Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မည်သည့်အခက်အခဲများ ကြုံတွေ့နေရသည်ဖြစ်စေ အကယ်ဒမီပေးပွဲကို ခမ်းခမ်းနားနား ကျင်းပသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဆို

photo: ynzw

ယွန်း (NP News) - ဧပြီ ၁ဝ

မည်သည့်အခက်အခဲများ ကြုံတွေ့နေရသည်ဖြစ်စေ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ခမ်းခမ်းနားနားဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးမှ အသိပေးပြောဆိုထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဧပြီလ(၉)ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ယခု(၂ဝ၂၃)ခုနှစ်တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး ထူးချွန်ဆုများကို (၃)နှစ်စာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကယ်ဒမီပေးပွဲတွင် အသုံးပြုမည့် ရွှေစင်ရုပ်ထုနှင့် ကုန်ကျစရိတ်များကို နိုင်ငံတော်မှ မတည်‌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။

အခမ်းအနားတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ အပါအဝင် Fashion Award ဆုများကိုပါ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

"ဆုတွေကို မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ပေးဖို့လိုပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောဆိုထားသည်။

လက်ရှိတွင် ရုပ်ရှင်ထူးချွန်ဆုပေးပွဲနှင့် ပတ်သက်ပြီး မသမာသူအဖျက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ဝေဖန်ပြစ်တင်နှောင့်ယှက်မှုများရှိနေကြောင်း ၎င်းမှ အသိပေးပြောဆိုခဲ့သည်။

သို့သော် မည်သည့်အခက်အခဲများ ကြုံတွေ့နေရသည်ဖြစ်စေ စည်းလုံးညီညွတ်စွာဖြင့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ခမ်းခမ်းနားနားဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးပွဲတွင် ထည့်သွင်းပြောဆိုထားသည်။

ထို့ပြင် ယခုနှစ်ကျင်းပသွားမည့် အကယ်ဒမီဆုပေးပွဲကို ပြီးခဲ့သည့်နှစ်များက ကျင်းပခဲ့သည့် ပုံစံများနှင့်မတူညီဘဲ ခေတ်နှင့်လျော်ညီစွာ ကျင်းပနိုင်ရန် နည်းပညာပိုင်းများ၊ Lighting များ အပါအဝင် Program များဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အကယ်ဒမီပေးပွဲတွင် ပါဝင်ကြမည့် ရွှေကြိုမောင်‌မယ်(၃၂)ဦးကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

zawgyi version


ယွန်း (NP News) - ဧပြီ ၁ဝ











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြဝတီမြို့ပေါ်ရှိ နေရာအချို့ (၁ဝ၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ ကလေးငယ်အပါအဝင် ထိခိုက်ဒဏ်ရာရမှုများရှိနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved