ပီရူးနိုင်ငံမှာ ဘောလုံးပွဲကျင်းပနေချိန် ကစားသမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး
ရောင်နီ (NSS) - နိုဝင်ဘာ ၇
ပီရူးနိုင်ငံ၊ အင်ဒီးစ်မှာ ဘောလုံးပွဲကျင်းပနေချိန် အသက်(၃၄)နှစ်အရွယ် ကစားသမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ကာ အခြားလူ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့ (နိုဝင်ဘာ ၃ ရက်) က Huventud Bellavista နဲ့ Familia Chocca တို့ရဲ့ ဘောလုံးပြိုင်ပွဲမှာ မိုးကြိုးပစ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် Familia Chocca အသင်းရဲ့ နောက်ခံလူ ဟိုဆေးဒီလာခရုဇ်(၃၄ နှစ်) ဟာ မိုးကြိုးထိမှန်ခဲ့ပြီး ဆေးရုံကို ခေါ်ဆောင်သွားချိန် သေဆုံးသွားခဲ့တယ်လို့ ဒေသဆိုင်ရာ မြူနီစီပယ်က ပြောကြားပါတယ်။ ပီရူးမှာ အဆိုပါ ဘောလုံးပွဲတွေ မတိုင်ခင်ကလည်း မိုးကြိုးပစ်မှုတွေ ရှိခဲ့ပေမယ့် အခုဖြစ်ရပ်ကတော့ လူပါသေဆုံးခဲ့ရတဲ့ ပထမဆုံးဖြစ်ရပ် ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ကလည်း Maritzburg United ရဲ့ တောင်အာဖရိကကွင်းလယ်လူ လူရန်ဒါနက်ဟန်ဂေ့ဟာ ချစ်ကြည်ရေးခြေစမ်းပွဲတစ်ခုမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမှာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားသူကို သေဒဏ်ချမှတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း