကျင်းပပြီးစီးခဲ့သည့် BRICS ထိပ်သီးဆွေးနွေးပွဲတွင် အလွယ်တကူနှင့် အောင်မြင်နိုင်မည့်အကြောင်း အရာများဖြစ် သည့် ရာသီဥတု ပြောင်းလဲမှု၊ အဆင့်မြင့်ပညာရေး၊ ပြည်သူ့ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာစသည့် ကိစ္စ ရပ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။ အဆိုပါ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆန့်ကျင်ရာမရောက်သကဲ့သို့ အနောက်ကိုလည်း ဆန့်ကျင်ရာမရောက်ပါ။ အိန္ဒိယ နိုင်ငံအတွက်မူ စံနမူနာပြုစရာ စီမံခန့်ခွဲမှုတစ်ခု ဖြစ်သည်။ BRICS အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှု မှန်သမျှသည် အနောက်အတွက် နေမချိထိုင်မသာ ဖြစ်စေသည့်ကိစ္စမျိုး မဟုတ်ပါ။ (၂၀၂၄) ခုနှစ် အောက်တိုဘာလ (၂၄) ရက်တွင် ရုရှားနိုင်ငံ ကာဇန် မြို့တွင်ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးပွဲသည် အနောက်နိုင်ငံများအတွက် အထူးအာရုံစိုက်စရာ ဖြစ်စေခဲ့သည်ကတော့ သံသယ ဖြစ်ဖွယ်ရာ မရှိပေ။

BRICS အဖွဲ့အတွင်း အိန္ဒိယနိုင်ငံ၏ အာရုံစိုက်မှုမှာ ဝင်ရိုးစုံကမ္ဘာထွန်းကားရေးနှင့် တန်းတူညီမျှရှိ သော global governance ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါအချက်ကို အမေရိကန်နိုင်ငံကလည်း သတိပြုမိသည်။ ရှုပ်ထွေးနေသည့်အချိန်တွင် အီရန်ကို အဖွဲ့အတွင်း ထည့်သွင်းလိုက်ခြင်းသည် အမေရိကန်ကို တိုက်ရိုက် ဆန့် ကျင်ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံအတွက် ဒေသတွင်း ကိစ္စရပ်များကို တည်ငြိမ်အောင် ဆောင်ရွက်နိုင် သည့် အခွင့် အရေးတစ်ရပ် ရရှိခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အီရန်-အစ္စရေး ပဋိပက္ခဖြစ်နေ ချိန်မျိုးတွင် အိန္ဒိယနိုင်ငံအတွက် သံတမန်ရေးဟန် ချက်ညှိခွင့်ရရှိခြင်းပင် ဖြစ်သည်။ BRICS အဖွဲ့ဝင် သစ်များ တဖွဲဖွဲဝင်ရောက်လာခြင်းသည် အိန္ဒိယအ တွက်ရော အမေရိကန်အတွက်ပါ စိတ်ဝင်စားစရာ ဖြစ်သည်။ ပြီးခဲ့သည့်  BRICS ထိပ်သီးအစည်းအ ဝေးတွင် ပြောပလောက်သည့်ရလဒ်များ ထွက်မလာခဲ့သော်လည်း ယခုအချိန်တွင် ထိုကဲ့သို့သော ထိပ်သီး အစည်းအဝေးကျင်းပပြီး အဖွဲ့ဝင်သစ်များ ထပ်မံထည့်သွင်းနိုင်ခဲ့ခြင်းသည်ပင်လျှင် ကြီးမားသည့် အောင်မြင်မှုတစ်ရပ်ဟု ဆိုနိုင်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved