သမ္မတဂျိုးဘိုင်ဒန် နဲ့ ကမ်မလာဟားရစ်တို့က ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြု
Pika (NSS) - နိုဝင်ဘာ ၇
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ယခုသမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အာဏာအကူးအပြောင်းကို ဆွေးနွေးဖို့အတွက် အိမ်ဖြူတော်ကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်ကလည်း ယခုသမ္မတရွေးကောက်ပွဲမှာ ၎င်းရှုံးနိမ့်ကြောင်းဝန်ခံခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့အနိုင်ရရှိမှုကို ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတဖြစ်ဖို့လိုအပ်တဲ့ သမ္မတရွေးချယ်ရေးကော်မတီရဲ့ ဆန္ဒမဲ(၂၇၀)မဲအနက် (၂၉၄)မဲအထိရရှိခဲ့တာဖြစ်ပြီး ကမ်မလာဟားရစ်က (၂၂၃)မဲသာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ဝန်ထမ်းတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ အကူးအပြောင်းအဖွဲ့နဲ့အတူ လာမယ့်ရက်ပိုင်းအတွင်း ရက်စွဲကိုညှိနှိုင်းသွားလိမ့်မယ်လို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဂျိုးဘိုင်ဒန်ကလည်း ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး နိုဝင်ဘာလ(၇)ရက်မှာ မိန့်ခွန်းပြောကြားသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်ကလည်း ရွေးကောက်ပွဲမှာ ၎င်းရဲ့ ရှုံးနိမ့်မှုနဲ့ပတ်သက်တဲ့ မိန့်ခွန်းကို မပြောကြားမီ ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှုရဲ့ အရေးပါမှုကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ရဲ့အနိုင်ရရှိမှုကို ဗြိတိန်ဝန်ကြီးချုပ် Keir Starmer၊ ပြင်သစ်သမ္မတမက်ခရွန်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနဲ့ အခြားလူတွေအပါအဝင် ခေါင်းဆောင်အများအပြားက ချီးကျူးဂုဏ်ပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။ ၎င်းကို အမေရိကန်ရဲ့ (၄၇)ယောက်မြောက်သမ္မတအဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ပြည်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန်ပြည်သူတွေအတွက် နေ့ရက်တိုင်းမှာ တိုက်ပွဲဝင်ပေးသွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။ ပြီးတော့ အမေရိကန်အတွက် သာယာဝပြောပြီး ဘေးကင်းလုံခြုံတဲ့အနာဂတ်ကိုရရှိအောင် ဦးဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၎င်းကမ်းပိန်းရဲ့အကြီးတန်းအဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပြီး အောင်ပွဲရရှိဖို့အတွက် မှန်ကန်တဲ့လူတွေကို ရွေးချယ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီဟာ အထက်လွှတ်တော်မှာ နေရာအများစုကို ရရှိနိုင်ဖွယ်ရှိနေတဲ့အပြင် အောက် လွှတ်တော်ကိုလည်း ဆက်လက်ထိန်းချုပ်သွားနိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်အစိုးရအုပ်ချုပ်ရေးအဖွဲ့မှာ ၎င်းရဲ့မိသားစုဝင်တွေပါဝင်နေတာမျိုး မရှိစေရဘူးလို့လည်း ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်- မန္တလေး- ကျောက်ဖြူရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းကို နယ်မြေအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့်နေရာများ၌ လုပ်ငန်းစတင်သွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ