စပိန်နိုင်ငံမှာ နှစ်ပေါင်း(၃ဝ)အတွင်း အဆိုးရွားဆုံးရေကြီးမှုတွေ ဖြစ်ပွားနေ
Pika (NSS) - အောက်တိုဘာ ၃၁
စပိန်နိုင်ငံအရှေ့ပိုင်းမှာ အောက်တိုဘာလ(၃၀)ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့အတူ Malaga မြို့ကနေ ဗလင်စီယာမြို့အထိ ဆိုးရွားတဲ့ရေကြီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဗလင်စီယာမြို့ရဲ့အစိတ်အပိုင်းတွေမှာ အချိန်(၈)နာရီအတွင်း အဆိုးရွားဆုံးမိုးရွာသွန်းမှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဒေသတွင်းမိုးလေဝသပညာရှင်တွေက ပြောကြားခဲ့ပါတယ်။မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် စပိန်နိုင်ငံတွင်းမှာ နှစ်ပေါင်း(၃၀)အတွင်း လူအသေအပျောက်အများဆုံးရေကြီးမှုကို ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၇၄)ဦးသေဆုံးခဲ့ပြီး လူအချို့မှာပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အစိုးရသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စပိန်စစ်တပ်ဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူနိုင်ဖို့အတွက် တပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားတယ်လို့လည်းသိရပါတယ်။
အဲဒီရေကြီးမှုဟာ စပိန်နိုင်ငံမှာ လူ(၈၇)ဦးသေဆုံးခဲ့တဲ့ (၁၉၉၆)ခုနှစ်ရေကြီးမှုနောက်ပိုင်း အဆိုးရွားဆုံးရေကြီးမှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါဇင်နဲ့ချီတဲ့လူတွေဟာ ထရပ် ကားတွေ ဒါမှမဟုတ် ဆီဆိုင်တွေနဲ့ နေအိမ်တွေရဲ့ အမိုးတွေအပေါ်မှာ တစ်ညလုံးနေခဲ့ရတယ်လို့ စပိန်မီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် လူပေါင်း(၁၄၀၀၀၀)ခန့်ဟာ လျှပ်စစ်မီးပြတ်တောက်မှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ ရေကြီးမှုတွေကြောင့် စပိန်နိုင်ငံအရှေ့ပိုင်းမှာ ကားလမ်းတွေပျက်စီးသွားပြီး အချို့ဒေသတွေမှာ ရထားပြေးဆွဲမှုတွေကို ရပ်ဆိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အောင်မှတ်ကို(၉၇ ဒသမ ၅)မှတ် သတ်မှတ်ခဲ့သည့် ကိုရီးယား(EPS) စာမေးပွဲ စည်းမျဥ်းကြောင့် ကျောင်းသားများ အခွင့်အရေးဆုံးရှုံးမှုများရှိနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ