စက်ဘီးစီးနေသည့် အမျိုးသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးမှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွား
Pearl (NP News) - ဧပြီ ၁ဝ
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တွင် အမျိုးသားတစ်ဦး စက်ဘီးစီးနေစဉ် ရုတ်တရက် လဲကျသေဆုံးခဲ့ကြောင်း မေတ္တာအလင်း လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ယနေ့ (ဧပြီလ ၁ဝ ရက်)၊ နေ့လည် ၁ နာရီခန့်တွင် ဗဟန်းမြိုနယ် ဆရာစံရပ်ကွက်၊ သာယာဝတီလမ်းတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂)ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလမ်းတွင် နေထိုင်သော ဦးတင်ထွဋ် (၄၇) နှစ်သည် ၎င်း၏အဖွဲ့နှင့်အတူ မှော်ဘီမြို့နယ်ဘက်သို့ စက်ဘီးထွက်စီးရာ မှော်ဘီဘက်မှ အပြန်အခင်း ဖြစ်နေရာအရောက်၌ လဲကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သူကတော့ အဖွဲ့လိုက် စက်ဘီးစီးတဲ့လူ။ နှလုံးရောဂါအခံလည်းရှိတယ်၊ ပန်းနာရင်ကြပ်လည်းရှိတယ်ပြောတယ်။ နင်းလာရင်းနဲ့ပစ်လဲတာ၊ အဲဒီမှာတော့ သတိနည်းနည်းရသေးတယ်၊ အကူအညီတောင်းလို့ ကျွန်တော်တို့ ဆေးရုံကို ပို့ပေးလိုက်တာ၊ ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး" ဟု မေတ္တာအလင်းလူမှုကူညီရေး အသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
၎င်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံသို့ရောက်ရှိချိန်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
zawgyi version
စက္ဘီးစီးေနသည့္ အမ်ိဳးသားတစ္ဦး ႐ုတ္တရက္ လဲက်ေသဆုံးမႈ ဗဟန္းၿမိဳ႕နယ္တြင္ ျဖစ္ပြား
Pearl (NP News) - ဧၿပီ ၁ဝ
ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး စက္ဘီးစီးေနစဥ္ ႐ုတ္တရက္ လဲက်ေသဆုံးခဲ့ေၾကာင္း ေမတၱာအလင္း လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ယေန႔ (ဧၿပီလ ၁ဝ ရက္)၊ ေန႔လည္ ၁ နာရီခန္႔တြင္ ဗဟန္းၿမိဳနယ္ ဆရာစံရပ္ကြက္၊ သာယာဝတီလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊေတာင္ၾကား (၂)ရပ္ကြက္၊ ကုကၠိဳင္းရိပ္သာလမ္းတြင္ ေနထိုင္ေသာ ဦးတင္ထြဋ္ (၄၇) ႏွစ္သည္ ၎၏အဖြဲ႕ႏွင့္အတူ ေမွာ္ဘီၿမိဳ႕နယ္ဘက္သို႔ စက္ဘီးထြက္စီးရာ ေမွာ္ဘီဘက္မွ အျပန္အခင္း ျဖစ္ေနရာအေရာက္၌ လဲက်သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"သူကေတာ့ အဖြဲ႕လိုက္ စက္ဘီးစီးတဲ့လူ။ ႏွလုံးေရာဂါအခံလည္းရွိတယ္၊ ပန္းနာရင္ၾကပ္လည္းရွိတယ္ေျပာတယ္။ နင္းလာရင္းနဲ႔ပစ္လဲတာ၊ အဲဒီမွာေတာ့ သတိနည္းနည္းရေသးတယ္၊ အကူအညီေတာင္းလို႔ ကြၽန္ေတာ္တို႔ ေဆး႐ုံကို ပို႔ေပးလိုက္တာ၊ ေဆး႐ုံေရာက္ေတာ့ အသက္မရွိေတာ့ဘူး" ဟု ေမတၱာအလင္းလူမႈကူညီေရး အသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
၎အား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ၿပီး ေဆး႐ုံသို႔ေရာက္ရွိခ်ိန္၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ (၁၃ဝဝ)နီးပါး အစားအသောက်နှင့် ရေများလိုအပ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း