တရုတ်နိုင်ငံမှာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားသူကို သေဒဏ်ချမှတ်
ရောင်နီ (NSS) - နိုဝင်ဘာ ၇
တရုတ်နိုင်ငံဟာ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတွေဆီကရခဲ့တဲ့ သတင်းအချက်အလက် ပေါက်ကြားမှုကြောင့် နိုင်ငံတော်အေဂျင်စီ ဝန်ထမ်းတစ်ဦးကို ရှားရှားပါးပါး ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
မျိုးရိုးအမည် "ကျောင်" လို့သိရတဲ့ အဆိုပါအမျိုးသားဟာ နိုင်ငံတော်အေဂျင်စီတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး နိုင်ငံတော်အဆင့်လျှို့ဝှက်ချက်တွေကို သိရှိထားသူဖြစ်တယ်လို့ ဘေဂျင်းပြည်နယ်လုံခြုံရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့(နိုဝင်ဘာလ ၆ ရက်)မှာ ကြေညာခဲ့ပါတယ်။ အေဂျင်စီရဲ့နာမည်ကိုတော့ မသိရသေးပါဘူး။ ဒါ့ပြင် နိုင်ငံခြား သူလျှိုထောက်လှမ်းရေး အေဂျင်စီတွေဆီက ထိပ်တန်းလျှို့ဝှက်ချက်နဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အများအပြားကို ပေါက်ကြားခဲ့ပြီး တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ၎င်းက ဆက်လက်ဖော်ပြထားပါတယ်။ အခုလို သေဒဏ်ချမှတ်ခြင်းဟာ တရုတ်နိုင်ငံမှာ ရှားပါးတဲ့ ပြစ်ဒဏ်တစ်ခု ဖြစ်ပါတယ်။
တရုတ်နဲ့အနောက်အင်အားကြီးနိုင်ငံတွေဟာ လျှို့ဝှက်သတင်း အရောင်းအဝယ်ဖလှယ်မှုကို နှစ်ရှည်လများ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတဂျိုးဘိုင်ဒန် နဲ့ ကမ်မလာဟားရစ်တို့က ဒေါ်နယ်ထရမ့်ကို ချီးကျူးဂုဏ်ပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း