၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
ရောင်နီ (NSS) - နိုဝင်ဘာ ၈
ဥရောပသမဂ္ဂ Copernicus Climate Change Service (C3S)ရဲ့ မှတ်တမ်းတွေအရ ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာလအထိဟာ ကမ္ဘာ့အပူချိန် အလွန်မြင့်မားခဲ့ပြီး ကမ္ဘာပေါ်မှာ အပူဆုံးနှစ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်ဟာ လူသား ရုပ်ကြွင်းလောင်စာ စတင်လောင်ကျွမ်းတဲ့ ၁၈၅၀ - ၁၉၀၀ ခုနှစ်၊ စက်မှုခေတ်ထက် 1.5 ºC ထက်ပိုမိုပူပြင်းတဲ့ ကမ္ဘာ့ပထမဆုံးနှစ် ဖြစ်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားပါတယ်။ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ မီးရှို့ခြင်းကနေ ထွက်ရှိလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။
အပူချိန်မြင့်မားခြင်းမှ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အောက်တိုဘာ လက လျှပ်တပြက်ရေကြီးမှုကြောင့် စပိန်မှာ လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ ဒါအပြင် ပီရူးမှာ စံချိန်တင် တောမီး လောင်ကျွမ်းခဲ့သလို ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးမှုကြောင့် ဆန်တန်ချိန် ၁ သန်းကျော် ပျက်စီးခဲ့ပြီး အစားအသောက်ဈေးတွေ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ