လမ်းကြောင်းမှားယွင်းမောင်းနှင်တဲ့အတွက် မလေးရှားရေတပ်သင်္ဘောတစ်စီး နစ်မြုပ်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉
ပြီးခဲ့တဲ့သြဂုတ်လအတွင်း ဂျိုဟိုး ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တဲ့ မလေးရှားရေတပ်သင်္ဘောဟာ လမ်းကြောင်းမှားယွင်း မောင်းနှင်ခြင်းအပြင် သင်္ဘောရဲ့သက်တမ်းကြာမြင့်မှုတွေကြောင့်ဖြစ်ကြောင်း မလေးရှားရေတပ်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
မလေးရှားရေတပ်ဟာ အမြန်သွားတိုက်ခိုက်ရေးသင်္ဘောဖြစ်တဲ့ KD Pendekar အမည်ရှိသင်္ဘောနစ်မြုပ်ခြင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီရေတပ်သင်္ဘောဟာ သွားရောက်ရမယ့် ရေလမ်းကြောင်းမှမသွားဘဲ လမ်းကြောင်းပြောင်းလဲကာသွားလာခဲ့တဲ့အတွက် သန္တာကျောက်တန်းတွေနဲ့တိုက်မိခဲ့ခြင်းများရှိခဲ့တယ်လို့ သိရပါတယ်။ ရေတပ်သင်္ဘောဟာ သက်တမ်း (၄၅)နှစ်ရှိနေပြီဖြစ်ရာ ရေကြီးမှုဒဏ်ကို မခံနိုင်သလို လျင်မြန်စွာရွေ့လျားနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း မလေးရှားရေတပ်အဖွဲ့က ပြောပါတယ်။
အဲဒီရေတပ်သင်္ဘောဟာ ဂျိုးဟိုး ပြည်နယ်ပိုင်နက်အတွင်းရှိ Tanjung Penyusop ကမ်းလွန်နားမှာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ သင်္ဘောဟာ ရေအောက်ရှိ မာကျောတဲ့အရာတွေ နဲ့ တိုက်မိခဲ့တဲ့အတွက် နစ်မြုပ်ခဲ့ခြင်းဖြစ်ပေမယ့် သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောသား (၃၉)ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းသိရပါတယ်။ ဒါပေမဲ့ နစ်မြုပ်သွားတဲ့သင်္ဘောရဲ့အပျက်စီးအပိုင်းစများကို ရယူဖို့ ရေငုပ်ခဲ့တဲ့ ရေငုပ်သမားတစ်ဦးကတော့ အောက်တိုဘာ ၂၈ ရက်မှာသေဆုံးခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂ၏ ဒုက္ခသည်အေဂျင်စီ (Unrwa)အဖွဲ့၏ လုပ်ငန်းများလုပ်ကိုင်ခြင်းကို အစ္စရေးလွှတ်တော် ပိတ်ပင်
RELATED POSTS
06 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
31 Oct 2024 | မှုခင်း,ပြည်တွင်း