ဒေါ်နယ်ထရမ့်အစိုးရအတွက် အစီအစဉ်တွေကို ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး အီလွန်မတ် ထုတ်ဖော်ပြောဆို
Pika (NSS) - နိုဝင်ဘာ ၇
ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မတ်က ၎င်းအနေနဲ့ အမေရိကန်သမ္မတရွေး ကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် ဖက်ဒရယ်အေဂျင်စီတွေအရေအတွက်ကို လျှော့ချမှုနဲ့အတူ အစိုးရရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတစ်ဦးဖြစ်တဲ့ အီလွန်မတ်ဟာ သတင်းထောက်တက်ကာကာလ်ဆန်ရဲ့ အွန်လိုင်းရှိုးတစ်ခုမှာ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အစောပိုင်းမှာ နိုင်ငံရေးဘက်မလိုက်ဘူးလို့ ပြောဆိုထားတဲ့ အီလွန်မတ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာဒေါ်နယ်ထရမ့်ကို လုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ဒေါ်နယ်ထရမ့်ကို တရားဝင်ထောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် အီလွန်မတ်ဦးဆောင်မယ့် DOGE လို့ အမည်ပေးထားတဲ့ အထူးအစိုးရစွမ်းဆောင်ရည် ကော်မရှင်တစ်ခုကို ထူထောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန်အစိုးရရဲ့ စွမ်းဆောင်ရည်တွေကို မြင့်မားလာအောင်လုပ်ဆောင်ဖို့အတွက် ဒေါ်နယ်ထရမ့်ကို ကူညီလိုတယ်လို့ အီလွန်မတ်က တက်ကာကာလ်ဆန်နဲ့ တွေ့ဆုံချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အီလွန်မတ်က "အမေရိကန်အစိုးရရဲ့ စွမ်းဆောင်ရည်တွေကို မြင့်မားလာအောင် ကူညီမှာနဲ့ပတ်သက်ပြီး ကျွန်တော်တကယ်ပဲ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့မှာ အလွန်ကြီးမားတဲ့ အစိုးရဗျူရိုကရေစီ၊ များပြားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ တာဝန်တွေထပ်နေတဲ့ အေဂျင်စီတွေရှိနေပါတယ်။ အဲဒီအေဂျင်စီတွေရဲ့ ကုန်ကျစရိတ်က တကယ်များပြားပါတယ်။ အဲဒါတွေက လျှို့ဝှက်ကုန်ကျစရိတ်တွေဖြစ်ပေမယ့်လည်း လက်တွေ့မှာတော့ အလွန်များပြားပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ အီလွန်မတ်ဟာ ဒေါ်နယ်ထရမ့်ကို ထောက်ခံဖို့အတွက် အမေရိကန်ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။ မီဒီယာတွေရဲ့ အဆိုအရ အီလွန်မတ်ဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ နိုင်ငံရေးဆောင်ရွက်မှုကော်မတီကို အမေရိကန်ဒေါ်လာ အနည်းဆုံး(၁၁၈)သန်း လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမှုမလုပ်ဆောင်ဖို့ အမိန့်ချမှတ်ထားတာမျိုးမရှိဘူးလို့ တောင်ကိုရီးယားသမ္မတပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ