မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ (၁၃ဝဝ)နီးပါး အစားအသောက်နှင့် ရေများလိုအပ်နေ
စော (NP News) - ဧပြီ ၁ဝ
မြဝတီမြို့ရှိ ဒေသတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ (၁၃ဝဝ)နီးပါး အခက်အခဲများဖြင့် ကြုံ တွေ့နေရကြောင်း သတင်းရရှိသည်။
အဆိုပါ ဒေသရှိ စစ်ဘေးရှောင်ပြည်သူများသည် အစားအသောက် အပါအဝင် ဆေးဝါးများ ၊ အဝတ်အစားများနှင့် သောက်သုံးရေများ အခက်အခဲဖြစ်နေကြောင်း အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့သွားတဲ့နေရာကတော့ (၄)နေရာရှိပါတယ်။ ကျွန်တော့်စာရင်းအရ တိုက်ပွဲရှောင်ပြည်သူတွေအားလုံးစုစုပေါင်းကတော့ (၁၂၇ဝ)ပေါ့။ လောလောဆယ်နေရပ်ပြန်သွားတာမရှိပါဘူး။ ဟိုမှာက နယ်မြေရှင်းလင်းရေးတွေမပြီးသေးဘူး။ သူတို့ စစ်ဘေးရှောင်တာက ကျွန်တော်သိရသလောက်ကတော့ မတ်လ(၂၅ရက်)နေ့လောက်ပေါ့” ဟု အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
၎င်းတို့သည် မတ်လ(၂၅)ရက်က မြဝတီကုန်သွယ်ရေးဇုန်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ဘုန်ကြီးကျောင်းများတွင် ရှောင်တိမ်းနေရကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း(၁၂၇ဝ)ဦးကို အလင်းသစ်အရေးပေါ်ကယ် ဆယ်ရေးအသင်းမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်း စစ်ဘေးရှောင်ပြည်သူများအနက် မြဝတီမြို့နယ်ရှိ မဲကနယ်ကွက်သစ်(ရွှေမြတ်စန္ဒီ)မှ တစ်ရွာလုံးနီးပါး တိမ်းရှောင်လာခြင်းဖြစ်ပြီး တိမ်းရှောင်သူဦးရေ ပိုများလာကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို မြဝတီမြို့နယ်အတွင်းရှိ မဲကနယ်(မင်္ဂလာရွာဦးကျောင်း) အပါအဝင် ချမ်းမြေ့ကျောင်း၊ ရှမ်းကျောင်း နှင့် ဖားချောင်း (အောင်မေတ္တာတောရကျောင်း) တို့တွင် ကူညီကယ်ဆယ်ထားကြောင်း သိရသည်။
စစ်ဘေးရှောင်များအနေဖြင့် အစားအသောက်များအပြင် ကျန်းမာရေးအတွက်ဆေးဝါးများလည်း လိုအပ်လျက်ရှိပြီး အချို့နေရာများတွင် ရေလိုအပ်မှုများရှိနေကြောင်း အထက်ပါအသင်းမှ တာဝန်ရှိသူက ဆက် လက်ပြောဆိုထားသည်။
zawgyi version
ျမဝတီကုန္သြယ္ေရးဇုန္တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္ဦးေရ (၁၃ဝဝ)နီးပါး အစားအေသာက္ႏွင့္ ေရမ်ားလိုအပ္ေန
ေစာ (NP News) - ဧၿပီ ၁ဝ
ျမဝတီၿမိဳ႕ရွိ ေဒသတြင္းတိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္ဦးေရ (၁၃ဝဝ)နီးပါး အခက္အခဲမ်ားျဖင့္ ႀကဳံ ေတြ႕ေနရေၾကာင္း သတင္းရရွိသည္။
အဆိုပါ ေဒသရွိ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ အစားအေသာက္ အပါအဝင္ ေဆးဝါးမ်ား ၊ အဝတ္အစားမ်ားႏွင့္ ေသာက္သုံးေရမ်ား အခက္အခဲျဖစ္ေနေၾကာင္း အလင္းသစ္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
“ကြၽန္ေတာ္တို႔သြားတဲ့ေနရာကေတာ့ (၄)ေနရာရွိပါတယ္။ ကြၽန္ေတာ့္စာရင္းအရ တိုက္ပြဲေရွာင္ျပည္သူေတြအားလုံးစုစုေပါင္းကေတာ့ (၁၂၇ဝ)ေပါ့။ ေလာေလာဆယ္ေနရပ္ျပန္သြားတာမရွိပါဘူး။ ဟိုမွာက နယ္ေျမရွင္းလင္းေရးေတြမၿပီးေသးဘူး။ သူတို႔ စစ္ေဘးေရွာင္တာက ကြၽန္ေတာ္သိရသေလာက္ကေတာ့ မတ္လ(၂၅ရက္)ေန႔ေလာက္ေပါ့” ဟု အလင္းသစ္အေရးေပၚကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
၎တို႔သည္ မတ္လ(၂၅)ရက္က ျမဝတီကုန္သြယ္ေရးဇုန္အတြင္း ျဖစ္ပြားခဲ့ေသာ စစ္ပြဲမ်ားေၾကာင့္ ဘုန္ႀကီးေက်ာင္းမ်ားတြင္ ေရွာင္တိမ္းေနရေၾကာင္း သိရသည္။
အဆိုပါ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္ဦးေရ စုစုေပါင္း(၁၂၇ဝ)ဦးကို အလင္းသစ္အေရးေပၚကယ္ ဆယ္ေရးအသင္းမွ ကူညီေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
၎ စစ္ေဘးေရွာင္ျပည္သူမ်ားအနက္ ျမဝတီၿမိဳ႕နယ္ရွိ မဲကနယ္ကြက္သစ္(ေ႐ႊျမတ္စႏၵီ)မွ တစ္႐ြာလုံးနီးပါး တိမ္းေရွာင္လာျခင္းျဖစ္ၿပီး တိမ္းေရွာင္သူဦးေရ ပိုမ်ားလာေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ စစ္ေဘးေရွာင္ျပည္သူမ်ားကို ျမဝတီၿမိဳ႕နယ္အတြင္းရွိ မဲကနယ္(မဂၤလာ႐ြာဦးေက်ာင္း) အပါအဝင္ ခ်မ္းေျမ့ေက်ာင္း၊ ရွမ္းေက်ာင္း ႏွင့္ ဖားေခ်ာင္း (ေအာင္ေမတၱာေတာရေက်ာင္း) တို႔တြင္ ကူညီကယ္ဆယ္ထားေၾကာင္း သိရသည္။
စစ္ေဘးေရွာင္မ်ားအေနျဖင့္ အစားအေသာက္မ်ားအျပင္ က်န္းမာေရးအတြက္ေဆးဝါးမ်ားလည္း လိုအပ္လ်က္ရွိၿပီး အခ်ိဳ႕ေနရာမ်ားတြင္ ေရလိုအပ္မႈမ်ားရွိေနေၾကာင္း အထက္ပါအသင္းမွ တာဝန္ရွိသူက ဆက္ လက္ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပအိုဝ်းဒေသ ပင်လောင်း၌ တိုက်ပွဲများ ရပ်စဲသွားသော်လည်း မိုင်းအန္တရာယ်များကြောင့် စစ်ဘေးရှောင်များစွာ နေရပ်မပြန်နိုင်သေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ