အရှည်ပေ (၂၅ဝ) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်လုပ်
Pika (NSS) - နိုဝင်ဘာ ၁
တရုတ်နိုင်ငံမှ အထည်အလိပ်ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီအတွက် ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန် အထည်အလိပ်ထုတ်လုပ်သည့် အလုပ်သမား(၃၀) ကျော်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို စုစည်းခဲ့ကြောင်းသိရသည်။ ယူလင်မြို့တွင်ရှိသော Yixing Textile ကုမ္ပဏီနှင့်အတူ အထည်အလိပ်ထုတ်လုပ်သူများသည် အရှည်ပေ(၂၅၀)နှင့် (၆) လက်မ၊ ခါးဆိုဒ်(၁၉၀)ပေနှင့် (၁၀)လက်မရှိသော ကမ္ဘာ့အကြီးဆုံးဂျင်းဘောင်းဘီကို ဖန် တီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဂျင်း ဘောင်းဘီတွင် denim ဂျင်း သား(၁၈၀ဝ၄)ပေ၊ ဘောင်းဘီဇစ်(၂၅)ပေနှင့်(၅၉) လက်မ၊ စတီးကြယ်သီး(၃)ပေနှင့်(၉၄)လက်မတို့ ပါဝင်ကြောင်းသိရသည်။
ကမ္ဘာ့အကြီးဆုံးဂျင်းဘောင်းဘီ၏ အလေးချိန်မှာ (၇၉၃၉ ဒသမ ၆၄)ပေါင်ရှိကြောင်းလည်း သိရသည်။ အဆိုပါ ဂင်းနစ်စံချိန်တင်ရန် ကြိုးပမ်းမှုကို ဂင်းနစ်စံချိန်အဖွဲ့မှတာဝန်ရှိသူတစ်ဦး လာရောက်ကြည့်ရှုခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးဂျင်းဘောင်းဘီအဖြစ် အသိ အမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့က “ဒီလိုမျိုး ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ဖို့အတွက် တက်ညီလက်ညီပါဝင်လုပ်ဆောင်ပေးခဲ့ကြတဲ့ အဖွဲ့ သားတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ